Saturday, August 27, 2016

ပုဂံငလျင်နဲ့ ကြုံတွေ့ခဲ့တဲ့ မော်ဒယ် Mဆိုင်းလူ Advertisement ပုဂံငလျင်နဲ့ ကြုံတွေ့ခဲ့တဲ့ မော်ဒယ် Mဆိုင်းလူ

 မော်ဒယ် Mဆိုင်းလူနှင့် သရုပ်ဆောင်အချို့ ပုဂံဒေသတွင် ဓာတ်ပုံရိုက်ကူးနေစဉ် ငလျင်လှုပ် ခြင်း ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။
ပုဂံ-ညောင်ဦးတွင် ဓာတ်ပုံသွားရောက်ရိုက်ကူးစဉ် ငလျင်ဒဏ် ကြုံတွေ့ခဲ့ရကြောင်း မော်ဒယ်သရုပ်ဆောင် Mဆိုင်းလူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။
‘‘ဆိုင်းလူတို့ ပုဂံမှာ ဓာတ်ပုံ ရိုက်နေတဲ့အချိန် ငလျင်လှုပ်တာနဲ့ ကြုံခဲ့ရပါတယ်။ တော်တော် လေးလည်း ပြင်းထန်ပါတယ်’’ဟု ၎င်းက ရေးသားသည်။
ပုဂံမြို့အပါအဝင် မြန်မာနိုင်ငံဒေသအချို့၌ ဩဂုတ် ၂၄ ရက် ညနေ ၅ နာရီကျော်တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၈အဆင့်ရှိ အင်းအားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ပြီး ပုဂံဒေသရှိ ရှေးဟောင်း စေတီပုထိုး ၁၈၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။
‘‘ရိုက်ကူးရေးလုပ်နေတဲ့ ဘုရားကတော့ တခြားဘုရားတွေလောက်တော့ အပျက်အစီးသိပ်မရှိပါဘူး။ ငလျင်လှုပ်တဲ့အချိန် ထီးတော်ခါယမ်းနေပြီး နံရံက ပန်းချီ၊ ပန်းပု ဆေးရေးတွေ ပျက်စီး ကုန်ပါတယ်’’ဟု ၎င်းက ဆက်လက်ရေးသားထားသည်။
အဆိုပါ ငလျင်ဒဏ် ပိုမိုပြင်းထန်လာပါက အသက်အန္တရာယ်ပင်မတွေးရဲကြောင်းနှင့် ဘုရား သခင်၏ ကျေးဇူးတော်ကြောင့် လွတ်မြောက်ခွင့်ရခဲ့ကြောင်း ၎င်းကဆိုသည်။
Mဆိုင်းလူသည် ခရစ်ယာန် ဘာသာဝင်ဖြစ်သော်လည်း မွေးဖွားကြီးပြင်းခဲ့သည့် မြန်မာပြည် ၏ အထွတ်အမြတ်တန်ဖိုး ထားကိုးကွယ်သည့် ရှေးဟောင်းအမွေအနှစ် ပုဂံဘုရားများ ပျက်စီးထိခိုက်ခဲ့၍ ဝမ်းနည်းကြေကွဲမိပြီး ပြည်သူများ အားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ၎င်းက ဆုတောင်းရေးသားထားသည်။
2 LINE it!

No comments: