Sunday, December 6, 2015

KIA ရင်း (၂၆) ၏ တပ်သားသစ် စုဆောင်းခံရသူများထဲမှ (၁) ဦးထွက်ပြေးလွတ်မြောက်လာ =======================================

KIA ရင်း (၂၆) ၏ တပ်သားသစ် စုဆောင်းခံရသူများထဲမှ (၁) ဦးထွက်ပြေးလွတ်မြောက်လာ
=======================================

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့က ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာနေ မောင်နော်အောင်သည် မိသားစု စီးပွားရေးအဆင်မပြေသဖြင့် အလုပ်လုပ်ရန် မိုးညှင်းမြို့နယ် လုံးတုံကျေးရွာ နန့်မတဲရွှေမှော်သို့ သွားရောက်စဉ် မိုးညှင်းမြို့နယ် တုံပင်ကျေးရွာရှိ KIA ရင်း ၂၆ အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်၍ လူသစ်စုဆောင်းခြင်း ခံခဲ့ရကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာ ၂၉ ရက်နေ့တွင် KIA ထဲမှ ထွက်ပြေးလာပြီး မြစ်ကြီးနားသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် မိုးကောင်းမြို့နယ်၊ နန်းခွင်ကျေးရွာအနီးရှိ အစိုးရတပ်စခန်းတစ်ခု သို့ ရောက်ရှိသတင်းပို့ခဲ့ကြောင်း သိရသည်။ ၎င်းနောက် ထွက်ပြေးလွတ်မြောက်လာသော မောင်နော်အောင်အား အစိုးရတပ်မှ ၎င်း၏မိဘဆွေမျိုးများအား ဖုန်းဆက်ခေါ်ပြီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော့အသက်က (၂၁) ပဲရှိသေးတယ် အိမ်မှာက စီးပွားရေးအဆင်မပြေတော့ ဖားကန့်ဘက်လဲ မသွားရဲဘူး၊ မိုးညှင်းဘက်မှာ ရွှေတူးဖို့ လိုက်သွားတယ် ရောက်ပြီးမကြာဘူး ၄၊ ၅ ရက်ပဲရှိသေးတယ် KIA လူသစ်လာဆွဲသွားတယ်၊ မိသားစု စားဝတ်နေရေးမပြေလည်ရတဲ့ကြားထဲ KIA ထဲနေပြီး ဘာလုပ်ရမှာလဲ အိမ်ကလူတွေ ငတ်သေကုန်မှာပေါ့” ဟု မောင်နော်တောင်မှ ပြောပြသည်။

By Voice Of Kachin

No comments: