Sunday, December 6, 2015

KIA/KIO ခေါင်းဆောင်များမှ အထင်ကြီးလေးစားနေသော ၀ တပ်ကို ဦးဆောင်သူသည် မူးယစ်ရာဇာတစ်ဦး၏ လက်အောက်တွင်သာရှိသည် =======================================

KIA/KIO ခေါင်းဆောင်များမှ အထင်ကြီးလေးစားနေသော ၀ တပ်ကို ဦးဆောင်သူသည် မူးယစ်ရာဇာတစ်ဦး၏ လက်အောက်တွင်သာရှိသည်
=======================================

သောင်းကျန်းသူ KIA ခေါင်းဆောင်များမှ အထင်ကြီးလေးစားနေသော ၀ တပ်သည် နိုင်ငံတကာမှ အလိုရှိနေသည့် မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင်တစ်ဦး၏ လက်အောက်တွင်သာ ရှိကြောင်း လန်ဒန်အခြေစိုက် Global Witness က ထုတ်ပြန်လိုက်ပါသည်။

ဖားကန့်တွင် မြေစာပုံပြိုကျပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့မှုနှင့် ပက်သက်၍ ထို မြေဇာပုံပိုင်ရှင်မှာ ၀တပ်ကို ကြိုးကိုင်နေသူ မူးယစ်ရာဇာ ဝေရှောက်ခန်ဖြစ်သည်ဟု ထုတ်ပြန်ထား သည်။ ဝေရှောက်ခန် ကုမ္ပဏီသည် ကချင်ပြည်နယ်ရှိ ကျောက်စိမ်းလုပ်ကွက်များကို အများဆုံး ပိုင်ဆိုင်ထားပြီး KIA ဆက်ကြေးမတောင်းရဲသော တစ်ခုထဲသော ကုမ္ပဏီဖြစ်သည်။

KIA/KIO သည် ဖားကန့်မြို့နယ်အတွင်းရှိ လမ်းဘေး ဈေးသည်၊ ရေမဆေးကျောက် ရှာဖွေသူများအပေါ်တွင် ဆက်ကြေးများ မတန်တဆကောက်ခံလျှက်ရှိပြီး ဆက်ကြေးမပေးသော ရှမ်းလူမျိုး ၂ ဦးအား လူလယ်ခေါင်တွင် သတ်ဖြတ်ပြခဲ့သည်။ ထို့ကြောင့် KIA/KIO တို့သည် အားနဲသော ဒေသခံပြည်သူလူထု၊ လူမျိုးစုများကို ဖိနှိပ်ချုပ်ချယ်ပြီး မူးယစ်ရာဇာ ဝေရှောက်ဖန်၏ ဂုတ်သွေးစုတ်ခြင်းကို KIA/KIO ခေါင်းဆောင်များ ခံယူနေကြောင်း တွေ့ရှိရပါသည်။

By Voice Of Kachin

No comments: