Tuesday, December 8, 2015

KIA အဖွဲ့မှ ကျေးရွာများအတွင်း လူသစ်များ လိုက်လံဖမ်းဆီးနေသောကြောင့် ရွာသူ/ရွာသားများ ထွက်ပြေးတိမ်းရှောင်

KIA အဖွဲ့မှ ကျေးရွာများအတွင်း လူသစ်များ လိုက်လံဖမ်းဆီးနေသောကြောင့် ရွာသူ/ရွာသားများ ထွက်ပြေးတိမ်းရှောင်

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ရှိ ကျေးရွာများအတွင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်များ လိုက်လံဖမ်းဆီးနေသောကြောင့် ရွာသူ/ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း  ယင်းဒေသခံများထံမှ   သိရှိရသည်။
ဆဒုံးမြို့နယ်၊ ဘွမ်ထွန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအတွင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်များ လိုက်လံဖမ်းဆီးနေသောကြောင့် ရွာသူ/ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း    ဘွမ်ထွန်း ရွာသား တစ်ဦးက ပြောပြသည်။
 
“ကျွန်တော်တို့ရွာနဲ့ အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကို KIA အဖွဲ့တွေ ရောက်လာတယ်၊ ရွာထဲကို ရောက် တော့ တွေ့သမျှလူတွေကို လိုက်ဖမ်းတာ၊ အရွယ်မရောက်သေးတဲ့သူတွေရော၊ အမျိုးသမီးတွေရော၊ အမျိုးသား တွေရော အကုန်လုံးပါပဲဗျာ၊ ရွာသူ/ရွာသားတွေကလည်း သူတို့အဖမ်းခံရမှာစိုးလို့ ထွက်ပြေးနေကြတာ၊   ပြီးခဲ့တဲ့ နေ့ကလည်း သူတို့ဆီကထွက်ပြေးသွားတဲ့ ဦးအိုက်ဝါရဲ့ အစ်ကိုဝမ်းကွဲနဲ့ ညီမဖြစ်သူတို့ ၂ယောက်ကို ဇွတ်အတင်း ဖမ်းခေါ်တာ၊  ရွာထဲမှာ တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်ဖမ်းနေတယ်၊ အိမ်တွေကို ပစ်ထားပြီး ထွက်ပြေးကြ တာလေ၊ သူတို့က အိမ်မှာလူမရှိတော့ တွေ့တဲ့ပစ္စည်းတွေယူကြတာပေါ့၊ အိမ်ကိုမှပြန်မလာရဲကြတာ၊ သူတို့ လုပ်ချင်တိုင်းကို လုပ်နေကြတာပေါ့၊ မင်းမဲ့တိုင်းပြည်ကျနေတာပဲဗျာ၊ သူတို့အတွက် ဆက်ကြေးကောက် စရာမလို အောင် ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောပြပါသည်။

KIA အဖွဲ့သည် ကျေးရွာများအတွင်း လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေသောကြောင့် ဒေသခံရွာသူ/ ရွာသား များမှာ နေအိမ်များအားစွန့်ခွာ၍  ဆဒုံးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း  သိရသည်။ 

နော်ဂျာ

No comments: