Sunday, June 26, 2016

ဘာသာရေးနဲ့မဆိုင်တဲ့ ကိစ္စတွေမှာ KBC ၀င်ရှုပ်နေပြီ


Saturday, June 25, 2016

KBC ဟာ ဘာသာရေးအသင်းအဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဘာသာရေးနဲ့မဆိုင်တဲ့ နိုင်ငံရေး၊ လူမျိုးရေး ကိစ္စတွေမှာ ၀င်ရောက်စွက်ဖက်မှုတွေ လုပ်လို့မရပါဘူး။ KBC ရဲ့ လူမျိုးရေးအမုန်းတရားကို အခြေခံတဲ့စိတ်ဓာတ်ဟာ အခု တက္ကသိုလ်ကျောင်းသား သေနတ်မှန်သေဆုံးတဲ့ကိစ္စမှာ သိသိသာသာ ပေါ်လွင်လာပါတယ်။ အမေရိကန် နိုင်ငံကို ဇွန်လ ၂၁ ရက်နေ့က ရောက်ရှိနေတဲ့ KBC ခေါင်းဆောင်တွေဟာ မောင်ဂွမ်ဆိုင်းအောင် သေနတ် ထိမှန် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး တင်ပြခဲ့တယ်လို့ သိရပါတယ်။ သူသေဆုံးရတာနဲ့ပတ်သက်ပြီး အမှုမှန်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရော တပ်မတော်ကပါ ကြေညာချက်တွေထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကလူသေမှု ကို KBC ခေါင်းဆောင်တွေက ပုံကြီးချဲ့လိုက်တာပါ။ မြန်မာနိုင်ငံမှာ လူသေမှုတွေအများကြီးရှိပါတယ်။ ကချင်လူငယ်သေတဲ့ အမှုကျတော့မှ ဘာဖြစ်လို့ တိုင်းတစ်ပါးကိုပြောတာလဲ။ ကိုယ့်နိုင်ငံရဲ့သိက္ခာကို ဘာဖြစ်လို့ ချတာလဲ။ အမေကျော်ဒွေးတော်လွမ်းချင်တဲ့ KBC ခေါင်းဆောင်တွေ ခေါင်းမရှိကြဘူးလားလို့ မေးစရာဖြစ်နေပါ တယ်။
ပြီးတော့ ကချင်ဆရာမနှစ်ယောက် အသတ်ခံရတဲ့အမှုကိုလည်း KBC က အမေရိကန်လက်ထောက်နိုင်ငံခြား ရေးရာဝန်ကြီးကို ဂွမ်ဆိုင်းအောင်အမှုနဲ့ရောပြီး ပြောခဲ့တယ်။ ကိုယ့်နိုင်ငံမှာဖြစ်တဲ့ အမှုအခင်းတွေကို အစိုးရက တာဝန်ယူဖြေရှင်းမှာပေါ့။ တရားမျှတမှုရှိအောင် အမှုမှန်ပေါ်ပေါက်တဲ့အထိ ဆောင်ရွက်ပေးနေတာပဲလေ။ ကချင်အမျိုးသားတွေရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း KBC က ဖွင့်ချပြခဲ့တာ တွေ့ရတယ်။ လက်ရှိအစိုးရထက် အမေရိကန်ကို အားကိုးနေတဲ့သဘောလား။ KBC ရဲ့ လုပ်ရပ် တွေဟာ တဖြည်းဖြည်း အတင့်ရဲလာပြီ။ ဇွန်လ ၂၀ ရက်နေ့က သေနတ်ထိမှန်သေဆုံးသွားတဲ့ မောင်ဂွမ်ဆိုင်းအောင်နဲ့ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေနဲ့ KBC လူငယ်အချို့ ဆန္ဒပြခဲ့ကြတာ တွေ့ရ တယ်။ KBC ရဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုလည်း ပါဝင်နေပါတယ်။ ဆူပူအုံကြွမှုတွေ မဖြစ်ဖြစ်အောင် ဖန်တီး နေတယ်လို့ မြင်ပါတယ်။
KBC ရဲ့ လုပ်ရပ်တွေဟာ တဖြည်းဖြည်း သံသယဖြစ်စရာကောင်းလာတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ အချိန်မီ တားဆီးဖို့ လိုပါတယ်။ KBC ကြောင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် KBC ရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ဖို့ လိုပါတယ်။ KBC ဟာ ဘာသာရေးအသင်းအဖွဲ့ဖြစ်ပေမယ့် ကချင်ဆရာမ နှစ်ယောက် အသတ်ခံရတဲ့အမှုမှာ တပ်မတော်သားတွေကို စစ်ဆေးမေးမြန်းခွင့်ရဖို့အထိ ကြိုးစားနေပါတယ်။ လူသေမှုကိုစစ်ဆေးရမှာ ရဲတပ်ဖွဲ့ရဲ့တာဝန်ပါ။ KBC မဟုတ်ပါဘူး။ KBC က လူမျိုးရေးကိုအခြေခံပြီး တပ်မတော်သားတွေကို တရားခံအဖြစ် ရုပ်လုံးပေါ်အောင် ကြံစည်နေတာဖြစ်ပါတယ်။ KBC ဟနေတဲ့ အချက် နှစ်ချက်ရှိပါတယ်။ ဆရာမနှစ်ယောက်အသတ်ခံရတဲ့ ကောင်းခါးရွာက မာတီးနဲ့ ဇော်ဆိုင်းတို့နှစ်ယောက်ကို DNA စစ်ခိုင်းဖို့နဲ့ စစ်ဆေးမေးမြန်းတာတွေ မလုပ်ပါဘူး။ ကောင်းခါးရွာပတ်ဝန်းကျင်မှာ လှုပ်ရှားနေတဲ့ KIA တပ်ဖွဲ့ဝင်တွေကို သံသယမဖြစ်ဘဲ စစ်ဆေးမေးမြန်းချင်တယ်လို့ မပြောပါဘူး။ KBC ဟာ KIA နဲ့ ရွာသားနှစ် ယောက်ကို ဘာဖြစ်လို့ဖုံးကွယ်ထားချင်တာလဲဆိုတဲ့အဖြေက ရှင်းပါတယ်။ မျိုးနွယ်တူဖြစ်နေလို့ပါ။ ဘာသာရေး အဖွဲ့အစည်းက တပ်မတော်သားတွေကို စစ်ဆေးမေးမြန်းခွင့် မရှိတာသိရက်နဲ့ နိုင်ငံတော်သမ္မတဆီတောင် စာတင်ပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။
KBC ဟာ ကိုယ်နဲ့မဆိုင်တဲ့ လုပ်ရပ်တွေကို ၀င်ရှုပ်နေတာများပါပြီ။ ဆရာမနှစ်ယောက်အသတ်ခံရမှုနဲ့ မောင်ဂွမ် ဆိုင်းအောင်သေဆုံမှုတွေမှာ တပ်မတော်ကို ပစ်မှတ်ထားတိုက်ခိုက်နေသလို အရင်ကလည်း KIA နဲ့ ပတ်သက် ပြီး KBC ပြစ်မှူကျူးလွန်ခဲ့တာ တွေရှိပါတယ်။ KBC ဟာ KIA အတွက် တရားမ၀င်လူသစ်စုဆောင်းမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ Church အသီးသီးက သင်းအုပ်ဆရာတွေဟာ KIA အတွက် လူသစ်စုပေးရပါတယ်။ Church လာတက်တဲ့ ကချင်လူငယ်တွေကို သင်းအုပ်ဆရာတွေက ဘာသာရေးနဲ့မှိုင်းတိုက်ပြီး KIA ထဲဝင်ဖို့ စည်းရုံးသိမ်း သွင်းကြတာ ဖြစ်ပါတယ်။ KBC ဟာ KIA အတွက် လူသစ်စုဆောင်းရေးတာဝန်ခံအဖွဲ့လို့တောင် ပြောစမှတ်ပြု နေကြပါတယ်။ ဒါ့ပြင် KBC ဟာ KIA တပ်တွေ ရွှေ့ပြောင်းတဲ့အခါမှာလည်း ကူညီပါဝင် ဆောင်ရွက်ပေးပါတယ်။ KBC အဖွဲ့ဝင်တွေက ကား၊ ဆိုင်ကယ်တွေမှာ KBC အလံလွှင့်ပြီး KIA တပ်ဖွဲ့ဝင်တွေကို အရပ်ဝတ်ဝတ်ခိုင်းပြီး ပို့ဆောင်ပေးတာပါ။ KIA တွေဟာ KBC ရဲ့ကောင်းမှုကြောင့် တပ်မတော်စစ်ကြောင်းတွေရဲ့ ဖမ်းဆီးမှုကို တိုက်ပွဲကာလတွေမှာ ရှောင်လွှဲနိုင်ခဲ့ပါတယ်။
စစ်ဘေးရှောင် ဒုက္ခသည်တွေကိုလည်း KBC က နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေပါတယ်။ တပ်မတော် စစ်ကြောင်းတွေနဲ့ KIA တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ သင်းအုပ်ဆရာတွေက ရွာသူရွာသားတွေကို Church ကျောင်းမှာ လာနေဖို့ မှာထားပြီးသားပါ။ အလှူရှင်တွေလာတဲ့အချိန်မျိုးမှာဆိုရင် Church ကျောင်းတွေမှာ စစ်ရှောင်ဒုက္ခ သည်တွေ ပြည့်နေတော့တာပါပဲ။ အလှူရှင်တွေပြန်သွားတာနဲ့ ထောက်ပံ့ပစ္စည်းတွေဝေပေးပြီး ရွာသားတွေကို ရွာပြန်နေစေပါတယ်။ KBC က ဒုက္ခသည်တွေအတွက် ပေးတဲ့ထောက်ပံ့ပစ္စည်းတွေကို KIA တပ်ဖွဲ့ဆီပို့ပါတယ်။ KBC ဟာ KIA ရဲ့ စားနပ်ရိက္ခာစုဆောင်းရေးတာဝန်ခံအဖွဲ့အဖြစ်လည်း ဆောင်ရွက်နေပါတယ်။ KBC ဦးဆောင် တဲ့ ပက်ဂျီဆန်အဖွဲ့အကြောင်းကိုလည်း မှတ်မိကြမှာပါ။ ပြောချင်တာက KBC ဟာ ဟိုနေရာလည်းပါ၊ ဒီနေရာ လည်းပါ ဖြစ်နေပါပြီ။ KIA ရဲ့ ကျောထောက်နောက်ခံပြုအဖွဲ့အဖြစ် KBC ရပ်တည်နေတာဆိုရင် မြေပေါ်အဖွဲ့ အစည်းလို့ သတ်မှတ်ရပါလိမ့်မယ်။ ဒီလိုသာ ကိုယ်နဲ့မဆိုင်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စ တွေမှာ KBC ၀င်ရှုပ်နေမယ်ဆိုရင် အလားအလာမကောင်းနိုင်ပါဘူး။ KBC ရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ပြီး အရေးယူသင့်တယ်လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

Credit>>>ဇော်လင်းသန့်


No comments: