လမ်းပန်းဆက်သွယ်မှုအတန်အသင့်ကောင်းလာသောကြောင့် ငပလီကို ပြည်တွင်းဧည့် စိတ်ဝင်စားမှု မြင့်တက်လာ
++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဒီဇင်ဘာ ၅- ပြည်ပဧည့် သည် အလာများသော ငပလီကမ်း ခြေကို ယခုနှစ်ခရီးသွားရာသီတွင် ပြည်တွင်းမှလည်း စိတ်ဝင်စားမှုမြင့် တက်လာပြီဖြစ်ကြောင်း ခရီးသွားလုပ် ငန်းအသိုင်းအဝိုင်းမှ သိရသည်။
ငပလီကမ်းခြေသည် ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် အတွက် လေယာဉ်ဖြင့်သွားရောက် လည်ပတ်မှသာ အဆင်ပြေသည့် ခရီး စဉ်တစ်ခုဖြစ်သည့်အတွက် ကမ္ဘာ လှည့်ဧည့်များသာ များပြားခြင်းဖြစ် ကြောင်းသိရသည်။
အစိုးရသစ်တက်ပြီး နောက်ပိုင်း တွင် လမ်းပန်းဆက်သွယ်ရေးအတန် အသင့် ကောင်းမွန်လာခြင်းကြောင့် ပြည်တွင်း ခရီးသွားများ၏ စိတ်ဝင်စား မှုလည်းမြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်-ငပလီခရီးသွားဝန်ဆောင် မှုကုမ္ပဏီဖြစ်သည့် ရိုးလှသန္တာကုမ္ပဏီ မှ ဦးကျော်စွာဦးက သုံးသပ်ပြော သည်။
''လမ်းပန်းဆက်သွယ်ရေးမ ကောင်းတော့ ပြည်တွင်းခရီးသွား တွေ အလာတော်တော်နည်းတယ်။ ဒီနှစ်မှာတော့ တော်တော် များများ ကားလမ်းကနေလာရောက်လည် ပတ်ကြတာကို တွေ့ရတယ်။ လမ်း ကို ဒီထက်ကောင်းအောင်လုပ်ပေး မယ်ဆိုရင် ပြည်တွင်းခရီးသွားတွေနဲ့ ကမ်းခြေက တော်တော်စည်ကားလာ နိုင်ပါတယ်''ဟု ၎င်းကပြောသည်။
ပြည်တွင်းရှိ ခရီးသည်များအ နေဖြင့် အားလပ်ရက်ရရှိသည့်အချိန် နည်းပါးခြင်း၊ သွားလာရေးခက်ခဲခြင်း၊ ကုန်ကျစရိတ်မြင့်မားခြင်း တို့ကြောင့် ငပလီကမ်းခြေကို လည်ပတ်ရန်စိတ် ဝင်စားမှုမရှိခြင်းဖြစ်ကြောင်း ချောင်း သာကမ်းခြေသို့ သွားရောက်လည် ပတ်သူတစ်ဦးက ပြောသည်။
''ငပလီဆိုတာကိုစိတ်ဝင်စား တယ်။ ဈေးနှုန်းသက်သက်သာသာ နဲ့သွားလာရေးအဆင်ပြေမယ်ဆို ရင်သွားချင်တယ်။ အရမ်းလှတယ် ဆိုတာကိုတော့သိတယ်''ဟု ၎င်းက ပြောသည်။ ငပလီကမ်းခြေသို့ လေယာဉ်ဖြင့် သွားပါက အသွားလက်မှတ်တစ် စောင်လျှင် ကျပ်ခြောက်သောင်းဝန်း ကျင်ခန့်ရှိကြောင်း ခရီးသွားလုပ်ငန်း ဈေးကွက်မှသိရသည်။
လက်ရှိတွင် ငပလီကမ်းခြေသို့ ကားဖြင့်သွားမည်ဆိုပါက နေစရိတ် စားစရိတ်အပါအဝင် လူတစ်ဦး လျှင် အနိမ့်ဆုံးကျပ် တစ်သိန်းခုနစ် သောင်းမှ အမြင့်ဆုံးကျပ်နှစ်သိန်း ခုနစ်သောင်းဖြင့် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း ရိုးလှသန္တာကုမ္ပဏီမှ ဦးကျော်စွာဦးက ဆက်လက်ပြော သည်။ ရခိုင်ပြည်နယ် သံတွဲမြို့တွင်ရှိ သည့် ငပလီကမ်းခြေသည် အရှည် ၄ မိုင်ခန့်ရှိကြောင်း သိရသည်။
TTMT
#Democracytoday
Photo - thebeachfrontclub.com [--ငပလီကမ်းခြေအလှကိုတွေ့ရစဉ်--]
No comments:
Post a Comment