Thursday, December 3, 2015

ကယ္လီဖိုးနီးယား ျပည္နယ္ ေတာင္ပိုင္း၌ ေသနတ္ပစ္ခတ္မႈ က်ဴးလြန္သူ ႏွစ္ဦးအား အေသဖမ္းဆီးရမိျပီး ေဖာက္ခြဲေရး ပစၥည္းမ်ား ေတြ႕ရွိ

ကယ္လီဖိုးနီးယား ျပည္နယ္ ေတာင္ပိုင္း၌ ေသနတ္ပစ္ခတ္မႈ က်ဴးလြန္သူ ႏွစ္ဦးအား အေသဖမ္းဆီးရမိျပီး ေဖာက္ခြဲေရး ပစၥည္းမ်ား ေတြ႕ရွိ

ေလာ႔စ္အိန္ဂ်လစ္၊ ဒီဇင္ဘာ ၃ ရက္ (ဆင္ဟြာ)

ကယ္လီဖိုးနီးယား ျပည္နယ္ ေတာင္ပိုင္း  ဆန္ဘားနာ ဒီႏိုၿမိဳ႕ လူမႈေရး ဝန္ေဆာင္မႈ စင္တာ အတြင္း ဒီဇင္ဘာလ ၂ ရက္ေန႕က ျဖစ္ပြားခဲ့သည့္ ေသနတ္ ပစ္ခတ္မႈေၾကာင့္ အနည္းဆံုး လူ ၁၄ ေယာက္ ေသဆံုးခဲ့ၿပီး ၁၇ ေယာက္ ထိခိုက္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း ႏွင့္ ပစ္ခတ္မႈ က်ဴးလြန္သူ အမ်ိဳးသား တစ္ေယာက္ ႏွင့္ အမိ်ဳးသမီး တစ္ေယာက္အား အေသ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆန္ဘားနာ ဒီႏိုၿမိဳ႕ ရဲတပ္ဖြဲ႕အႀကီးအကဲ ဂ်ာရတ္ ဘာဂူအန္ (Jarrod Burguan) က ပစ္ခတ္မႈ ျဖစ္ပြားခဲ့သည့္ ကုန္းတြင္းပိုင္း ေဒသဆိုင္ရာ စင္တာ  အတြင္း ရဲတပ္ဖြဲ႕မွ ေဖာက္ခြဲေရး ကိရိယာ အျဖစ္ ယူဆရသည့္ ပစၥည္းအား ရွာေဖြေတြ႕ရွိခဲ့ၿပီး ထိုအေဆာက္အဦးအား ရွာေဖြမႈမ်ား ဆက္လက္ လုပ္ေဆာင္လ်က္ ရွိေၾကာင္း သတင္းစာ ရွင္းလင္းပြဲ ၌ ေျပာၾကားခဲ့သည္။
အေသ ဖမ္းဆီးရမိသည့္ က်ဴးလြန္သူ ႏွစ္ေယာက္သည္ ရိုင္ဖယ္ ေသနတ္မ်ားႏွင့္  လုပ္ေသနတ္မ်ား အား ကိုင္ေဆာင္ထားေၾကာင္း သိရသည္။ ၄င္းတို႕သည္ အခင္းျဖစ္ပြားရာ ေနရာႏွင့္ မိုင္မ်ားစြာ ေဝးသည့္ လူေန ဧရိယာအတြင္း ရဲတပ္ဖြဲ႕ႏွင့္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး  ပစ္ခတ္မႈအတြင္း ႏွစ္ဦးစလံုး ေသဆံုးခဲ့ေၾကာင္း သိရသည္။
FBI လက္ေထာက္ ဒါရုိက္တာ ေဒးဗစ္ ဘူဒစ္ခ်္ (David Boudich) က အဆိုပါ ပစ္ခတ္မႈသည္ အၾကမ္းဖက္ တိုက္ခိုက္မႈ တစ္ခု ဟုတ္၊ မဟုတ္ ခြဲျခားႏုိင္ရန္ မေသခ်ာေသးေၾကာင္းႏွင့္ အျခား ထင္ရွားသည့္ အေထာက္အထားမ်ား လိုအပ္ေနေသးေၾကာင္း ေျပာၾကားခဲ့သည္။
ပစ္ခတ္မႈအတြင္း ရဲအရာရွိ တစ္ေယာက္ ထိခိုက္ဒဏ္ရာ အနည္းငယ္ ရရွိခဲ့ေၾကာင္းသိရသည္။
ရဲတပ္ဖြဲ႕ က က်ဴးလြန္သူမ်ားသည္ ေျပာင္းရွည္ ေသနတ္မ်ား၊ မ်က္ႏွာဖံုးမ်ား၊ က်ည္ကာ အက်ႌမ်ား ဝတ္ဆင္လာကာ ႀကိဳတင္ ျပင္ဆင္လာခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ၄င္းတို႕သည္ ဆန္ဘားနာ ဒီႏို က်န္းမာေရး႒ာန မွ ငွားရမ္းထားသည့္ ညီလာခံ အခန္းအတြင္းသို႕ အတင္း ဝင္ေရာက္လာၿပီး  စတင္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ပစ္ခတ္မႈ ျဖစ္ပြားစဥ္ အေဆာက္အဦအတြင္း ၌ လူရာေပါင္းမ်ားစြာ ရွိေနၿပီး အမ်ားစုမွာ အျပင္သို႕ ထြက္ေျပးလာႏုိင္၍ ထိခိုက္မႈ မရွိခဲ့ေၾကာင္းသိရသည္။
အေမရိကန္ သမၼတ ဘားရက္ အိုဘာမား (Barack Obama) က ပစ္ခတ္မႈႏွင့္ ပတ္သက္၍ အမိေျမ လံုျခံဳေရး အရာရွိမ်ား ႏွင့္ ရွင္းလင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။ ၄င္းက  အျခား ႏုိင္ငံမ်ားတြင္လည္း ထိုကဲ့သုို႕ ျဖစ္ပြားျခင္း မရွိေသာေၾကာင့္ ယခုျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈအား သာမန္ရိုးက် ျဖစ္စဥ္တစ္ခုအေနျဖင့္ မေတြးထင္သင့္ေၾကာင္း ေျပာၾကားခဲ့သည္။  (Xinhua)

---------------------------------------------
(Unicode Version)
ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း၌ သေနတ်ပစ်ခတ်မှု ကျူးလွန်သူ နှစ်ဦးအား အသေဖမ်းဆီးရမိပြီး ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိ
လော့စ်အိန်ဂျလစ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း  ဆန်ဘားနာ ဒီနိုမြို့ လူမှုရေး ဝန်ဆောင်မှု စင်တာ အတွင်း ဒီဇင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် သေနတ် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ပြီး ၁၇ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ပစ်ခတ်မှု ကျူးလွန်သူ အမျိုးသား တစ်ယောက် နှင့် အမျိုးသမီး တစ်ယောက်အား အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆန်ဘားနာ ဒီနိုမြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဂျာရတ် ဘာဂူအန် (Jarrod Burguan) က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကုန်းတွင်းပိုင်း ဒေသဆိုင်ရာ စင်တာ  အတွင်း ရဲတပ်ဖွဲ့မှ ဖောက်ခွဲရေး ကိရိယာ အဖြစ် ယူဆရသည့် ပစ္စည်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ထိုအဆောက်အဦးအား ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။
အသေ ဖမ်းဆီးရမိသည့် ကျူးလွန်သူ နှစ်ယောက်သည် ရိုင်ဖယ် သေနတ်များနှင့်  လုပ်သေနတ်များ အား ကိုင်ဆောင်ထားကြောင်း သိရသည်။ ၄င်းတို့သည် အခင်းဖြစ်ပွားရာ နေရာနှင့် မိုင်များစွာ ဝေးသည့် လူနေ ဧရိယာအတွင်း ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး  ပစ်ခတ်မှုအတွင်း နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။
FBI လက်ထောက် ဒါရိုက်တာ ဒေးဗစ် ဘူဒစ်ချ် (David Boudich) က အဆိုပါ ပစ်ခတ်မှုသည် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဟုတ်၊ မဟုတ် ခွဲခြားနိုင်ရန် မသေချာသေးကြောင်းနှင့် အခြား ထင်ရှားသည့် အထောက်အထားများ လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။
ပစ်ခတ်မှုအတွင်း ရဲအရာရှိ တစ်ယောက် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ က ကျူးလွန်သူများသည် ပြောင်းရှည် သေနတ်များ၊ မျက်နှာဖုံးများ၊ ကျည်ကာ အင်္ကျီများ ဝတ်ဆင်လာကာ ကြိုတင် ပြင်ဆင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ၄င်းတို့သည် ဆန်ဘားနာ ဒီနို ကျန်းမာရေးဋ္ဌာန မှ ငှားရမ်းထားသည့် ညီလာခံ အခန်းအတွင်းသို့ အတင်း ဝင်ရောက်လာပြီး  စတင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်ပွားစဉ် အဆောက်အဦအတွင်း ၌ လူရာပေါင်းများစွာ ရှိနေပြီး အများစုမှာ အပြင်သို့ ထွက်ပြေးလာနိုင်၍ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။
အမေရိကန် သမ္မတ ဘားရက် အိုဘာမား (Barack Obama) က ပစ်ခတ်မှုနှင့် ပတ်သက်၍ အမိမြေ လုံခြုံရေး အရာရှိများ နှင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ၄င်းက  အခြား နိုင်ငံများတွင်လည်း ထိုကဲ့သိုု့ ဖြစ်ပွားခြင်း မရှိသောကြောင့် ယခုဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအား သာမန်ရိုးကျ ဖြစ်စဉ်တစ်ခုအနေဖြင့် မတွေးထင်သင့်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)

No comments: