Thursday, March 13, 2014

"""အဆိပ်ပင် ရေ လောင်းသင့်၊ မသင့်""" ရှင်းရှင်းကလေးပဲ ရိုးရိုးကလေးပဲ စဉ်းစားပါ။ ဒီ လက်ရှိကြံ့ဖွံ့အစိုးရ ကို ခင်ဗျားတို့ ထောက်ခံသလား၊ မထောက်ခံဘူးလား။ လက်ရှိလုပ်ရပ်တွေကို ထောက်ခံသလား၊ မထောက်ခံဘူးလား ဆိုတာ စဉ်းစားပြီး၊ အခွန်ပေးသင့် မပေးသင့် ဆုံးဖြတ်ပါ။ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး လုပ်နေတာပါ ဆိုရင် လက်ရှိ အစိုးရအဖွဲ့ဝင်တွေထဲမှာ၊ လွှတ်တော်ထဲမှာ ၀င်ထိုင်နေ၊ နေရာယူနေကြတဲ့သူတွေ ကိုယ်တိုင်က ပိုင်ဆိုင်မှုကို ပွင့်ပွင့်လင်းလင်း မကြေညာရဲဘဲ၊ ပြည်သူကို အခွန်ဆောင်ပါ လို့ ပြောလို့မရဘူး။ အဲဒီလူတွေ ဘယ်လောက် ၀င်ငွေ၊ ဘယ်လောက်ပိုင်ဆိုင်၊ ဘယ်လို အခွန်ဆောင်မှန်းမသိဘဲ၊ ပြည်သူတွေကျတော့ ၀င်ငွေရဲ့ ဘယ်နှရာခိုင်နှုန်းကို ဆောင် ဆိုတာ မျှတသလား စဉ်းစားပါ။ ဒီလို မမျှတတဲ့ လုပ်ရပ်ကို လုပ်နေတာကို ဆန့်ကျင်ပိုင်ခွင့် ရှိတယ်။ ပြည်သူ့သဘောဆန္ဒနဲ့အညီ မဟုတ်တဲ့ အစိုးရအဆက်ဆက်ကို အထိရောက်ဆုံး ဆန့်ကျင်တဲ့ ပြည်သူရဲ့ လက်နက်ဟာ အခွန် မပေးရေး ပါ။ ဂန္ဒီကြီးတို့တွေ လည်း ဒီလိုပဲ တိုက်ပွဲဝင်ခဲ့တာ မမေ့ပါနဲ့။ အစိုးရ အနေနဲ့တော့ ကိုယ့်အစိုးရအဖွဲ့တွင်း၊ လွှတ်တော်တွင်းမှာတောင် ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲ၊ ပြည်သူဆီက ဘာပူးပေါင်းပါဝင်မှုမှ မျှော်လင့်မနေပါနဲ့။ ဒီလို ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ဘဲနဲ့၊ ဘယ်ပြည်သူကမှ ပူးပေါင်းပါဝင်ကူညီမှု ပြုကြမှာ မဟုတ်သလို၊ ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် ဘာမှ အောင်မြင်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ ခင်ဗျားတို့အနေနဲ့ ပြည်သူထောက်ခံမှု (၀ါ) ပြည်သူပူးပေါင်းပါဝင်မှု ကို လိုချင်ရင် ၁။ အဲဒီဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ ခရိုနီတွေ အားလုံးရဲ့ ပိုင်ဆိုင်မှုတွေ၊ ၀င်ငွေတွေကို အများပြည်သူ သိရှိအောင် ပွင့်လင်းစွာနဲ့ ထုတ်ပြန်ကြေညာပေးပါ။ ၂။ ပုဒ်မ ၅၉(စ)၊ (ဃ) အပါအ၀င် ပြည်သူ့သဘောဆန္ဒမပါဘဲ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အညီ ပြင်ဆင်ပေးပါ။ ၃။ ပြည်သူတွေတားမြစ်နေတဲ့ကြားက အခြေအမြစ်မရှိတဲ့ မျိုးစောင့်ဥပဒေပြဌာန်းဖို့ အားထုတ်နေတာကို ရပ်တံ့ပေးပါ။ ၄။ လွှတ်တော်ထဲမှာ ၀င်ထိုင်နေတဲ့ တမတ်သား စစ်ဗိုလ်တွေ ဖယ်ရှားပေးပါ။ ၅။ ကာကွယ်ရေးဦးစီးချုပ်က ချုပ်ကိုင်ခြယ်လှယ်ထားတဲ့ ၀န်ကြီးဌာနတွေကို ပြည်သူအုပ်ချုပ်မှုကို လွှဲပြောင်းပါ။ ၆။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အမျိုးသားးပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ(လက်တွေ့ကျကျ) ချက်ခြင်းအကောင်ထည်ဖေါ်ပေးပါ။ စသဖြင့် ကနဦးပြုပြင်ပြောင်းလဲမှုမျိုးတွေ ချက်ခြင်းလုပ်ပြနိုင်မှ ပြည်သူက အခွန်ပေးသင့်တဲ့ အစိုးရ လို့ မြင်ရပါလိမ့်မယ်။ နို့မို့ဖြင့်တော့ အခွန်ပေးစရာ ကို အကြောင်းမရှိပါဘူး။ လက်နက်နဲ့ အဓမ္မ ခြိမ်းခြောက်မှုနဲ့ ယူရင် ဒါ အခွန်မဟုတ်ဘူး။ ဆက်ကြေးတောင်းတာ၊ ဓါးပြတိုက်တာပဲ ဖြစ်လိမ့်မယ်။ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတိုင်း မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလားသူတိုင်း အခွန်မပေးဘဲ ဆန့်ကျင်ကြရပါလိမ့်မယ်။ ချိုတူးဇော်

No comments: