Monday, December 7, 2015
ပြီးခဲ့တဲ့  နိုဝင်ဘာ ရွေးကောက်ပွဲမှာ ... အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အနေနဲ့  .... တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တယ် ...
ပြီးခဲ့တဲ့  နိုဝင်ဘာ ရွေးကောက်ပွဲမှာ ...
တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တယ် ...
ဒီအနိုင်ရရှိမှုကို ...
တပ်မတော်ကလဲ ...
လက်ခံအသိအမှတ်ပြုခဲ့တယ် ...
အဓိပ္ပာယ်က ပြည်ခိုင်ဖြိုး အစိုးရဆင်းပြီး ....
NLD အစိုးရတက်လာတော့မယ် ...
ဒါဟာ ငြင်းပယ်လို့ မရတဲ့  အမှန်တရားပဲ ....
တတ်သိ ပညာရှင်တွေ ...
တပ်မတော်က လက်ရှိ ၀န်ကြီးတစ်ချို့ ...
အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဆောင်မယ် ...
တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမယ်လို့ ...
အကြမ်းဖျဉ်း သိထားတယ် ...
ဒီအထိ အိုကေတယ် ... ဘာမှပြသနာမရှိ ...
NLD အမတ်အများစုဟာ ...
လွှတ်တော်ထဲကနေ အလုပ်လုပ်ရမယ် ...
ဒေါ်စုက အခု သူ့ အမတ်တွေကို ...
တင်းတင်းကျပ်ကျပ် ပြန်ကိုင်တွယ်လေ့ကျင့်တယ် ...
အမှိုက်ကောက်ခိုင်းတယ် ...
စာပြန်ကျက်ခိုင်းတယ် ...
နည်းနည်းတော့ လူဟားခံရတယ် ...
သို့ သော် ဒါလဲ အိုကေပါတယ် ...
ကောင်းတဲ့  ကိစ္စ လုပ်တာပဲ ....
:) :) :) :) :)
ဒေါ်စု အနေနဲ့  သမ္မတအထက်က နေမယ်လို့  ....
တရားဝင်ထုတ်ပြောတယ် ...
သမ္မတ အထက်က ဒေါ်စု ရှိနေမယ့် အစိုးရ နဲ့  ....
ဒေါ်စု သေဆိုသေ ရှင်ဆိုရှင် NLD လွှတ်တော် ....
နည်းနည်းတော့ မအိုကေဘူး ....
Check & Balance ပျက်နေတယ် ...
ဝိုင်းဝေဖန်တယ် ...
သို့ သော် ... ဒါက မှန်းဆချက် ...
ဖြစ်လာမဖြစ်လာ ဆိုတာ ...
အချိန်ပေးပြီး စောင့်ကြည့်ရဦးမယ် ...
ဖြစ်လာခဲ့ရင်လဲ  RTR ဘာညာနဲ့  ၀ိုင်းပြီးဖြုတ်ချ ...
လူထုကလဲ ပြန် Check & Balance လုပ်ကြတာပေါ့ ...
ဖြေရှင်းလို့ ရမယ့် နည်းတွေ ရှိတယ် ....
:) :) :) :) :) :)
ဦးသိန်းစိန် နဲ့  ဒေါ်စု တို့ တွေ့ တယ် ...
ဒေါ်စုက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်စေ့စပ်တယ် ...
ဦးသိန်းစိန်က အာဏာလွှဲပြောင်းပေးမယ် လို့ ...
တရားဝင် ထုတ်ပြန်ကြေငြာတယ် ...
အကြမ်းဖျဉ်း အားလုံးအိုကေတယ် ....
တပ်ချုပ် နဲ့  ဒေါ်စုတွေ့ တယ် ...
နှစ်ယောက်လုံး ရီရီမောမော ပြုံးပြုံးရွှင်ရွှင် နဲ့  ...
တပ်ဟာ အခြေခံဥပဒေကို ...
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့  တာဝန်ယူထားတယ် ...
ခြေဥကို ပြင်ချင်ရင် တပ်မတော် နဲ့  ညှိနိုင်းဆောင်ရွက်ရမယ် ...
လုပ်ထုံးလုပ်နည်းနဲ့ အညီ ဥပဒေနဲ့  အညီ ပြင်ဆင်ရမယ် ...
ဒါဟာ ဒီခြေဥ အတည်ဖြစ်ကတည်းက ...
တပ်မတော်က အစဉ်တစိုက်ပြောလာခဲ့တဲ့  စကားပဲ ...
ဘာမှ အထူးအဆန်း မဟုတ် ....
