ဆိပ်မူမှ ဂျာရာယန်သွားလမ်းပေါ်ရှိ KIA ဂိတ်ဖွင့် ဆက်ကြေးကောက်နေသော အဖွဲ့နှင့် စကခ (၇) အောက်ရှိ လှုပ်ရှားတပ်ရင်းတို့ တိုက်ပွဲဖြစ်ပွား
=====================================
၂၀၁၅ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင် နေသော စကခ (၇) လက်အောက်ရှိ တပ်ရင်းတစ်ရင်းသည် မိမိတို့ နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားထွက်စဉ် ဆိပ်မူ-ဂျာရာယန်သွားလမ်းပေါ်၌ ဂိတ်ဖွင့်ကာ ဆက်ကြေးကောက်နေသာ KIA တပ်ဖွဲ့ဝင် (၈) ဦးခန့်နှင့် နံနက် ၆ နာရီခွဲခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိတွေ့မှုဖြစ်ပွားပြီး အစိုးရတပ်မှ လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက် သောကြောင့် KIA တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ သေနတ် (၃) လက်၊ ခဲယမ်းမျိုးစုံ၊ မိုင်း၊ တရုတ် လက်ပစ်ဗုံးနှင့် အခြား ဆက်စပ်ပစ္စည်းများစွာ ရရှိခဲ့ကြောင်းသိရသည်။ အစိုးရတပ်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း ကြားသိရသည်။
အခင်းဖြစ်ပွားရာနေရာသည် ဆိပ်မူကျေးရွာ၏ အရှေ့ဘက် (၄) မိုင်ခွဲခန့်အကွာ ဆိပ်မှု-ဂျာရားယန် သွားကားလမ်းပေါ်တွင်ဖြစ်ပြီး KIA မှ မကြာခဏ ဆက်ကြေးလာကောက်လျှက် ရှိကြောင်း လမ်းသွားလမ်းလာ ဒေသခံများမှတစ်ဆင့် သိရှိရပြီး အစိုးရတပ်မှ သွားရောက် ရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျဆုံးခဲ့သော KIA တပ်ဖွဲ့ဝင် (၂) ဦးမှာ ဗိုလ်အဆင့်ရှိသူများဖြစ်ကြောင်း ကြားသိရသည်။
By Voice Of Kachin
No comments:
Post a Comment