Saturday, March 8, 2014

အိမ်အကူအမျိုးသမီးကို အဓမ္မသားမယားပြုကျင့် သော ၀န်ကြီးဟောင်း ဦးအောင်သောင်း ကိုတရားစွဲဆိုရာ ခြိမ်းခြောက်ခံရခြင်း.. ယခင်စက်မှု(၁) ၀န်ကြီးဟောင်း ဦးအောင်သောင်းမှ အိမ်အကူအဖြစ် ခေါ်ဆောင်ထားသော အမျိုးသမီးငယ်တစ်ဦးကို ဖျားယောင်း၊ ခြိမ်းခြောက်သားမယားပြုကျင့်ပြီး ကလေးတယောက်ရသည်အထိ တရားမ၀င်ပေါင်းသင်းနေထိုင်လျှက်ရှိရာ အမျိုးသမီး၏ မိဘဆွေမျိုးများက တရားစွဲရန်ကြံစည်ရာ ဦးအောင်သောင်းက ကာယကံရှင်၏ မိဘဆွေမျိုးများအား သူ၏လူယုံတပည့်ုများနှင့်တဆင့် ခြိမ်းခြောက်မှုများပြုခဲ့သည်ဟု ဦးအောင်သောင်း၏ အနိုင်ကျင့်ခံနေရသော ဒေါ်အေးမို့မို့လှိုင်နှင့်ဆွေမျိုးနီးစပ်တော်စပ်သူတဦးက ဆိုသည်။ “ ဒီကိစ္စဖြစ်နေတာကအတော်ကြာပြီ၊ မနှစ်က ကိုယ်လေးလက်ဝန်ရှိတုံးက ပြဿနာ တစ်ခါဖြစ်သေးတယ်၊ ဦးအောင်သောင်းဘက်က ကလေးကို တာဝန်ယူမွေးပေးမယ်၊ မိခင်နဲ့လည်းရင်အုပ်မကွာအတူနေစေရမယ်၊ အမွေစားအမွေခံ ဖြစ်စေရမယ်လို့ ကတိပြုခဲ့လို့ တရားရုံးအထိမရောက်ခဲ့ဘူး၊ ဒါပေမဲ့ အခုကျတော့ တရားမ၀င်ပေါင်းသင်းခဲ့ယုံမက သားအမိနှစ်ယောက်လုံးကို တခြားကိုရွှေ့ပြောင်းဖို့စီစဉ်နေတာကြောင့် အမျိုးသမီးဘက်က တရားစွဲချင်နေတာဖြစ်တယ်” ဟု အမည်မဖော်ပြလိုသည့် ဦးအောင်သောင်း၏ တရားမ၀င်ဇနီး မအေးအေးမို့လှိုင်၏ ဆွေမျိုးနီးစပ်သူ တောင်သာမြို့နယ် ၀ဲလောင် ရွာသူတဦးက ဆိုသည်။ ယမန်နှစ်က ၀ဲလောင်ရွာသူ မအေးအေးမို့လှိုင်( အသက်၂၈နှစ်)ကို ၀န်ကြီးဟောင်း ဦးအောင်သောင်း (အသက်၇၀) က ယုံကြည်စိတ်ချရသော အမျိုးသမီး အိမ်အကူတယောက်လိုသည်ဆို၍ တောင်သာမြို့နယ် ၀ဲလောင်ရွာမြောက်ဘက် ခံပင်ကွေ့ရွာမှ ဒေါ်ဒေါင်း မိသားစုက ရုပ်ရည် ချောမောပြေပျစ်သူ မအေးအေးမို့လှိုင် ကို ဦးအောင်သောင်းထံ အပ်နှံခဲ့ကြောင်း သိရသည်။ “ အစပိုင်းတော့ ရိုးရိုးအိမ်အကူလုပ်ဖို့ခေါ်တယ်ပဲထင်တာ၊ နောက်ပိုင်း ကျတော့ ဦးအောင်သောင်းက သူ့ရဲ့ ကိုယ်ရေးအရာရှိ တယောက်လို အလုပ်တာဝန်ပေးတယ်။ ဦးအောင်သောင်း အိမ်က တယ်လီဖုန်းအ၀င်နဲ့ စာအ၀င်အထွက် ဖိုင်တွေ သိမ်းဆည်းပေးရတာတွေလုပ်ရတယ်တဲ့၊ နောက်ပိုင်း သူ့မယားကြီး ဒေါ်ခင်ရီ ရှိလျှက်နဲ့ အခွင့်အရေးတချို့နဲ့ ဖျားယောင်းသွေးဆောင်ပြီး သားမယားအဖြစ်ပေါင်းသင်းခဲ့တာဖြစ်တယ်၊ အရင်တခါ ကိုယ်လေးလက်ဝန်ရှိတုန်းက ဖျက်ချပြီး ကလေးမက အနားယူချင်တယ်ဆိုလို့ ရွာကို ခဏပို့ထားသေးတယ်၊ အခုတခါ တော့ ကိုယ်ဝန်ကို မဖျက်ချပဲ သားလေး မျက်နှာမြင်ခဲ့တယ်တဲ့၊ အစပိုင်းတော့ ၀န်ကြီးက သူ့သွေးသားအရင်းအချာမို့ထင်ပါတယ်၊ အလိုလိုက်သေးတယ်တဲ့၊ နောက်တော့ မယားကြီး ဒေါ်ခင်ရီနဲ့လည်း ကတောက်ကဆဖြစ်တာနဲ့ သားအမိနှစ်ယောက်လုံးကို တခြားရွှေ့ဖို့ဖြစ်လာတာပါ၊ ကောင်မလေး ကလည်း စိုးရိမ်ပြီး ဘာဆက်လုပ်ရမှန်းမသိတော့ မိဘဆွေမျိုးတွေကို တိတ်တိတ်လေးဆက်သွယ်ရာက ရွာက ဆွေမျိုးတွေက အကြောင်းစုံသိသွားပြီး တရားတဘောင်နဲ့ ရှင်းဘို့အထိလုပ်လာတာပါ” ဒေါ်အေးအေးမို့လှိုင် ၏ ဆွေမျိုးသားချင်းများက တောင်သာမြို့နယ် ရဲစခန်းတွင် ဦးအောင်သောင်းအား တရားဝင်လက်မထပ်ဘဲ လိမ်ညာပေါင်းသင်းမှုနှင့် တရားစွဲဆိုရာ မြို့နယ်မှုးက အမှုကိစ္စကို စဉ်းစားချင့်ချိန်ပြီး ဆောင်ရွက်ရန်သတိပေးခဲ့ကြောင်းလည်း သိရသည်။ မြို့နယ်ရဲစခန်းတွင် အမှုတင်ပြီး ရက်ပိုင်းအတွင်း ဦးအောင်သောင်း၏ တပည့်အချို့က ၀ဲလောင်ရွာနေ ဆွေမျိုးသားချင်းများထ ခြိမ်းခြောက်မှု များပြုလုပ်ခဲ့ပြီး ရဲစခန်း၊ တရားရုံးများ များနှင့် ခတ်ကင်းကင်းနေရန် သတိပေးခဲ့သည်ဟုသိရသည်။ “ ဦးအောင်သောင်းရဲ့ လူမိုက်တွေ ရွာအထိလိုက်လာတယ်၊ ရှုတ်ရှုတ် ထွေးထွေး နဲ့တရားတဘောင်စွဲတာတွေ၊ဟိုမေးဒီမေးလုပ်တာတွေ မကြားချင်ဘူး၊ တရွာလုံးပြာကျသွားမယ်လို့ ခြိမ်းခြောက်သွားတယ်၊ ရွာကလည်း စိုးရိမ်တော့ ဘာမှပြန်မလုပ်ရဲဘူး”ယခုအခါ ဦးအောင်သောင်း၏ ဇာတိ တောင်သာမြို့နယ်အတွင်းရှိ နယ်ခံလူ အများအပြားမှာ ဦးအောင်သောင်း၏ လုပ်ဆောင်ချက်များကို မကြိုက်နှစ်သက် ကြကြောင်းလည်း သိရသည်။ ကိုညို

No comments: