Thursday, August 18, 2016

မုန်တိုင်းငယ်ကြောင့် ကရင်၊ မွန်နှင့် ရခိုင် ပြည်နယ်တို့တွင် မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းငယ်ပိုမိုအားကောင်း လာသဖြင့် ရေဘေးရင်ဆိုင်နေရ သော ကရင်၊ မွန်နှင့် ရခိုင်ပြည် နယ်တို့၌ နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုးလေ၀သနှင့်ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် သည်။
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းမှာ သြဂုတ် ၁၇ ရက်တွင် မုန်တိုင်းငယ်ဖြစ်လာခဲ့ပြီး ပိုမိုအားကောင်းလာနေ ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
လတ်တလော အခြေအနေ အရ မုန်တိုင်းငယ်သည် အိန္ဒိယ နိုင်ငံ ကိုးလ်ကတ္တားမြို့၏ တောင် -အရှေ့တောင်ဘက် ၇၅ မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် မရွေ့ လျားဘဲ တည်ရှိနေပြီး ယင်းမုန် တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေ ရာကွက်၍ မိုးကြီးနိုင်ကြောင်း ၎င်း က သတိပေးသည်။
လက်ရှိတွင် ကရင်ပြည်နယ် မြ၀တီမြို့နှင့် မွန်ပြည်နယ် ရေး နှင့်သထုံမြို့နယ်တို့၌ ကယ်ဆယ် ရေးစခန်းဖွင့်ရသည်အထိ ရေ ဘေးရင်ဆိုင်နေရသည်။
‘‘အထက်က ရေကျလာပြီး ကျွန်တော်တို့ဘက်တွေ ရေတိုး လာပြန်တယ်။ မိုးကလည်း ဆက် တိုက်ကိုကောင်းနေတော့ ရေ ဘေးက ခြိမ်းခြောက်လာနေပြီိ။  မိုးဆက်ကောင်းနေမယ်ဆိုရင် သတိရှိဖို့လိုပြီ’’ဟု ကရင်ပြည်နယ် မြ၀တီမြို့ ဒေသခံဦးလှစိုးကပြောသည်။ မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ကမ်းရိုးတန်း ဒေသများကို လေပြင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပြီး တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၄၀ ခန့် တိုက်ခတ်နိုင်ကြောင်း သ တင်းထုတ်ပြန်ထားသည်။

No comments: