Sunday, December 6, 2015

ကျပ်သိန်း ၂၀၀ ဆု နှစ်ဆုအပါအဝင် ဆုမဲပေါင်း ၂၅၀ဝကျော်ကို ယခုလအတွင်း ထုတ်ယူခြင်းမရှိပါ ကပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းမည် ++++++++++++++++++++++++++++

ကျပ်သိန်း ၂၀၀ ဆု နှစ်ဆုအပါအဝင် ဆုမဲပေါင်း ၂၅၀ဝကျော်ကို ယခုလအတွင်း ထုတ်ယူခြင်းမရှိပါ
ကပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းမည်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဒီဇင်ဘာ ၅- ကျပ်သိန်း ၂၀၀  ဆုတန်ထီလက်မှတ် နှစ်စောင်ပါ ဝင်သည့်ဆုလက်မှတ်ပေါင်း၂၅၀၀ ကျော်ကို ဒီဇင်ဘာ ၃၁ရက်ထိ  ဆု ကြေးလာရောက်ထုတ်ယူခြင်းမရှိ ပါက ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်း သွားမည်ဖြစ်ကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

လက်ရှိတွင် အောင်ဘာလေ သိန်းဆုဌာနအနေဖြင့် ဆုကြေး လာရောက်ထုတ်ယူခြင်းမရှိသည့် ထီလက်မှတ်များကို ပြည်သူ့ ဘဏ္ဍာ ငွေအဖြစ် သိမ်းဆည်းလျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ဒီဇင်ဘာလ   တွင် ဖွင့်လှစ်ပေးခဲ့သော (၃၁၁)ကြိမ် မြောက် ၂၀ဝကျပ်တန် အောင်ဘာ လေသိန်းဆုဖွင့်ပွဲတွင် ရရှိခဲ့သည့်ဆု လက်မှတ်များတွင် ကျပ်သိန်း၂၀၀ တန် ည-၄၀၃၆၄၁၊ ည-၆၅၃၃၃၉ ဆုလက်မှတ်နှစ်စောင်အပါအဝင် ကျပ်သိန်း ၅၀ တန်ဆုလက်မှတ် ၄ စောင်၊ ကျပ် ၂၅ သိန်းတန်ဆုလက် မှတ် ၁၂ စောင်ပါဝင်သောဆုလက် မှတ်ပေါင်း ၂၅၇ရ ဆုမှာ ယနေ့ အထိ တောင်းခံခြင်းမရှိသေးသဖြင့် ယင်း ဆုလက်မှတ်များ ကို၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ရက်အထိ ရန်ကုန်မြို့ နှင့်မန္တလေးမြို့များရှိ အောင်ဘာလေ သိန်းဆုဌာနခွဲရုံးများသို့ တင်ပြ တောင်းခံနိုင်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်ပါက ပြည်သူ့ဘဏ္ဍာငွေ အဖြစ် သိမ်းသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန၊ အောင် ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူးဦးထွန်းထွန်းအောင် က ''ဆုမဲလာမထုတ်လို့ ကျန်ရှိတဲ့ ဆုငွေတွေကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းပြီး လိုအပ်တဲ့နေရာ တွေမှာ ခွဲဝေသုံးစွဲ ပါတယ်။ ဘဏ္ဍာ သိမ်းတာ ကိုလည်း တစ်နှစ်ကြာ   အောင်စောင့်ပြီး တစ်နှစ်အတွင်း လာမထုတ်မှသာ ဘဏ္ဍာသိမ်း တာ ပါ။ မသိမ်းခင်တစ်လကြိုပြီး သတင်း စာတွေမှာ၊ သက်ဆို င်ရာမြို့နယ်   အထွေထွေအုပ်ချုပ်ရေးရုံးတွေမှာ၊ မြို့နယ်ပြည်တွင်း အခွန်များဦးစီး ဌာနရုံးတွေ မှာ ကြော်ငြာသင်ပုန်းတွေ မှာကပ်ပြီး ကြေ ညာတယ်''ဟု ပြော သည်။

လက်ရှိအောင် ဘာလေသိန်း ဆုဌာနခွဲတွင် ထီဆုရရှိသော်လည်း  ထီဆုလက်မှတ်မတင်ပြနိုင်ခြင်း၊ ထီဆုလက်မှတ်ပျောက် ဆုံးပျက်စီး ခြင်း များကြောင့် ဆုငွေများစွာထုတ် ယူရန် ကျန်ရှိနေကြောင်း သိရ သည်။

ဦးထွန်းထွန်းအောင်က ''ထီ လက်မှတ်တင်ပြနိုင်မှာသာလျှင် ထီ ဆုငွေထုတ်ပေး တဲ့စနစ်ကို ကျင့်သုံး တဲ့အတွက် ထီလက်မှတ်လာ မတင် ပြသူတွေ၊ ပျောက်ဆုံးသူတွေ၊ ပျက် စီးသွားသူတွေရဲ့ ဆုငွေတွေကအ များကြီးကျန်ရှိနေတယ်။ နှစ်အ လိုက်လာမထုတ် သူတွေက ၅ ရာခိုင် နှုန်းအထက်ရှိပါတယ်''ဟု ပြောသည်။

၂၀၁၅ ခုနှစ်ဒီဇင်ဘာ ၃၁ ရက် အတွင်းလာရောက်တောင်းခံနိုင် သည့် ဆုလက်မှတ်များကိုမြို့နယ် ပြည်တွင်း အခွန်များဦး စီးဌာနရုံး များ၊ သက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးများရှိကြော်ငြာသင် ပုန်းများနှင့် www.irdmyanmar. gov.mm   ရှိ ဘဏ္ဍာသိမ်းထီပေါက် စဉ်တွင် ကြည့်ရှုနိုင်ကြောင်း သိရ သည်။      

TEEP
#Democracytoday

No comments: