ဒီခေါင်းစဉ်က ပိုင်ရှင်ရှိပြီးသားပါ။ ကျွန်မပိုင်မဟုတ်ကြောင်း
ကြိုတင်ဝန်ခံထားပါရစေ။ ပိုင်ရှင် အစစ်က ဒါရိုက်တာ ‘ဝိုင်း’ပါ။ ဩဂုတ် ၂၀
ရက်နေ့ထုတ် 7Day နေ့စဉ်သတင်းစာထဲမှာ သတင်း ထောက် ဇွဲဉာဏ်ရေးခဲ့တဲ့ တာ
ထွက်ကောင်းခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဖို ရမ်ဆိုတဲ့ သတင်းအတိုလေးကို
ဖတ်မိပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်လို့ ကျွန်မဆောင်းပါးရေးချင်နေ တာကြာပါပြီ။
အခုဖိုရမ်သတင်း ကို ဖတ်လိုက်ရတာနဲ့ အတော်ဖြစ်သွားတဲ့အတွက် ဒါရိုက်တာဝိုင်း
ဖိုရမ်မှာ ဆွေးနွေးတဲ့ ခေါင်းစဉ်ကို ယူသုံးလိုက်ရခြင်းပါ။
မြန်မာ့ရုပ်ရှင်နဲ့ပတ်သက်လို့ ဖိုရမ်ဆိုတဲ့စကားဟာ ပထမဦးဆုံး အကြိမ် ကြားဖူးခြင်းပါ။ ဘယ် ခေတ်မှာမှ မကြားဖူးခဲ့ပါဘူး။ အား မနာတမ်းပြောရရင် အခုခေတ်လောက် မြန်မာ့ရုပ်ရှင်အဆင့်အ တန်းနိမ့်ကျလွန်းတာမျိုးလည်း ဘယ်ခေတ်မှာမှ မတွေ့ခဲ့ဖူးပါဘူး။ ဒီလိုပြောလိုက်လို့ ရုပ်ရှင်လောက သားတွေ စိတ်ဆိုးလည်း မတတ် နိုင်ပါ။ ဆရာလယ်တွင်းသားစော ချစ် စကားငှားပြောရရင်တော့ ‘ချစ်လို့ ပြောတယ်မှတ်ပါ’လို့ ပြော ရမှာပါပဲ။ တကယ်ချစ်ခဲ့တာပါ။ မြန်မာနိုင်ငံသားတစ်ယောက်အ နေနဲ့ မြန်မာရုပ်ရှင်ကို သိပ်ချစ်ခဲ့ တယ်ဆိုတာ မှန်သောသစ္စာစကား ပါ။ အခုတော့ ဘယ်လိုအကြောင်း တရားတွေက ကျွန်မတို့ကို ရုပ်ရှင် ရုံတွေဘက် ခြေဦးမလှည့်စေခဲ့ တာပါလဲ။
ဒီအကြောင်းတွေကို အဖြေ ရှာဖို့အတွက် ရုပ်ရှင်လောကသား တွေ ဖိုရမ်တစ်ခုအနေနဲ့ ကျင်းပ ပြီး အဖြေရှာကြတယ်လို့ နားလည်မိပါတယ်။ ဆွေးနွေးကြသူတွေက ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ မင်း သား၊ ကင်မရာမန်း၊ ဇာတ်ညွှန်း သမား အဲဒီလို အလွှာစုံပါတာ တွေ့ရသလို Post Production အနေနဲ့ ရုပ်ရှင်ရုံ ၁၀၀ ဆောက် လုပ်ဖို့ စီစဉ်နေသူလည်း ဝင်ဆွေး နွေးကြောင်း သတင်းက ဖော်ပြ ထားပါတယ်။ ကျွန်မ ဆွေးနွေး ချင်တာကတော့ ဖိုရမ်မှာမပါတဲ့ အလွှာဘက်က ဆိုပါတော့။ ဖိုရမ် မှာမပါပေမယ့် ရုပ်ရှင်လောက ကြီးတစ်ခုလုံးကို ကျွမ်းပစ်သွား အောင် မှောက်လိုမှောက် လှန်လို လှန် လုပ်နိုင်စွမ်းတဲ့ အလွှာဆိုရင် ပိုမှန်မလားပဲ။ ပရိသတ်ဆိုတဲ့အ အလွှာ။ ရုပ်ရှင်ကြည့် ချစ်ပရိ သတ်ကြီးဆိုတဲ့အလွှာ။
ပြည်သူ့အတွက် ရုပ်ရှင်လို့ ဆိုထားတဲ့အတွက် ပြည်သူကို ထည့်မစဉ်းစားလို့ လုံးဝမရပါ။ ရုပ်ရှင်နဲ့ ရပ်တည်ချင်ရင် ပရိသတ်ရှိ မှ။ အထူးသဖြင့် ရုပ်ရှင်ကြည့်တဲ့ ပြည်သူရှိမှ။ ကြည့်ရုံနဲ့လည်းမရ ကြိုက်မှ။ ဒေါ်အောင်ဆန်းစုကြည် မကြာခဏပြောဖူးတဲ့ စကားတစ် ခွန်းလိုပေါ့။ ပြည်သူထောက်ခံမှု မရရင် ဘယ်အဖွဲ့အစည်းမှ မရပ် တည်နိုင်ဘူးတဲ့။ အဲဒီစကား ရုပ် ရှင်မှာ ပိုထင်ရှားတယ်။ ပြည်သူ အများစု စိတ်ဝင်စားမှုမရှိတဲ့အ တွက် ရုပ်ရှင်ကြည့်သူနည်းလာ တယ်။ ရုပ်ရှင်ရုံတွေ လူမဝင်တဲ့အ တွက် တခြားစီးပွားရေးလုပ်ငန်း ရှင်တွေလက်ထဲကို ရုပ်ရှင်ရုံမြေ နေရာတွေ ရောက်ကုန်တယ်။ အဲ ဒီတော့ တင်စရာရုံမရှိလို့ တွက်ခြေမကိုက်၊ ရုံတင်ထားသော်လည်း လူမဝင်လို့ တွက်ခြေမကိုက် ဂျာ အေးသူ့အမေရိုက်သလို လက်ညှိုးတွေ အပြန်အလှန်ထိုးကြပါတော့ တယ်။
အခုများဆိုရင်လေ အရပ် ထဲမှာ ရုံးတွေ၊ ကျောင်းတွေမှာ အပြောများတဲ့စကား ‘တို့က မြန်မာကား မကြည့်ဘူး’တဲ့။ ဒီလို ပြောလို့ ရှင်ကော ကြည့်လားလို့ မေးရင် ကျွန်မလည်း ခေါင်းခါမှာ ပါ။ ဒါပေမဲ့ မြန်မာကားမကြည့် ဘူးလို့တော့ ကျွန်မပြောမထွက် ရက်ပါဘူး။ ကောင်းတဲ့ကားဆိုရင် တော့ ကျွန်မ ကြည့်မှာမို့လို့ပါ။ လောလောဆယ်တော့ ရုံထဲသွား ကြည့်ရလောက်အောင်ကို ရုပ်ရှင် တွေက ကျွန်မတို့ကို မဆွဲဆောင် နိုင်ဘူး ဖြစ်နေတယ်။ အဓိကက တော့ ရုပ်ရှင်ကားတွေရဲ့ နာမည် ပါပဲ။ ဇာတ်လမ်းရဲ့ သဘောတရားကို ခဏထားပါဦး ဇာတ်ကားရဲ့ နာ မည်နဲ့တင် ကြည့်ချင်စိတ် ပျောက်သွားတာပါ။ မြန်မာ့ဝေါဟာရတွေ ထဲက အဆင့်အတန်းအနိမ့်ဆုံး စကားလုံးတွေကို ဇာတ်ကားနာ မည်ပေးထားတယ်။ မြန်မာ့ရုပ်ရှင် ကို မြန်မာကိုယ်တိုင် အထင်မကြီး တာဟာ နာမည်က အစဆိုရင် ဘယ်သူငြင်းမလဲ။ ခံ့ခံ့ညားညား သိက္ခာရှိရှိ နာမည်တွေ မရွေးတတ်ကြတော့ဘူးလား။
လက်ရှိ မြန်မာကားတွေကို ကြည့်ပြီး အတမ်းတမိဆုံးကတော့ ရုပ်ရှင်ဝေဖန်ရေးမှာ အင်မတန် ပြောင်မြောက်တဲ့ ဆရာစိန်ခင် မောင်ရီပါပဲ။ ရုပ်ရှင်မဂ္ဂဇင်းတစ် စောင်ထဲမှာ လစဉ်ဖော်ပြတဲ့ ဆရာ့ရဲ့ ‘ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ’ ဆိုတဲ့ ဆောင်းပါးဟာ ရုပ်ရှင် လောကကြီးအတွက်ရော ရုပ်ရှင် ကြည့်ပရိသတ်တွေအတွက်ပါ အင်မတန်အဖိုးတန်တဲ့ ရုပ်ရှင်ဝေ ဖန်ရေးဆောင်းပါးပါ။
အဲဒီတုန်းက ရုပ်ရှင်သမား တွေဟာ ဝေဖန်ရေးကို အလေး ထားကြလို့လည်း သူတို့ရဲ့ အရည် အသွေးတွေ မကျဆင်းတာပါပါ လိမ့်မယ်။ ဝေဖန်ရေးဆရာတစ် ယောက်ရဲ့ ထောင့်စေ့တဲ့ကြည့် မြင်တတ်မှုကလည်း လက်ဖျားခါ လောက်တာကိုး။ ကျွန်မ မှတ်မိ တာလေး ပြောပြချင်ပါတယ်။ ဒါ ရိုက်တာမောင်တင်ဦးနဲ့ မင်းသား ကျော်ဟိန်းကို အကယ်ဒမီထပ်ရ စေခဲ့တဲ့ ‘ပန်းမြိုင်လယ်က ဥယျာဉ် မှူး’ရုပ်ရှင်အပေါ် ဆရာစိန်ခင် မောင်ရီ ဝေဖန်တဲ့ ဆောင်းပါးအ ကြောင်းပါ။
အဲဒီဇာတ်ကားမှာ နေအောင် ကလည်း အသစ်ပေမယ့် အတော် ကြည့်ကောင်းတဲ့မင်းသား။ ‘မီလာ ရှီကာစိုင်းဗေဒါ’ ဇာတ်ကားမှာ သမ္ဘာရင့်မင်းသား ကျော်ဟိန်းနဲ့ အပြိုင်သရုပ်ဆောင်ပြီး အကယ် ဒမီပူပူနွေးနွေးရထားသူ။ အခု ပန်းမြိုင်လယ်မှာလည်း သူတို့အတွဲပဲ။ ဒါရိုက်တာကလည်း အကယ်ဒမီ များရှင် မောင်တင်ဦးဆိုတော့ အဲ ဒီရုပ်ရှင်ဝက်ဝက်ကွဲ အောင်မြင် တာပေါ့။ ကျော်ဟိန်းပျောက်ပြီး တာတီးဖြစ်သွားလောက်အောင် ကို ရုပ်ရှင်လောကရဲ့ ဆရာတစ် ဆူ ဦးကျော်ဟိန်းရဲ့ သရုပ်ဆောင် ချက်ကလည်း အံ့မခန်း။ တကယ့် ကိုလည်း အကယ်ဒမီတွေ တသီ ကြီးချိတ်ခဲ့ပါတယ်။ အဲဒီလိုဇာတ် ကားမျိုးကိုတောင် ဆရာစိန်ခင် မောင်ရီက ကောင်းကွက်က သတ်သတ်၊ ဟာကွက်တွေ၊ လိုအပ်ချက်တွေကသတ်သတ် ထောက်ပြ သွားသေးတာ။
ဥပမာ နောက်ဆုံးအခန်းဆို ပါတော့ ဘီအီးဒီအောင်သိုက်ကို ဆရာတင်မှားပြီး နှစ်ပေါင်းများစွာ ဆိုးသွမ်းနေခဲ့တဲ့ တာတီး၊ တစ်ရွာ လုံးနဲ့တစ်ယောက် အမြဲရန်ဖြစ်နေ တဲ့ တာတီး။ ရွာရဲ့ ရွံကြောက်ကြီး တာတီးဟာ သူ့ကိုထားခဲ့ပြီး ရွာ လုံးကျွတ် ဘုရားပွဲသွားတာကို မကျေမနပ်နဲ့ အကုန်ရိုက်သတ် မယ်ဆိုပြီး နွားလှည်းကို ဒုန်းစိုင်း မောင်းရင်း မော်တော်ဆိပ်ကို လိုက်လာတယ်။ အဲဒီမှာ မှောက် ရက်လဲပါလေရော မျက်နှာကြီး သဲ ထဲမှောက်နေရာက သူမော့ကြည့်လိုက်တော့ စေတီလေးတစ်ဆူက သူ့အပေါ် အရိပ်ထိုးနေတယ်။ ဘုရားကို မော့ကြည့်ရင်း သူ့စိတ် တွေ ပျော့ပျောင်းလာပြီး ရွာကလူ တွေနဲ့ ပြန်အဆင်ပြေသွားတယ် ဆိုတဲ့ Message ကို ဒါရိုက်တာ က ပေးပါတယ်။ ဝေဖန်ရေးဆရာ ဆရာစိန်ခင်မောင်ရီက ဒီလိုတွေး ပါတယ်။ တစ်သက်လုံးဆိုးလာပြီး မှ ဘုရားအရိပ်ရောက်တာနဲ့ ချက် ချင်းလိမ္မာတယ်ဆိုတာ ဖြစ်နိုင်ပါ့ မလား။ ဒါရိုက်တာက မြန်မြန် ဇာတ်သိမ်းချင်တာနဲ့ပဲ တာတီး လိမ္မာတာ မြန်လိုက်တာတဲ့။ အဲဒီ လို ဝေဖန်ရေးမှာ လက်စောင်း ထက်တဲ့ ဆရာစိန်ခင်မောင်ရီ ဒီ နေ့ရုံတင်နေတဲ့ ရုပ်ရှင်တွေကို ကြည့်ပြီးရင် ဘာများပြောနိုင်ဦး မလဲ။ ဒါမှမဟုတ် ဝေဖန်ရေးလော ကကိုများ စွန့်ခွာသွားလေမလား သိချင်လိုက်တာ။ ဟာသကား တစ်ကား အောင်မြင်တာနဲ့ နောက်လူတွေကလည်း ဟာသကားတွေ လိုက်ရိုက်ပြီး ငါးပွက်ရာငါးစာချ လုပ်စားကြတယ်ထင်ပါရဲ့။ ဇာတ် အိမ်တွေကို ဖြစ်သလိုတည်၊ ပရိ သတ်ကို မရယ်ရယ်အောင် ကလိထိုးရယ်ခိုင်းသလို ဟာသကွက်တွေကလည်း အဆင့်မမီ၊ ရုပ်ရှင် ဇာတ်ကားနာမည်ကိုတောင် လူရို သေရှင်ရိုသေ မပေးတတ်ကြ တော့ဘူး။
သူခိုးဇာတ်ရုပ် ရိုက်တာနဲ့ပဲ ‘သူခိုး’လို့ နာမည်တပ်ရမလား။ ခါးပိုက်နှိုက်အကြောင်း ရိုက်တာ နဲ့ပဲ ရုပ်ရှင်နာမည်ကို ‘ခါးပိုက် နှိုက်’လို့ ပေးစရာလား။ အဲဒါဆို ကောလိပ်ဂျင်နေဝင်းက အရက် သမား၊ ကျော်ဟိန်းက ခါးပိုက် နှိုက် ဇာတ်ရုပ်နဲ့ ‘တစ်ဦးက စေ တနာ တစ်ဦးကမေတ္တာ’ ဇာတ်ကား ကို အခုခေတ် ဒါရိုက်တာတွေ ဘယ်လိုနာမည်ပေးကြမှာပါလိမ့်။ ကျော်ဟိန်းက ဆိုက်ကားသမား၊ ချိုပြုံးက ပြည့်တန်ဆာအဖြစ် သရုပ် ဆောင်တဲ့ ‘မွန်းတည့်ချိန်မှာ နေ ဝင်သည်’ဇာတ်ကားဆိုရင်ကော ဘယ်လိုများ နာမည်ပေးကြလိမ့် မလဲ သိချင်စမ်းလှတယ်။
ပြောချင်တာက ကြော်ငြာ မှာ ဖတ်လိုက်ရတဲ့ အမည်မှာက တည်းက ပရိသတ်စိတ်ဝင်စားမှု နည်းသွားရတဲ့အထဲ ဇာတ်လမ်း ကျတော့ကော အဖော်ကောင်းလို့၊မင်းသား၊ မင်းသမီးလေးတွေ ကြည့်ချင်လို့ ဝင်ကြည့်မိသူတွေအ ပြင် ရောက်ရင်မေးကြည့် ကောင်း လားလို့။ မဆိုးပါဘူးတို့၊ သိပ် လည်း မရယ်ရပါဘူးတို့ အဖြေမျိုး တွေပဲ ကြားရတယ်။ တီဗီအစီအ စဉ်တွေကြောင့်၊ ဗီဒီယိုတွေ ကြောင့်၊ ဖေ့စ်ဘွတ်ခ်ပေါ်လာလို့ ဆိုတဲ့ ဆင်ခြေဟာ မှန်သင့်သ လောက် မှန်တာမငြင်းပါဘူး။ ဒါ ပေမဲ့ မကောင်းလို့မကြည့်တာ ပို မှန်ပါတယ်။ တကယ်ကောင်းရင် တကယ်ကြည့်မှာပါ။တီဗီမျက်နှာပြင်နဲ့ ဖုန်းစကရင်ပေါ်က ပုံရိပ်ထက် ရုပ်ရှင်ရုံရဲ့ပိတ်ကားပေါ်က ပုံရိပ်တွေ၊ အသံစနစ်တွေက ပိုပြီးအရသာခံလို့ကောင်းတာ ကိုယ်တွေ့ပါ။ ဒါပေမဲ့ ရုပ်ရှင်ရုံအထိ လာကြည့်ရလောက်အောင်တန် တဲ့ကား၊ ကောင်းတဲ့ကားမှကြည့် ချင်ကြတာ လူတိုင်းပါ။ Titanic ဆိုတဲ့ ဇာတ်ကားကို တိပ်ခွေတွေ ခေတ်မှာကတည်းက အကြိမ်ပေါင်းများစွာ ကျွန်မတို့ကြည့်ဖူးပြီးသားပါ။မြန်မာပြည်မှာ ရုံတင်တော့လည်းရုပ်ရှင်ရုံမှာ သွားတိုးကြည့်တာပဲ၊ကောင်းတာကိုး။ လီယိုနာဒိုနဲ့ကိတ်ဝင်းစလက်ဟာ နာမည်ကြီးတွေမဟုတ်ပေမယ့် ဇာတ်အိမ်ခိုင်မာမှု၊ ဒါရိုက်တာရဲ့ ပညာရည်ပြည့်ဝမှုတွေကြောင့် ကမ္ဘာကျော်သွားတာဟာ အားကျစရာကြီးပါ။