:) :) :) :) :)
အထက်မှာ ဖော်ပြခဲ့တဲ့  ဖြစ်စဉ်အားလုံးဟာ ...
ရွေးကောက်ပွဲ အပြီး တစ်လအတွင်းမှာ ...
ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်တယ် ...
အားလုံးဟာ အပြုသဘောဆောင်တယ် ...
ဒီအထိ အားလုံးအဆင်ပြေတယ် ...
အားလုံး အိုကေတယ် ....
ကျွန်တော်တို့ အားလုံးဝမ်းသာရတော့မလား ???
:D :D :D :D :D
အဲဒီအချိန် မထင်ထားတဲ့  ကိစ္စတစ်ခု စပေါ်လာတယ် ...
အဲဒါကတော့ သမိုင်းဝင်တဲ့  ည ကိစ္စပဲ ...
:( :( :( :( :(
သမိုင်း ၀င်သလား ...
အင်းစိန် ၀င်သလားတော့ မသိ ...
အခြေအနေတွေဟာ အားလုံး ရှုပ်ထွေးကုန်တယ် ....
နံပါတ်တစ် - ဒီသမိုင်းဝင်မယ့် ည ကိစ္စကို ...
တပ်မတော်က လုံးဝ ကြို မသိဘူး ...
( အစိုးရကလဲ မသိဘူးလို့  သိရတယ် )
ဒီတွေ့ ဆုံမှုဟာ ...
ဦးသန်းရွှေ သဘောနဲ့  လုပ်သည်ဖြစ်စေ ...
ကိုနေရွှေသွေးအောင် သဘောနဲ့  စီစဉ်သည်ဖြစ်စေ ...
လက်ရှိ တပ်မတော်အပေါ် ကွက်ကျော်ရိုက်သလို ...
ဖြစ်နေတာတော့ သေချာတယ် ...
သို့ သော် ... ရှိစေတော့ ...
:/ :/ :/ :/ :/
ဦးသန်းရွှေ နဲ့ ဒေါ်စုနဲ့  တွေ့ ကြတယ် ...
ပထမသတင်းထွက်လာတော့ စစ်ရုံးမှာ ...
သတင်းထွက်ထွက်ချင်း နီးစပ်ရာတွေ လိုက်စုံစမ်းတော့ ...
တပ်ချုပ်က ပြင်ဦးလွင်ရောက်နေတယ် ...
ဒုချုပ်ပဲ စစ်ရုံးမှာ ရှိတာ ...
အဲဒီနေ့ က စစ်ရုံးမှာ ဘာတွေ့ ဆုံမှုမှ မရှိ ...
ဒါတော့ အကြမ်းဖျဉ်းသိရတယ် ...
ထပ်ပြီး စိတ်ကသိကအောင့် ဖြစ်စရာကောင်းတာက ...
ဒီတစ်ခါတွေ့ ဆုံမှုကိုလဲ ...
တပ် နဲ့  အစိုးရက ကြို မသိပြန်ဘူး .....
:/ :/ :/ :/ :/
နောက်ဆုံးကျတော့ ...
ကြေငြာချက် ထွက်လာတယ် ....
ပွင့်ပွင့်လင်းလင်းပြောရရင် ...
အတော် စိတ်မသက်မသာ ခံစားရတယ် ...
ဒီတစ်ခါ ခံစားရတာတော့ ...
ကျွန်တော် တစ်ယောက်တည်း မဖြစ်နိုင် ....
တပ်မတော်တစ်ခုလုံးရော ...
တပ်က မိသားစုအများစုရော ...
ကျွန်တော့်လို ခံစားကြရမယ် ထင်တာပဲ ...
:/ :/ :/ :/ :/
တပ်မတော်ခေါင်းဆောင် အများစုဟာ ...
ဦးသန်းရွှေအပေါ် ...
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦး အနေနဲ့  ...
ဂါရ၀တရားနဲ့  လေးစားရင်းစွဲ ရှိကြပေမယ့် ...
တပ်မတော်သား အများစုဟာ ...
ဦးသန်းရွှေ ရဲ့ ....
နိုင်ငံရေး နဲ့  တပ်မတော်တည်ဆောက်ရေးဆိုင်ရာ ...
ဆောင်ရွက်ချက် အတော်များများကို ...
လက်ခံနိုင်ကြပေမယ့်  ....
ဦးသန်းရွှေ မိသားစု ရဲ့ မသမာမှုလုပ်ရပ်တွေကိုတော့ ...
ဘယ်သူမှ မနှစ်မျို့ ကြဘူးဆိုတာ ...
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  သဘောပေါက်စေချင်တယ် ...
တပ်မတော်ကို ပြည်သူအများစု အထင်အမြင်လွှဲစေခဲ့တဲ့  ....
ဖြစ်ရပ်ပေါင်းများစွာရဲ့ ....
အဓိကတာဝန်ရှိသူ မိသားစုတစ်ခုက ....
အဲဒီဖြစ်ရပ်တွေနဲ့  ဘာမှမသက်ဆိုင်တဲ့  ...
ဒီနေ့ မျိုးဆက်သစ် တပ်မတော်အပေါ် ...
ပြည်သူ့ မျက်နှာကို ကြည့်ပြီး ...
ခင်ဗျားတို့  ယုံကြည်ချက် ခံယူချက်တွေကို ပြောင်းလိုက်ပါ
ကျုပ်တို့  မိသားစုက ကြားဝင် စေ့စပ်ဖျောင်းဖျပေးမယ်ဆိုတဲ့  ...
သဘောမျိုး ပါဝင်တဲ့  ကြေငြာချက်ဟာ ...
ကမ္ဘာ့  ရယ်စရာအကောင်းဆုံး ဟာသ တစ်ခု ဖြစ်နေတယ် ...
:) :) :) :) :)
တပ်မတော်ဟာ သူ့ ယုံကြည်ချက် ၊ သူ့  ခံယူချက်နဲ့  ...
တပ်မတော်ရဲ့ အိုင်ဒီယိုလော်ဂျီဟာ ...
တပ်မတော် စတင်သန္ဓေတည်ကတည်းက ...
တစ်ပါတည်း သန္ဓေတည်ခဲ့တဲ့  အိုင်ဒီယိုလော်ဂျီ ဖြစ်တယ် ...
ဒီထက် ရှင်းအောင်ပြောရရင်တော့ ...
ဒီ ယုံကြည်ချက် ဒီခံယူချက်တွေဟာ ...
ဦးသန်းရွှေ ချပေးခဲ့ တာ မဟုတ်ဘူး ...
ဦးသန်းရွှေ ချပေးခဲ့တာ မဟုတ်လို့  ...
ဦးသန်းရွှေ သွားပြောပြီး ပြင်ခိုင်းလို့ လဲ မရနိုင်ဘူး ...
ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နေတာလဲ ?
ဘာတွေ လုပ်ချင်နေတာလဲ ?
ဘာတွေ ဖြစ်ချင်နေတာလဲ ?
ဒီကြေငြာချက်တွေဟာ ...
အခြေအနေတွေကို ပို ရှုပ်ထွေးကုန်မယ်ဆိုတာ ...
ဒေါ်စုအနေနဲ့  မစဉ်းစားတတ်တော့ဘူးလား ?
လက်ရှိအခြေအနေဟာ ...
၁။ လက်ရှိအစိုးရက အာဏာလွှဲပေးမယ် ...
၂။ NLD အစိုးရတက်လာမယ် ...
အဲဒီအစိုးရကို ဒေါ်စုက ကိုင်တွယ်ထိန်းချုပ်မယ် ...
၃။ NLD ကြီးစိုးတဲ့  လွှတ်တော် တက်လာမယ် ...
အခြေခံဥပဒေထဲက တစ်ချို့ ပုဒ်မတွေမှ အပ ...
ကျန်တဲ့ ဥပဒေအားလုံး စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲခွင့်ရမယ် ....
၎။ တပ်မတော်ဟာ တက်လာတဲ့  NLD အစိုးရကို ကြိုဆိုတယ် ...
သို့ သော် ခြေဥကို ပြင်မယ်ဆိုရင်တော့ ...
တပ်မတော်နဲ့  ညှိနိုင်းတိုင်ပင် ဆောင်ရွက်ရမယ် ...
၅။ NLD အစိုးရဟာ ...
သူ့ စိတ်တိုင်းကျ ....
သွန်လိုသွန် မှောက်လိုမှောက် လုပ်နိုင်မယ်....
အပေါ်မှာ မေးထားတဲ့  မေးခွန်းကို ပြန်မေးရရင် ....
ဒီလောက် လုပ်ပိုင်ခွင့် ရထားတဲ့ အခြေအနေမျိုးမှာ ....
ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နေတာလဲ ?
ဘာတွေလုပ်ချင်နေတာလဲ ?
ဘာတွေ ဖြစ်ချင်နေတာလဲ ?
တစ်ချို့ ကိစ္စတွေဟာ ...
ပေါ့စေလိုလို့  ကြောင်ရုပ်ထိုးပေမယ့် ...
ဆေးကြောင့် လေးသွားတတ်တယ်ဆိုတာ ...
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ...
ပြန် သတိပြုမိစေချင်တော့တာပဲ  ....   ။   ။
( ရဲမိုး )
No comments: