Wednesday, December 2, 2015

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို သတင်းမထုတ်ပြန်ဟုဆို”

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို သတင်းမထုတ်ပြန်ဟုဆို”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင်ရိပ်သာမှာ သီးသန့်တွေ့ဆုံမည်ဖြစ်ပြီး အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောကြားသည်။ သို့ရာတွင် ဓါတ်ပုံမှတ်တမ်းရယူခွင့် ပြုမည်ဖြစ်ပြီး နှစ်ဖက်သဘောဆန္ဒအရ မေးမြန်းခွင့်ပြုပါက ၁၀ မိနစ်ခန့် မေးမြန်းခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

No comments: