ရှမ်းမြောက်ဒေသတွင် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ သောင်းကျန်းနေမှုအား ရှင်းလင်းပေးရန် အစိုးရတပ်နှင့် RCSS/SSA တို့အား ဒေသခံများတောင်းဆို
=====================================
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး - နမ့်မတူသွား ကားလမ်းပေါ်ရှိ အီနိုင်း၊ ပန်ဟုမ်း၊ လွယ်တောက်နှင့် ကောင်းခါးကျေးရွာမှ ဒေသခံစုစုပေါင်း ၅၀ ကျော်ကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ လူသစ်အဖြစ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ ကြားသိရပါသည်။
နိုဝင်ဘာ ၂၆ ရက်နေ့ ညနေမှစတင်၍ အဆိုပါကျေးရွာများအတွင်းသို့ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ၀င်ရောက်လာကာ ကိုယ်ဝန်ဆောင် မိခင်များ၏ လင်ယောင်္ကျားများ၊ ကလေးငယ်များ၏ မိခင်၊ ဖခင်များကိုပါမချန် ဖမ်းဆီးခေါ်ဆောင်သွားကြသည်ဟု ကောင်းခါး ကျေးရွာဒေသခံတစ်ဦးက ပြောဆိုထားပါသည်။
“ဒီနယ်တစ်ဝိုက်မှာဆိုရင် KIA နဲ့ TNLA ကတော့ အမြဲတမ်းရှိတယ်၊ SSPP/SSA ကတော့ တစ်ခါတစ်လေ ၀င်လာတက်တယ်၊ ပြောရမယ်ဆိုရင် ဒီနယ်တစ်ဝိုက်က သောင်းကျန်းသူတပ်တွေ လှုပ်ရှားတဲ့နေရာဖြစ်နေတော့ ဟိုအဖွဲ့ကလိုလို ဒီအဖွဲ့ကလိုလိုနဲ့ လုပ်နေကြတာ ကြားထဲက ပြည်သူတွေ ဒေသခံတွေပဲ နင့်နာတယ်၊ အခုလဲ ဘယ်အဖွဲ့ကမှန်းမသိဘူး လူသစ် လာဆွဲသွားတာ အယောက် (၅၀) လောက်ရှိမယ်၊ ပါသွားပြီဆိုတော့ ဒီလိုမျိုးတွေ ဖြစ်နေတာကို ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ တည်ငြိမ်အေးချမ်းဖို့ အစိုးရတပ်တွေကို ကူညီတောင်းခံမယ် ” ဟု ပြောကြား ထားပါသည်။
By Voice Of Kachin
ပုံ။ ။ ဆက်ကြေးကောက်နေသော TNLA တပ်ဖွဲ့ဝင်များနှင့် KIA တပ်ဖွဲ့ဝင်များ
No comments:
Post a Comment