ကျွန်မတို့နိုင်ငံဟာ မြန်မာ့ ရုပ်ရှင်သက်တမ်း နှစ် ၁၀၀ နီးပါး အတွေ့အကြုံအရ အင်မတန်အ ရည်အသွေးမီပြီး ကမ္ဘာ့အဆင့်မီ တဲ့ ရုပ်ရှင်တွေ ပေါ်ထွက်ခဲ့ဖူးပါ တယ်။ The Lady ဟာ ဇာတ်လမ်းကျောရိုးတစ်ခုပဲ မြန်မာက ယူထားပြီး ရိုက်တာမှန်ပေမယ့် မြန်မာပရိသတ်အတွက်တော့ မပြည့်မစုံကြီးပါ။ အဲဒီလိုဇာတ်လမ်းမျိုး မြန်မာဒါရိုက်တာတွေ မရိုက်နိုင်ကြဘူးလား။ မရိုက်ချင်တာလား၊ မရိုက်တတ်ကြတာလား။ တကယ်တော့ မြန်မာ့အာဏာရှင်ခေတ်တစ်လျှောက်လုံး ပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ခယောင်းလမ်းကြီးဟာ ရုပ်ရှင်ဇာတ်လမ်းတွေအတွက် အကောင်းဆုံးကုန်ကြမ်းတွေပေါ့။ အခုခေတ်မှာ ဒီလိုရုပ်ရှင်အဖြစ် အသက်သွင်းစရာကုန်ကြမ်းအများကြီးပါပဲ။
ဆရာလုပ်တယ်တော့ မထင်ပါနဲ့။ ဈေးကွက်ကို အဓိကထား ပြီး ရုပ်ရှင်ကို အရှုံးအမြတ်တွက် ရိုက်နေကျသရွေ့ မြန်မာ့ရုပ်ရှင် အဆင့်အတန်း နိမ့်နေမှာပါပဲ။ တကယ်ကောင်းအောင်ရိုက်နိုင် တဲ့ မြန်မာဒါရိုက်တာတွေမှာ တစ် ပုံကြီးပါ။ ဇာတ်လမ်းကောင်းတွေ ရိုက်ဖို့အတွက် တော်ရိလျော်ရိ ဇာတ်လမ်းတွေကို ဝိတ်လျှော့ လိုက်ပါ။ နောက်ပြီး တကယ် အောင်မြင်ကျော်ကြားတဲ့ဇာတ် ကားတွေဟာ မင်းသားကို ငွေပုံ ပေးပြီး ရိုက်ထားတာထက် ဒါရိုက် တာစိတ်တိုင်းကျ ရိုက်တာဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဇာတ်ကားတစ်ကားလုံးရဲ့ ကုန်ကျစရိတ်မှာ မင်းသားအ တွက် ပေးရတာက သုံးပုံတစ်ပုံဆို တဲ့ ကိစ္စကိုလည်း ဝိတ်လျှော့သင့် တယ်။ မင်းသားတစ်ယောက် တည်းနဲ့ ရုပ်ရှင်တစ်ကားဖြစ်တာ မှမဟုတ်ဘဲ။ အားလုံးကောင်းမှ တစ်ကားလုံးကောင်းမှာလေ။ အဲ ဒီလို ကောင်းပြီဆိုရင် ကျွန်မတို့ ပရိသတ်တွေကလည်း မကြည့်ဘဲ ကို မနေနိုင်ပါဘူး။ လာကြည့်ဖြစ် အောင်ကို ကြည့်မှာပါ။ ဒါကြောင့် ရုပ်ရှင်လောကအတွက် အရေး ကြီးဆုံးအလွှာဖြစ်တဲ့ ပရိသတ်အ လွှာအနေနဲ့ ပြောချင်တာကတော့ အပေါစားကားတွေ ဝိတ်လျှော့၊ ရုပ်ရှင်ကြည့်ပရိသတ်ကြီးရဲ့ ရင် ထဲအထိရောက်မယ့် ကားတွေကို ပဲ ရွေးပြီးရိုက်လို့ အကြံပြုလိုက် ချင်ပါတယ်။

ဂျေလှသင်

No comments:
Post a Comment