Thursday, December 3, 2015

ႏုိင္ငံေရး မူေဘာင္ မူၾကမ္းကို ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲ ေကာ္မတီ အစည္းအေဝး၌ အတည္ျပဳမည္

ႏုိင္ငံေရး မူေဘာင္ မူၾကမ္းကို ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲ ေကာ္မတီ အစည္းအေဝး၌ အတည္ျပဳမည္

ရန္ကုန္၊ ဒီဇင္ဘာ ၃ ရက္ (ဆင္ဟြာ)

အစိုးရ၊ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕မ်ားႏွင့္ ႏုိင္ငံေရးပါတီ အစုအဖြဲ႕တုိ႔မွ ကုိယ္စားလွယ္မ်ား ေဆြးေႏြးေနေသာ ႏုိင္ငံေရး ေဆြးေႏြးမႈ ဆုိင္ရာ မူေဘာင္ မူၾကမ္းကို ဒီဇင္ဘာလ ၁၄ ရက္တြင္ ျပဳလုပ္မည့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲ ေကာ္မတီ (UPDJC) အစည္းအေဝး၌ အတည္ျပဳမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရး လုပ္ငန္း ေကာ္မတီ (UPWC) ထံမွ သိရသည္။

အဆိုပါ ႏုိင္ငံေရး ေဆြးေႏြးမႈဆုိင္ရာ မူေဘာင္မူၾကမ္း ေဆြးေႏြးပြဲကို အစိုးရ၊ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕မ်ားႏွင့္ ႏုိင္ငံေရး ပါတီအစုအဖြဲ႕တုိ႔မွ ကုိယ္စားလွယ္မ်ားက ဒီဇင္ဘာလ ၁ ရက္ တြင္ စတင္ ေဆြးေႏြးလ်က္ ရွိသည္။

UPDJC ကို အစိုးရ၊ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕မ်ားႏွင့္ ႏုိင္ငံေရး ပါတီတုိ႔မွ ကုိယ္စားလွယ္ ၁၆ ဦးစီ  စုစုေပါင္း ၄၈ ဦးျဖင့္ ဖြဲ႕စည္းထားသည္။

ယင္းေကာ္မတီဝင္မ်ား အနက္မွ အစုအဖြဲ႕တစ္ခုလွ်င္ ရွစ္ဦးစီ စုစုေပါင္း ၂၄ ဦးျဖင့္ ႏုိင္ငံေရး ေဆြးေႏြးမႈဆုိင္ရာ မူေဘာင္မူၾကမ္း ေရးဆြဲေရး ေကာ္မတီကို ႏုိဝင္ဘာလ ၂၄ ရက္က ဖြဲ႕စည္းကာ ႏုိဝင္ဘာလ ၂၇ ရက္၊ ၂၈ ရက္ႏွင့္ ၃၀ ရက္မ်ားတြင္ မူေဘာင္ ေရးဆြဲေရး အတြက္ မူဝါဒပုိင္း ဆုိင္ရာ ေဆြးေႏြးခဲ့ၿပီး ဒီဇင္ဘာလ ၁ ရက္မွ စတင္ကာ အစုအဖြဲ႕တစ္ခုလွ်င္ ကုိယ္စားလွယ္ သုံးဦးစီျဖင့္ မူေဘာင္ မူၾကမ္းကို စတင္ ေရးဆြဲခဲ့ျခင္း ျဖစ္ၿပီး ငါးရက္အတြင္း ၿပီးစီးေအာင္ ေဆာင္ရြက္ရန္ စီစဥ္ထားေၾကာင္း သိရသည္။  (Xinhua)
---------------------------------------------
(Unicode Version)
နိုင်ငံရေး မူဘောင် မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေး၌ အတည်ပြုမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ ဆွေးနွေးနေသော နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် မူကြမ်းကို ဒီဇင်ဘာလ ၁၄ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး၌ အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ထံမှ သိရသည်။

အဆိုပါ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ဆွေးနွေးပွဲကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဒီဇင်ဘာလ ၁ ရက် တွင် စတင် ဆွေးနွေးလျက် ရှိသည်။

UPDJC ကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီတို့မှ ကိုယ်စားလှယ် ၁၆ ဦးစီ  စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားသည်။
ယင်းကော်မတီဝင်များ အနက်မှ အစုအဖွဲ့တစ်ခုလျှင် ရှစ်ဦးစီ စုစုပေါင်း ၂၄ ဦးဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ရေးဆွဲရေး ကော်မတီကို နိုဝင်ဘာလ ၂၄ ရက်က ဖွဲ့စည်းကာ နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၃၀ ရက်များတွင် မူဘောင် ရေးဆွဲရေး အတွက် မူဝါဒပိုင်း ဆိုင်ရာ ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ စတင်ကာ အစုအဖွဲ့တစ်ခုလျှင် ကိုယ်စားလှယ် သုံးဦးစီဖြင့် မူဘောင် မူကြမ်းကို စတင် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ငါးရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။  (Xinhua)

No comments: