ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အလို့ငှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ Disarmament, Demobilization and Reintegration-DDR နှင့် Security Sector Reform-SSR လုပ်ငန်းစဉ်များကို လေ့လာရန် တပ်မတော်နှင့် KNU အဖွဲ့ကိုယ်စားလှယ်များ ကိုလံဘီယာနိုင်ငံသို့ထွက်ခွာ
နေပြည်တော်၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အလို့ငှာ ဒီဇင်ဘာ ၂ ရက်မှ ၁၁ ရက်အထိ ကိုလံဘီယာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်နေရာချထားခြင်း၊ ပြန်လည် ပေါင်းစည်းခြင်း၊ (Disarmament ၊ Demobilization ၊ Reintegration-DDR) နှင့် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှု (Security Sector Reform-SSR) လုပ်ငန်းစဉ်များ လေ့လာရန်အတွက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ဗိုလ်ချုပ်မင်းနောင်နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ တာဝန်ရှိသူများ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့မှ ဦးစောထူးထူးလေး၊ ဦးစောမိုရှေး၊ ဒေါ်နော်ကပေါ်ထူးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှထွက်ခွာကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment