ပဲခူးမြို့အတွင်းလှည့်
ကင်းတာဝန်ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်ထိုးသူအား
ဖမ်းဆီးရမိပြီး အရေးယူထားကြောင်း သတင်းရရှိ သည်။
ပဲခူးမြို့တွင် သြဂုတ် ၁၇ရက် ညနေ ၆နာရီ၌ ပဲခူးမြို့ရဲအကူ တပ်ခွဲမှ တပ်ဖွဲ့ဝင် ၃၀ဦးစက်ဘီး ဖြင့် ကင်းလှည့်နေခိုက် ရဲတပ်သားကျော်သန်းဝင်းသည် နောက်၌ကျန်ခဲ့စဉ်လျှပ်စစ်ပစ္စည်းဆိုင်ရှေ့အရောက်တွင် ဓားဖြင့်ထိုးခံရ ကြောင်း ပဲခူးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘ရဲတပ်သားက စက်ဘီးစီး ပြီးလိုက်လာတာ နောက်မှာကျန်ခဲ့ တယ်။ စိန်ဟင်းလျှပ်စစ်ပစ္စည်း ဆိုင်ရှေ့ရောက်တော့ သူ့စက်ဘီး ရှေ့ ဆိုင်ကယ်ကျော်ရပ်ပြီးအမျိုး သားနှစ်ဦးဆင်းလာတယ်။ တစ်ဦးက ရဲတပ်သားလည်ပင်းကို ဓားနဲ့ထိုးလို့ သုံးလက်မလောက်ပြတ်ရှဒဏ်ရာရခဲ့ပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
ရဲတပ်သားကို ဓားဖြင့်ထိုးခဲ့ သူသည် အသက် (၂၁)နှစ်အရွယ်ရှိ ငလက်မ(ခ)၀မ်ချိုင်း၊ နတ်သျှင် နောင်လမ်း ဥသာမြို့သစ်(၂)ရပ် ကွက် ပဲခူးမြို့နေသူဖြစ်ကာအတူ ပါသူအမျိုးသားမှာ အသက်(၁၈) နှစ်အရွယ်ရှိ အောင်သူဖြိုး(ပထမ နှစ်-သင်္ချာ) ပဲခူးတက္ကသိုလ် ကျောင်းသားဖြစ်ပြီး ၎င်းကို တက္ကသိုလ်ကျောင်းသားရေးရာဌာနမှူးထံအပ်နှံခဲ့သည်။
‘‘ကျောင်းသားကတော့ ဘုရားလမ်း မြအေးယဉ်ဘော်ဒါ ဆောင်မှာနေတယ်။ သူကတော့ ဓားထိုးမှုမှာ မပါလို့ ပဲခူးတက္က သိုလ်ကျောင်းသားရေးရာဌာနမှူး ဦးမွန်နိုင်ရှေ့မှာ ပြန်အပ်လိုက် တယ်။ ဓားနဲ့ထိုးတဲ့တစ်ယောက် ကိုတော့ ဖမ်းမိထားပြီး စစ်ဆေး နေတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
ဓားဖြင့်ထိုးသူ ငလက်မ(ခ) ၀မ်ချိုင်းကို ပဲခူးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၂ လက် နက်ပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်ထား ပြီး စီးနင်းလာသည့်ဆိုင်ကယ်ကို နံပါတ်ပြားမရှိ လိုင်စင်ရှိ၊မရှိ စစ်ဆေးနေကြောင်းသိရသည်။

No comments:
Post a Comment