Thursday, December 3, 2015

ျမန္မာႏုိင္ငံမွ ကယ္ဆယ္ထားေသာ ေလွစီး သြားလာသူမ်ား အနက္ အတည္ျပဳၿပီး ဘဂၤလားေဒ့ရွ္ ႏုိင္ငံသား ၄၈ ဦး ေနရပ္ ျပန္ပို႔

ျမန္မာႏုိင္ငံမွ ကယ္ဆယ္ထားေသာ ေလွစီး သြားလာသူမ်ား အနက္ အတည္ျပဳၿပီး ဘဂၤလားေဒ့ရွ္ ႏုိင္ငံသား ၄၈ ဦး ေနရပ္ ျပန္ပို႔

ရန္ကုန္၊ ဒီဇင္ဘာ ၃ ရက္ (ဆင္ဟြာ)

ျမန္မာႏုိင္ငံမွ ကယ္ဆယ္ထားသည့္ ေလွစီး သြားလာသူမ်ား အနက္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံသား အျဖစ္ ထပ္မံ အတည္ျပဳၿပီးသူ (၄၈) ဦးကုိ ေနရပ္ ျပန္ပို႔ခဲ့ေၾကာင္း ႏိုင္ငံပိုင္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။
အဆိုပါ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသား ၄၈ ဦးကို ဒီဇင္ဘာလ ၂ ရက္ ညေနပုိင္းတြင္ ေတာင္ၿပိဳ (လက္ဝဲ) ၿမိဳ႕၌ ႏွစ္ႏုိင္ငံ အလံတင္ အစည္းအေဝး က်င္းပၿပီးေနာက္ ႏွစ္ႏုိင္ငံ နယ္စပ္မွ တစ္ဆင့္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္သုိ႔ တရားဝင္ ျပန္လည္ လႊဲေျပာင္းေပးခဲ့သည္။
ယင္းလႊဲေျပာင္းသည့္ အခမ္းအနားသုိ႔ ျမန္မာႏုိင္ငံဘက္မွ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ ရဲမွဴးႀကီး မ်ဳိးေဆြ၊ ယာယီ ဒုတိယ ရဲမွဴးႀကီး ေက်ာ္ေတဇႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္မွ နယ္ျခားေစာင့္တပ္ ကြပ္ကဲေရးမွဴး အမ္အမ္ အနီဆူရာမန္ႏွင့္ စစ္ေတြၿမိဳ႕ရွိ ဘဂၤလားေဒ့ရွ္ ေကာင္စစ္ဝန္ မာဘူဘာ ရာမန္တုိ႔ တက္ေရာက္ ခဲ့ၾကၿပီး ျမန္မာႏုိင္ငံဘက္မွ ေမာင္ေတာခရုိင္ လူဝင္မႈ ႀကီးၾကပ္ေရးမွဴး ဒုတိယ ညႊန္ၾကားေရးမွဴး ဦးေစာႏုိင္ ဦးေဆာင္ေသာ အဖြဲ႕မွ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္ တပ္ရင္း အမွတ္ (၁၇) တပ္ရင္းမွဴး ဒုတိယ ဗုိလ္မွဴးႀကီး အီမရမ္အူလာဆာကာ ဦးေဆာင္သည့္ အဖြဲ႕ထံသုိ႔ ဘဂၤလားေဒ့ရွ္ ႏုိင္ငံသား (၄၈) ဦးကုိ လႊဲေျပာင္းေပးခဲ့ရာ ယေန႔ညေန ၃ နာရီ ၁၅ မိနစ္တြင္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံသုိ႔ ျပန္လည္ ေခၚေဆာင္ သြားခဲ့သည္။
ျမန္မာႏုိင္ငံ အေနျဖင့္ ကယ္ဆယ္ထားသည့္ ေလွစီးသြားလာသူမ်ား အနက္မွ အတည္ျပဳၿပီး ဘဂၤလားေဒ့ရွ္ ႏုိင္ငံသား စုစုေပါင္း (၇၇၇) ဦးကုိ ၎တုိ႔၏ မူရင္း ေနရပ္ျဖစ္သည့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဘက္သုိ႔ (၇) ႀကိမ္ခြဲ၍ ျပန္လည္ ပုိ႔ေဆာင္ၿပီး ျဖစ္သည္။
ႏုိင္ငံသား စိစစ္ရန္ က်န္ရွိသူမ်ားကုိ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဘက္မွ စိစစ္မႈမ်ား ဆက္လက္ ျပဳလုပ္လ်က္ ရွိေၾကာင္းႏွင့္ စိစစ္ အတည္ျပဳၿပီး ပါက မူရင္း ႏုိင္ငံသုိ႔ အျမန္ဆုံး ျပန္လည္ ပုိ႔ေဆာင္ႏုိင္ေရး ဆက္လက္ ေဆာင္ရြက္ မည္ျဖစ္ေၾကာင္း ႏုိင္ငံျခားေရး ဝန္ႀကီးဌာနမွ သိရသည္။  (Xinhua)
---------------------------------------------
(Unicode Version)
မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသော လှေစီး သွားလာသူများ အနက် အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၈ ဦး နေရပ် ပြန်ပို့
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် လှေစီး သွားလာသူများ အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် ထပ်မံ အတည်ပြုပြီးသူ (၄၈) ဦးကို နေရပ် ပြန်ပို့ခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၈ ဦးကို ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) မြို့၌ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ကျင်းပပြီးနောက် နှစ်နိုင်ငံ နယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တရားဝင် ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
ယင်းလွှဲပြောင်းသည့် အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးကြီး မျိုးဆွေ၊ ယာယီ ဒုတိယ ရဲမှူးကြီး ကျော်တေဇနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ နယ်ခြားစောင့်တပ် ကွပ်ကဲရေးမှူး အမ်အမ် အနီဆူရာမန်နှင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မာဘူဘာ ရာမန်တို့ တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် ဦးဆောင်သော အဖွဲ့မှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်း အမှတ် (၁၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အီမရမ်အူလာဆာကာ ဦးဆောင်သည့် အဖွဲ့ထံသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၄၈) ဦးကို လွှဲပြောင်းပေးခဲ့ရာ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် ကယ်ဆယ်ထားသည့် လှေစီးသွားလာသူများ အနက်မှ အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း (၇၇၇) ဦးကို ၎င်းတို့၏ မူရင်း နေရပ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ (၇) ကြိမ်ခွဲ၍ ပြန်လည် ပို့ဆောင်ပြီး ဖြစ်သည်။
နိုင်ငံသား စိစစ်ရန် ကျန်ရှိသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ စိစစ်မှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်းနှင့် စိစစ် အတည်ပြုပြီး ပါက မူရင်း နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက် မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။  (Xinhua)

No comments: