Tuesday, December 8, 2015

တစ်နာရီအတွင်းချစ်တင်းနှောခြင်းက ကိုယ်ဝန်ရနိုင်ခြေသုံးဆများ

တစ်နာရီအတွင်းချစ်တင်းနှောခြင်းက ကိုယ်ဝန်ရနိုင်ခြေသုံးဆများ
Monday, December 7 , 2015

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ North Middlesex ဆေးရုံက ဆေး ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ၏ လေ့လာတွေ့ရှိချက်အရ တစ်နာ ရီအတွင်း နှစ်ကြိမ်တိုင်ချစ်တင်းနှော ခြင်းက ကိုယ်ဝန်ရနိုင်ခြေ သုံးဆများ စေသည်ဟု သိရသည်။
မှန်ကန်သည့် အစားအသောက် များစားသုံးခြင်းကစပြီး သေချာသော Position များကိုအသုံးပြုခြင်းအထိ နည်းလမ်းအမျိုးမျိုးများကို အသုံးပြု ပြီး ဇနီးမောင်နှံများသည် ၄င်းတို့၏ ကလေးရနိုင်ရန် အခွင့်အလမ်းများ ကို မြှင့်တင်လေ့ရှိကြကြောင်း သိရ သည်။ ''ဒါပေမဲ့ ဒါဟာသိပ်တော့မ ထိရောက်ပါဘူး။ ကလေးရယူဖို့ အ ခက်အခဲရှိတဲ့ ဇနီးမောင်နှံတွေအ တွက် ကလေးရစေနိုင်မယ့် အကောင်း ဆုံးအခွင့်အလမ်းကတော့ အမျိုးသား တွေအနေနဲ့ သုက်ပိုးအားကောင်းလာ ပြီး မျိုးပွားနိုင်နှုန်း မြင့်မားလာတဲ့အ ထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ် နေဖို့ပဲဖြစ်ပါတယ်''ဟု ဆေးဘက်ဆိုင် ရာသုတေသီများက ပြောကြားခဲ့ သည်။
လန်ဒန်မြို့ရှိ North Middleesex ဆေးရုံက သုတေသနအသစ် တစ်ခုတွင် ဆွေးနွေးတင်ပြလာမှုက တစ်နာရီအတွင်းမှာ နှစ်ကြိမ်တိုင်တိုင် ချစ်တင်းနှောခြင်းက အမျိုးသားတစ် ဦး၏ မျိုးအောင်နိုင်စွမ်းသုံးဆတိတိ မြှင့်တင်ပေးနိုင်သည်ဟု ပြောဆိုခဲ့ ကြပါသည်။
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၏ ယင်းလေ့လာမှုတွင် စုံတွဲပေါင်း ၇၃တွဲကို လေ့လာခဲ့သည်။ ထိုစုံတွဲ ၇၃တွဲစလုံးသည် အမျိုးသား ၏သုက်ပိုးကို လုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။ အဆိုပါလေ့လာမှုအတွင်း မှာ အမျိုးသားများက တစ်နာရီအ တွင်း သုက်ပိုးနှစ်ကြိမ်ထုတ်လွှတ်စေပြီး ဒုတိယအကြိမ်မြောက် ထုတ်လွှတ် သောသုက်ပိုးက IUI မျိုးပွားကုသ ခြင်းတွင် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရလဒ်က ၂ဝ ရာခိုင်နှုန်း၏ကိုယ်ဝန်ရနိုင်ခြေသည် အောင်မြင်ခဲ့သော ခြောက်ရာခိုင်နှုန်း ၏သုံးဆဖြစ်ခဲ့သည်ကိုလည်း တွေ့ရ သည်။
ဇနီးမောင်နှံများအတွက် ယုံ ကြည်မှုတစ်ခုရှိနေခြင်းက အမျိုးသ မီးများ ဓမ္မတာကာလတွင် အမျိုးသား များအနေဖြင့် ချစ်တင်းနှောခြင်းကို ရှောင်ကြဉ်သင့်သည်။ ထို့အပြင် အ မျိုးသား ကျန်းမာရေးဌာန၏လမ်း ညွှန်ချက်များအရ ¤င်းတို့အနေဖြင့် ချစ်တင်းနှောခြင်း မတိုင်မီနှစ်ရက် ခန့်ကတည်းက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ထားမှသာ မျိုးအောင်နိုင် ခြေများသည့် သုက်ပိုးများကိုထုတ် လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။`
သို့သော် လက်ရှိသုတေသနအ ရ လိင်ဆက်ဆံခြင်းကို ပိုမိုပြုပေးခြင်း ကသာ မျိုးအောင်နိုင်ခြေများသော သုက်ပိုးကို ထုတ်လွှတ်နိုင်မည်ဆိုသည် ကိုတွေ့ရှိခဲ့ရသည်။ ယင်းလေ့လာမှု အရ တစ်နာရီအတွင်း နှစ်ကြိမ်ထုတ် ယူထားသည့် သုက်မိုးတွေမှာဒုတိယ အကြိမ်မြောက် သုက်ပိုးများကပိုမို လတ်ဆတ်ပြီး အရည်အသွေးကောင်း မွန်ကာ မျိုးအောင်နိုင်ခြေများသော သုက်ပိုးများဖြစ်ကြောင်း ၄င်းဆေး ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ကတင်ပြထားခဲ့သည်။

Ref: Daily Mail
Yangon Media Group

No comments: