(၁)
တိုင်းပြည်လူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်း ကျောင်းနေကြသော စိုက်ပျိုးမွေး မြူရေးလုပ်ငန်းကို မြှင့်တင်အား ပေးခြင်းဖြင့် မြန်မာ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာမှုအတွက် တွန်း အားပေးရာ ရောက်နိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ကြ သည်။ ကျေးလက်ဒေသရှိ များ ပြားလှသော စိုက်ပျိုးမွေးမြူထုတ် လုပ်သူများ ၀င်ငွေအနည်းငယ် တိုးတက်ရရှိကြခြင်းဖြင့် အခြား ထုတ်ကုန်များအပေါ် သိသိသာ သာ ၀ယ်လိုအားမြင့်တက်လာ ကာ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်မှုကိုပင် ဖြစ်စေနိုင်မည်ဟု ခန့်မှန်းချက်များလည်းရှိသည်။
ကျေးလက်ဒေသရှိ စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ ၀င်ငွေ တိုးတက်ရရှိရေးအတွက် ၎င်းတို့ ၏ လုပ်ငန်းများကို ပံ့ပိုးကူညီရာ တွင် ထုတ်လုပ်မှု(ဥပမာတစ်ဧက အထွက်နှုန်း)မြင့်မားရေးဟူသည့် ရှုထောင့်တစ်ခုတည်းကို အာရုံ စိုက်နေရုံဖြင့်မပြီးပါ။
ထုတ်လုပ်သူများသည်သွင်း အားစုများကို ၀ယ်ယူ၍ စား သောက်ကုန်အဖြစ် ထုတ်လုပ်ပြီး စားသုံးသူထံပြန်လည်ရောင်းချရ သည့် ကြားလူများသာဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူသူများ အမှန်တကယ် ၀င်ငွေမြင့်မားလာ စေရေးအတွက် ဆောင်ရွက်မည် ဆိုပါက အခြားရှုထောင့်များမှ လည်း ချဉ်းကပ်စဉ်းစားအဖြေရှာ ရန် လိုအပ်ပါသည်။ ထင်သာမြင် သာရှိသည့် အပြောင်းအလဲကို ဖော်ဆောင်နိုင်မည့် ပထမအချက် အနေဖြင့် အရည်အသွေးပြည့်မီ သော သွင်းအားစုများကို လိုအပ် သည့်အချိန်တွင် လိုအပ်သော ပမာဏကို ဈေးနှုန်းမှန်ကန်စွာဖြင့် လွတ်လပ်စွာ ၀ယ်ယူရရှိနိုင်ရန် ဆောင်ရွက်ပေးရမည် ဖြစ်ပါ သည်။ ဒုတိယအချက်အနေဖြင့် ထုတ်လုပ်လိုက်သော ကုန်ပစ္စည်း များကို ရောင်းချနိုင်ရန် ခိုင်မာပြီး မျှတသည့်ဈေးကွက်များ ပေါ် ထွန်းလာရေးနှင့် ထုတ်ကုန်များကို စားသုံးသူလက်သို့ ကြားခံအဆင့် အနည်းဆုံးဖြင့်ရောက်ရှိနိုင်စေ မည့် အခြေခံအဆောက်အအုံများ နှင့် ဈေးကွက်စနစ်များ ပေါ်ထွန်း လာရေးကို ဦးတည်စဉ်းစားရမည် ဖြစ်သည်။ တတိယအချက်အနေ ဖြင့် ထုတ်လုပ်လိုက်သော ထုတ် ကုန်များ၏ အရည်အသွေးမြင့်မား ရေးအတွက်လည်း အာရုံစိုက်ရန် လိုအပ်ပါသည်။ တစ်နည်းအား ဖြင့်ဆိုသော် ထုတ်လုပ်လိုက်သော အသား၊ငါး၊ နို့၊ ဥ၊ ဟင်းသီးဟင်း ရွက်၊ သစ်သီးဝလံ၊ ကောက်ပဲသီး နှံများအား တန်ဖိုးမြင့်မြင့်မားမား ဖြင့် ရောင်းချနိုင်ရန်လည်း အထူး လိုအပ်ပါသည်။
(၂)
သွင်းအားစုများအားရယူရာ တွင် ငွေပင်ငွေရင်းကြီးသောကော် ပိုရေးရှင်းကြီးများ၏ လက်ဝါးကြီး အုပ်မှုကို မြန်မာ့စိုက်ပျိုးမွေးမြူ ရေးသမားများ ခံစားနေရသည် မှာ ထင်ထင်ရှားရှားပင် ဖြစ်ပါ သည်။ သွင်းအားစုတစ်ခုကို ၀ယ် ယူလိုပါက အခြားသွင်းအားစုတစ် ခုကိုပါ ၎င်းတို့သတ်မှတ်သည့်ဈေး နှုန်းဖြင့် စိုက်ပျိုးမွေးမြူသူက လို ချင်သည်ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ တွဲဖက်ကုန်အဖြစ် ၀ယ်ယူ ရသည့် စနစ်သည် ဈေးကွက်စီး ပွားရေး လုံးဝမဟုတ်ဘဲ လက်ဝါး ကြီးအုပ်မှု သက်သက်သာဖြစ်ပါ သည်။ ချုပ်ကိုင်မှုသက်သက်သာ ဖြစ်ပါသည်။ ထို့အပြင် နောက် ထပ်ဈေးကွက်လက်ဝါးကြီးအုပ်မှု ပုံစံတစ်ခုမှာ ပြည်တွင်းရှိ သွင်းအားစု အရင်းအမြစ်များအား ပျောက်ဆုံးသွားအောင်၊ ပျက်စီး သွားအောင် ပြုလုပ်ပြီးဈေးကွက် တစ်ခုလုံးကို ချုပ်ကိုင်ခြယ်လှယ် ခြင်းမျိုးဖြစ်ပါသည်။ ဒေသခံသီးနှံ နှင့် တိရစ္ဆာန်မျိုးစိတ်များ ပျောက် ဆုံး သွားစေခြင်းဖြင့် ယှဉ်ပြိုင် ဘက်သွင်းအားစုများ၊ လုပ်ငန်း များ ပြိုလဲစေပြီးမှ ၎င်းတို့၏ သွင်း အားစုများကို ၎င်းတို့စိတ်တိုင်းကျ ဈေးနှုန်းဖြင့် ရောင်းချခြင်းများ ပြု လုပ်လေ့ရှိကြပါသည်။ ထို့ကဲ့သို့ သော အခြေအနေများကို ကာ ကွယ်တားဆီးရန်မှာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ၊စည်းကမ်း နည်းလမ်းများကို မျှတမှုရှိအောင် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းခြင်း၊ ပြ ဋ္ဌာန်းချက်များအား အသက်ဝင် စေရန် လက်တွေ့အကောင်အ ထည်ဖော်ခြင်းများ ဆောင်ရွက် ပေးရမည်ဖြစ်ရာ အဓိက တာဝန် မှာ ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သော လွှတ်တော်၊ ဥပဒေများနှင့်အညီ စီမံခန့်ခွဲရသော အစိုးရနှင့် တရားဥပဒေကို လက်တွေ့ကျင့်သုံးသောတရားရေးမဏ္ဍိုင်တို့တွင် တူညီမျှတစွာ တာဝန်ရှိပါသည်။
နှစ်ပေါင်းငါးဆယ်ကျော် ယို ယွင်းပျက်စီးခဲ့သော တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ များအရ လက်တွေ့ဆောင်ရွက် ရာတွင် အခက်အခဲများရှိနေလင့် ကစား လွတ်လပ်မျှတမှုရှိသော သွင်းအားစု ရောင်းချသူ (Supplies) များ ပေါ်ပေါက်လာ ရေးကို မဖြစ်မနေဆောင်ရွက်ရ မည်ဖြစ်ပါသည်။
(၃)
ခိုင်မာမှုရှိပြီး မျှတသောဈေး ကွက်ပေါ်ပေါက်လာရေးအတွက် ပြည်တွင်းစိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၏ ဈေးကွက်ကို ပျက်စီးစေသော တရားမ၀င်သွင်း ကုန်စည်စီးဆင်းမှုများကို ရပ်တန့် နိုင်ရန်လိုအပ်ပါသည်။ ပြည်တွင်း သို့ တရားမ၀င်ကုန်စည်များ ၀င် ရောက်လာမှုကို တားဆီးရာတွင် အဓိကစိန်ခေါ်မှုမှာစိုက်ပျိုး မွေး မြူရေးဆိုင်ရာ အာဏာပိုင်များနှင့် ကုန်သွယ်ရေး၊အကောက်ခွန်၊ ရဲ အစရှိသည့် အဖွဲ့အစည်းများ အကြား ရှင်းလင်းပြတ်သားသည့် တာဝန်ခွဲဝေမှု မရှိခြင်းဖြစ်ပါ သည်။ ထိုကဲ့သို့ တာဝန်ခွဲဝေမှု မရှင်းလင်းခြင်းက အဆိုပါအဖွဲ့ အစည်းများ၏ တာဝန်ယူမှု၊ တာ ၀န်ခံမှုကို လျော့ကျစေသလို အဂ တိလိုက်စားမှုအတွက်လည်း အ ထောက်အကူဖြစ်လာပါသည်။
စားသောက်ကုန်များ၏ ဈေး နှုန်းကြီးမြင့်မှုမှာ အကြောင်းရင်း များစွာရှိသော်လည်း ထုတ်လုပ် သူနှင့် စားသုံးသူများကြား ကြားခံ အဆင့်များလွန်းခြင်းကလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ထို အခြေအနေကိုကျော်လွှားနိုင်ရန် အတွက် အစိုးရပိုင်းက မူဝါဒပိုင်း အထောက်အပံ့ပေးရန် လိုအပ်သ ကဲ့သို့ ထုတ်လုပ်သူများဘက်က လည်း စုပေါင်းရောင်းချခြင်း (Collective Sale) ၊ သမ၀ါယမ စနစ်ဖြင့် ကုန်စည်ဒိုင်များ၊ သား သတ်ရုံများ၊ အအေးခန်းသိုလှောင် ရုံများ ထူထောင်ခြင်းအစရှိသည့် နည်းလမ်းများကိုစဉ်းစားသင့်ပါ သည်။
(၄)
စိုက်ပျိုးမွေးမြူရေးထုတ် ကုန်များကို တန်ဖိုးမြင့်ကုန်စည် များအဖြစ် ပြည်ပသို့တင်ပို့ရောင်း ချရန်အထိ ရည်ရွယ်ပါက နိုင်ငံ တကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရေး၊ အရည်အသွေးမြင့်မားရေး၊ ဘေးအန္တရာယ်ကင်း ရှင်းမှုရှိရေး စသည့်နိုင်ငံတကာ စားသုံးသူများ၏ လိုအင်ကို ဖြည့် ဆည်းပေးရန် လိုအပ်မည်ဖြစ်ပါ သည်။
အဓိကပြဿနာမှာ နိုင်ငံ တကာတွင် ကျင့်သုံးနေသောစိုက် ပျိုးမွေးမြူရေးဆိုင်ရာ စံနှုန်းများ ကို လိုက်နာရန်မှာမြန်မာ့စိုက်ပျိုး မွေးမြူရေးသမားများ အတွက် ခက်ခဲနေသေးခြင်းပင် ဖြစ်ပါသည်။ ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်များ (GAP) ၊ကောင်း မွန်သော မွေးမြူရေးကျင့်စဉ် (GAHP)၊ ကောင်းမွန်သော ရေ လုပ်ငန်းကျင့်စဉ်များ (GAQP) စ သည်ဖြင့် နိုင်ငံတကာစံသတ်မှတ် ချက်များကို လိုက်နာရန် ခက်ခဲနေ သေးသလို လိုက်နာခြင်း ရှိ၊မရှိကို အကဲဖြတ်ပေးရန်၊ ထောက်ခံပေး ရန်အတွက် လိုအပ်သော အဖွဲ့ အစည်းများ(Inspection and Certification Bodies) လည်း ပြည်တွင်းတွင်ကောင်းစွာ အခြေ မတည်နိုင်သေးပေ။
ထိုအခြေအနေကို ကျော် လွှားနိုင်ရန်အတွက် ပြည်တွင်းရှိ စိုက်ပျိုးမွေးမြူရေးအသင်းအဖွဲ့များ ပိုမိုအားကောင်းမောင်းသန် လာရန်လိုအပ်ပြီးအစိုးရနှင့်အဆို ပါအသင်းအဖွဲ့များ စုပေါင်းဖွဲ့ စည်းထားသော (Inspection and Certification Bodies) များ ဖွဲ့စည်းထူထောင်ရန် လိုအပ်ပါ သည်။
အဆိုပါအဖွဲ့အစည်းများ က စိုက်ပျိုးမွေးမြူသူများနှင့်လက် တွဲ၍ လက်ရှိအခြေအနေကို သုံး သပ်ခြင်း၊ လက်ရှိအခြေအနေမှ ရှေ့သို့တစ်ဆင့်တက်နိုင်၍ စိုက်ပျိုးမွေးမြူသူများ လိုက်နာသင့် သည့် လက်တွေ့ကျသော ထုတ် ကုန် အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာ ပြည်တွင်းစံနှုန်းများလမ်းညွှန်ချက်များ (Standard and Guidelines) ကိုရေးဆွဲ ပြဋ္ဌာန်းပေးရန် လိုအပ်ပါသည်။ ထိုသို့ပြဋ္ဌာန်းပြီးပါကလည်း ၎င်း တို့ကိုလိုက်နာ ကျင့်သုံးလာစေရန် အတွက် အမိန့်၊ အာဏာဖြင့် မဟုတ်ဘဲ ပညာပေးခြင်း၊ စည်းရုံး ခြင်း၊ မက်လုံးပေးခြင်းများဖြင့်ဆွဲ ဆောင်စည်းရုံးကာ စမ်းသပ်ကျင့် သုံးလိုသည့် စိုက်ပျိုးမွေးမြူသူများ (Volunteer Hero Farmers) များကို ရှာဖွေကာ စတင်ကျင့်သုံးခြင်းဖြင့် အခြားသူများကိုပါ ဆွဲဆောင် စည်းရုံးသွားနိုင်မည်ဖြစ်ပါသည်။ ပြည်တွင်း စံနှုန်းများ၊ လမ်းညွှန်ချက်များကို အခြေ အနေ၊ အချိန်အခါပေါ်မူ တည်၍ ပြန်လည်သုံးသပ်ခြင်း၊ ပြုပြင်ရေး ဆွဲခြင်းများပြုလုပ်ခြင်းဖြင့် နှစ် အနည်းငယ်ကြာသည့်အခါဒေသ တွင်းစံနှုန်းများ၊ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို အမီလိုက်ကာ အ ရည်အသွေးမြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကိုထုတ်လုပ်ရောင်းချလာနိုင်မည်ဖြစ်ပါသည်။
(၅)
စိုက်ပျိုးမွေးမြူရေးကဏ္ဍကို မှန်ကန်စွာ ပြုပြင်ပြောင်းလဲနိုင်ပါ က မြန်မာ့စီးပွားရေးကို အမှန်တ ကယ် ဦးမော့လာစေနိုင်သည်ဟူ သော သုံးသပ်ချက်များပေါ်ထွက် လာနေပါသည်။ အကယ်၍များ စိုက်ပျိုးမွေးမြူရေးကို အမှန်တ ကယ်အားပေးကူညီမည်ဆိုလျှင် ထည့်သွင်းစဉ်းစားသင့်သည့် အ ချက်များအား အကြံပြုဆွေးနွေး ခြင်းမျှသာ ဖြစ်ပါသည်။ ပညာရှင် များ၊ မူဝါဒချမှတ်သူများ၊ ပြည်သူ များက ၀ိုင်းဝန်းဆွေးနွေးဆုံးဖြတ် ကြပါကုန်။။

No comments:
Post a Comment