Thursday, December 3, 2015

ပုဒ်မ ၅၉ (စ) ကျော်လွှားပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သမ္မတ ဖြစ်နိုင်မလဲ =========

ပုဒ်မ ၅၉ (စ) ကျော်လွှားပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သမ္မတ ဖြစ်နိုင်မလဲ
==========================
၃..၁၂..၁၅
-
နိုင်ငံခြားသား သား ၂ ဦးရှိနေတဲ့ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နဲ့ငြိစွန်းနေတာမို့ သမ္မတ ဖြစ်ဖို့ မလွယ်ကူပေမယ့် သမ္မတ ဖြစ်ဖို့ နည်းလမ်းတွေရှိနေပါသေးတယ်။
-
ပထမ ၁ နည်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်တဲ့နည်းပါ။ ဒီနည်းလမ်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ထောက်ခံချက်လိုသလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ လုပ်ဆောင်ရတာမို့ မလွယ်ကူပါဘူး။ NLD အနေနဲ့လည်း ဇန်နဝါရီ ၃၁ ရက်ကျော်တာနဲ့ လွှတ်တော်သစ်ခေါ် သမ္မတ တင်မြှေက်ပြီး အစိုးရဖွဲ့ရမှာမို့ အချိန်တိုတွင်း ပုဒ်မ ၅၉ (စ) ပြင်ဖို့ မလွယ်ပါဘူး။ ဒီနည်းနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။
-
ဒုတိယနည်းကတော့ မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးကို မြန်မာနိုင်ငံသားတွေအဖြစ် ပြန်လက်ခံဖို့ပါပဲ။ စစ်အစိုးရက သား ၂ ဦးရဲ့ နိုင်ငံသားကတ်တွေ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် သား ၂ ဦးရဲ့ သိမ်းဆည်းထားတဲ့ မြန်မာနိုင်ငံသားကတ်တွေနဲ့ မိသားစုဝင်တွေကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု နိုင်ငံသားကတ်ထုတ် အမြန်ပြန်ထုတ်ပေးရင်တော့ အခြေခံဥပဒေလည်းပြင်စရာမလိုဘဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ကောင်းမွန်နိုင်ပါတယ်။ သမ္မတကြီးဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရလည်းပေါ်ပေါက်လာနိုင်ပါတယ်။
-
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် ကန့်သတ်ထားရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ ပိုကြီးလာဖို့ပဲရှိပါတယ်။ သမ္မတ ဖြစ်ခွင့်မရရင်တော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရာထူးကို ရယူပြီး ဥပဒေပြုရေး အာဏာကိုချုပ်ကိုင်နိုင်သလို ဒေါ်အောင်ဆန်းစုကြည် ခန့်အပ်ထားတဲ့ရုပ်သေးရုပ် သမ္မတကလည်း ဒေါ်အောင်ဆန်းစုကြည်နောက်မှာပဲ နေရမှာမို့ အုပ်ချုပ်ရေးအာဏာကိုလည်း ဒေါ်အောင်ဆန်းစုကြည် ရထားမှာပါပဲ။ ပြည်ထောင်စုတရားသူကြီးချုပ်ကိုလည်း NLD လွှတ်တော်နဲ့ NLD သမ္မတကပဲ ခန့်အပ်ရတာမို့ တရားစီရေး အာဏာကလည်း ဒေါ်အောင်ဆန်းစုကြည်မှာရှိနေပြန်ပါတယ်။
-
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်မလာရင် NLD ပါတီဥက္ကဋ္ဌ ရာထူးစွန့်စရာ မလိုတော့တဲ့အတွက် ပါတီနိုင်ငံရေး ဆက်လုပ်နိုင်ပြီး ပါတီကိုလည်း ဆက်ချုပ်ထားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်ခွင့်ရရင် အုပ်ချုပ်ရေးမဏ္ဍိုင်အကြီးအကဲပဲ လုပ်ခွင့်ရပြီး အခြားမဏ္ဍိုင်တွေကို မထိန်းချုပ်နိုင်တဲ့အပြင် ပါတီဥက္ကဋ္ဌလည်း မလုပ်နိုင်ဘဲ ယာယီစွန့်လွှတ်ရမှာဖြစ်ပါတယ်။
-
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရရင်တော့ သမ္မတ အထက်မှာရှိတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်အကြီးအကဲ ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်ရှိနေတဲ့ ဥပဒေပြုရေး မဏ္ဍိုင်အကြီးအကဲ၊ တရားစီရင်ရေး မဏ္ဍိုင်အကြီးအကဲ ၊ NLD ပါတီဥက္ကဌ ရာထူး ဆက်လက် လုပ်ကိုင်နိုင်တဲ့ မဏ္ဍိုင်အားလုံးကို ဦးဆောင်သူဖြစ်လာမှာပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရှိရင် ကမ္ဘာမှာ မဏ္ဍိုင်အားလုံးကို ဦးဆောင်တဲ့ အာဏာအရှိဆုံး ခေါင်းဆောင်ဖြစ်လာမှာ အသေအချာပါပဲ။
-
တတိယနည်းကတော့ NLD အစိုးရ ၊ NLD သမ္မတ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် သား ၂ ဦးကို နိုင်ငံသားအဖြစ် ပြန်လက်ခံပြီး NLD သမ္မတက ရာထူးဆင်းပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် NLD အစိုးရလက်ထက်မှာ NLD လွှတ်တော်က တင်မြောက်လို့ရပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ချက်ချင်းမဟုတ်ရင်တောင် ၂၀၁၆ မှ ၂၀၂၀ အတွင်း ကြိုက်တဲ့အချိန် သမ္မတ လုပ်လို့ ရတဲ့အခွင့်အရေးရှိနေပါတယ်။
==========
The Irrawaddy

No comments: