နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည်
သမိုင်းဝင်တရုတ်နိုင်ငံခရီး စဉ်ကို စတင်လိုက်ပြီဖြစ်ပြီး ယမန် နေ့ညက
ဘေဂျင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာ ရာ တရုတ်အစိုးရက ကော်ဇောနီ
ခင်း၍ ကြိုဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ် ၁၇ရက် မွန်းလွဲ ပိုင်းက ရန်ကုန်မြို့မှ တရုတ်လေ ကြောင်းဖြင့် တရုတ်နိုင်ငံ ကူမင်း မြို့သို့ ထွက်ခွာသွားခဲ့သည်။ ကူမင်းမှတစ်ဆင့် ဘေဂျင်းမြို့ သို့ သြဂုတ် ၁၇ ရက် ည တရုတ် စံတော်ချိန် ၇ နာရီ ၅၅ မိနစ်၌ ရောက်ရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် သည်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းတွင်မူ ဘေဂျင်းမြို့သို့ တရုတ် စံတော်ချိန် ၈ နာရီ ၁၅ မိနစ်၌ ရောက်ရှိကြောင်း သတင်း ထုတ်ပြန်သည်။
ဘေဂျင်းမြို့တွင် ဒေါ်အောင် ဆန်းစုကြည်နှင့်အဖွဲ့ကို တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr.Liu Zhen၊ မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီး H.E.Mr.Hong Liang နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လွင်အုန်းတို့က ကြိုဆိုခဲ့ ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာလီကီကျန်း၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်။ ယခုခရီးစဉ်မှာသြဂုတ် ၂၀ ရက်အထိ လေးရက်ကြာမည့် ခရီးစဉ် ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားထားသည်။ သို့သော်တရုတ် မီဒီယာများက သြဂုတ် ၁၇ရက်မှ ၂၁ရက်အထိ ငါးရက်တာခရီးစဉ်ဟုဖော်ပြကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဦးသန့်စင် မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဦးဖေဇင်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ ၀န်ကြီးဦးကျော်တင်တို့ လိုက်ပါ သွားကြောင်းသတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာပြီးနောက် လာအို နိုင်ငံသို့ မေလ ၆ ရက်က နိုင်ငံ တော်သမ္မတဦးထင်ကျော်နှင့်အ တူ ပထမဆုံးအကြိမ်သွားရောက် ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံသို့ ဇွန်လ ၂၃ရက်တွင် ချစ်ကြည်ရေး ခရီးသွားရောက်ပြီး အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေး အတွက် လာအိုနိုင်ငံသို့ ဇူလိုင် ၂၂ ရက်၌ ထပ်မံသွားရောက်ခဲ့ သည်။ တရုတ်နိုင်ငံသည် ဒေါ် အောင်ဆန်းစုကြည်သွားရောက် သည့် တတိယနိုင်ငံဖြစ်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဆုံးခရီးစဉ်လည်းဖြစ်သည်။
၂၁ ရာစုပင်လုံညီလာခံမ ကျင်းပမီ မြန်မာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများနှင့် နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေ သည့် တရုတ်နိုင်ငံသို ဒေါ်အောင် ဆန်းစုကြည်သွားရောက်ခြင်းကို ပြည်တွင်းပြည်ပစောင့်ကြည့်လေ့ လာသူများက စိတ်ဝင်စားလျက်ရှိ သည်။ ထို့အပြင် ၎င်းကို ဖိတ်ခေါ် ထားသည့် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံအနက် တရုတ်နိုင်ငံသို့ ဦး စွာသွားရောက်ခဲ့ခြင်းဖြစ်၍ စိတ် ၀င်စားမှုများရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၅ဇွန်၁၀ရက်မှ ၁၄ရက်အထိ ဒီချုပ်ဥက္ကဋ္ဌအဖြစ် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးသည်။

No comments:
Post a Comment