Monday, December 7, 2015

ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများကို Live Broadcasting လုပ်နိုင်မည့် ၀န်ဆောင်မှု Facebook စမ်းသပ်အသုံးပြုခွင့်ပေး

ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများကို Live Broadcasting လုပ်နိုင်မည့် ၀န်ဆောင်မှု
Facebook စမ်းသပ်အသုံးပြုခွင့်ပေး

Facebook သည် ဗီဒီယိုများနှင့် ဓာတ်ပုံများကိုLive Broadcasting  လုပ်နိုင်မည့်ဝန်ဆောင်မှုသစ်ကို စမ်းသပ်အသုံးပြုခွင့်ပြုလိုက်သည်ဟု သတင်းထုတ်ပြန်သည်။

အဆိုပါဝန်ဆောင်မှုကို Callages ဟုအမည်ပေးထားပြီး အမေရိကန်နိုင်ငံ၌
စတင်အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်သည်။Callages ကို လက်ရှိတွင် iOS အသုံးပြုထားသောDevice များတွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်သော်လည်း Android OSအသုံးပြုထားသည့် Device များတွင်လည်းအမြန်ဆုံးအသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း Facebook က အတည်ပြုထား
သည်။

Facebook ၏ ထုတ်လုပ်ရေးဌာနခွဲမန်နေဂျာ ဗာဒင်လာဘရူဆက်က မိသားစု
များနှင့် မိတ်ဆွေများကို မိမိလက်ရှိလုပ်ဆောင်နေသောအရာများအား အချိန်နှင့်
တစ်ပြေးညီ ဖော်ထုတ်ပြသနိုင်ရန်ရည်ရွယ်၍ Callages ကို ဖန်တီးခဲ့ခြင်းဖြစ်ကာပိုမိုကောင်းမွန်သောUpdate များကို ထပ်မံထည့်သွင်းနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်ဟု ပြောသည်။

Live Broadcasting လုပ်နိုင်သောလုပ်ဆောင်ချက်များမှာ လူမှုကွန်ရက်သုံးစွဲသူများအတွက် ထပ်မံထည့်သွင်းရန် ကြိုးပမ်းနေသော ဦးစားပေးဝန်ဆောင်မှုသစ်တစ်ရပ်ဖြစ်ပြီး Facebook  က လက်ဦးမှုရယူကာ
စမ်းသပ်အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုများထွက်ပေါ်လျက်ရှိသည်။

လက်ရှိတွင် Callages ကို အမေရိကန်နိုင်ငံရှိiOS အသုံးပြုသူများသာ သုံးစွဲ
နိုင်သေးသော်လည်း သီတင်းပတ်အနည်းငယ်အတွင်း တခြားနိုင်ငံများ၌စတင်
အသုံးပြုနိုင်မည်ဟု Facebook  က သတင်းထုတ်ပြန်ထားသည်။

NG

No comments: