Friday, March 21, 2014

အောက်ပါမေးခွန်းများကိုဖြေပါ။ ပြီးမှအမျိုးဘာသာကိုချစ်ပါ။စောင့်ရှောက်ပါ ၁။ ၈၈ တုန်းက ရဟန်း သံဃာကျောင်းသားမြန်မာလူမျိုးများကို သတ်ခဲ့တာဘယ်သူလဲ။ ၂။ မဟာမြတ်မုနိဘုရားကြီးကိုဗိုက်ဖောက်ခဲ့တာဘယ်သူလဲ။ ၃။ ရွှေတိဂုံအထက်ပစ္စယံပေါ်မိန်းမ တယောက်တက်ခဲ့တယ်။ဘယ်သူလဲ။ ၄။ ပခုက္ကူ မှာသံဃာတွေကိုဓါတ်တိုင်မှာ ကြိုးချည်ပြီးရိုက်ခဲ့တာဘယ်သူလဲ။ ၅ ။ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတွေကိုသတ်ခဲ့တာဘယ်သူလဲ။ ၆။ ရခိုင်မှာကုလားတွေကိုပေးဝင်ပြီး ပြသနာဖန်တီးခဲ့တာဘယ်သူလဲ။ ၇။ တရုတ်တွေကိုတံခါးမရှိဝင်ခွင့်ပေးပြီး လုပ်ချင်တာလုပ်ခွင့်ပေးထားတာ ဘယ်သူလဲ။ ၈။ လက်ပတောင်းတောင်မှာသံဃာတွေ ကိုမီးလောင်ဗုံးနဲ့ပစ်တာဘယ်သူလဲ။ ၉။ နေပြည်တော်မှာဘုန်းကြီးကျောင်းတွေ ကိုကျူးကျော်ဆိုပြီးတရားဆွဲထားတာဘယ်သူလဲ။ ၁၀။ ဆင်းရဲသားမြန်မာလူမျိုးမျာကို ကျူးကျော်ဆိုပြီးဘူဒိုဇာနဲ့ထိုးတာဘယ်သူလဲ။ ၁၁။ တရုတ်အကျိုးစီးပွားအတွက် လယ်တီသိမ်နဲ့စေတီကိုဖယ်ရှားဖို့ အမိန့်ပေးခဲ့တာဘယ်သူလဲ။ ၁၂။ ကမ္ဘာအကောင်းဆုံးဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာကိုနိုင်ငံတကာအလယ်မှာ သေးသိမ်အောင်လုပ်နေတာဘယ်သူလဲ။ ၁၃။ အမျိုးဘာသာကိုစောင့်မယ်ဆိုပြီး နေရာကွက်ကြားအမျိုးစောင့်နေကြတာ ဘယ်သူလဲ။ ဆက်ရေးရင်ကုန်မှာမဟုတ်ဘူး။ အမျိုးဘာသာ သာသနာကို အမှန်တကယ်ကိုချစ်နိုင်ကြပါစေ။ ၁၀၀%အမျိုးချစ်သူ Zinn Laww

No comments: