လိပ်ကျွန်းအမှု စီရင်ချက်ချသည့် တရားသူကြီးသည်
ပြင်ဆင်လာပြီးသားစာကို ဖတ်ပြသလို ဖြစ်နေခဲ့ဟု ဆို
_______________________________________________
ထိုင်းတရားသူကြီးက လိပ်ကျွန်းစွပ် စွဲခံ မြန်မာနှစ်ဦးကို အမိန့်ချမှတ်ချိန်၌ အသင့်ပြင်ဆင်ထားပြီးသား စီရင်ချက်ကို ဖတ်ပြ သလိုဖြစ်နေသည်ဟု တရားခွင်တွင် လိုက်ပါမှတ်တမ်းယူခဲ့သူ လိပ်ကျွန်း အမှုအထူးစုံစမ်းရေးအဖွဲ့ မှ ဦးထူးချစ်က ပြည်မြန်မာသို့ ပြောသည်။
ထွက်ပေါ်နေသော သတင်းများတွင် လိပ်ကျွန်း၌ မာဖီးယားကဲ့သို့သော ဂိုဏ်း ကြီးတစ်ခုက အင်အားကြီးမားနေပြီး ရဲ တပ်ဖွဲ့အပါအ၀င် အခြားသောအသိုင်းအ ၀ိုင်းက ၎င်းတို့ကို ကြောက်ရွံ့နေကြရကြောင်း၊ လိပ်ကျွန်းအမှုကို စီရင်ချက်ချမည့် တရားသူကြီးမှာလည်း အမှန်အတိုင်း အမိန့်ချမှတ်ခြင်းထက် မာဖီးယားများ ပါဝင်ပတ်သက်နေသော အဆိုပါအမှုကို ထိုင်းရဲတပ်ဖွဲ့၏ အလိုကျ ထိုင်းနိုင်ငံအတွက်ရည်ရွယ်၍သာ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု သိရသည်။
““ စစ်ဆေးတွေ့ရှိချက်တွေကို ဖတ်ပြပြီးအမိန့်ချတာပါ။ သူ့တို့ကတော့ ပြင်ဆင် ထားပြီးသားကိုလာဖတ်ပြတဲ့သဘောပါ ပဲ”” ဟု ဦးထူးချစ်က ပြောသည်။ တရားခွင် အတွင်းအနေအထားအရ အမိန့် ချမှတ်ပြီး ချိန်တွင် မြန်မာနှစ်ဦးထဲမှ တစ်ဦး၏ မိခင်က အသတ်ခံရသူ ဗြိတိန်နိုင်ငံသားနှစ်ဦးထဲမှ တစ်ဦး၏မိခင်ကို ဖက်၍ ““ နင့်က လေးတွေကိုသတ်တာ င့ါသားမဟုတ်ဘူး ဆိုတာသိပြီး ဘယ်သူသတ်မှန်း မသိပေ မယ့် ငါ့သားကို သတ်မယ့်သူတွေကတော့ ထိုင်းရဲတွေဖြစ်နေပြီ ”” ဟု ငိုယိုကာပြော ကြောင်း၊ ဗြိတိန်မိခင်ကလည်း စာနာသော အားဖြင့် ပွေ့ဖက်၍ ပြန်လည်နှစ်သိမ့်ခဲ့ ကြောင်း သိရသည်။
ထိုင်းရှေ့နေများကောင်စီမှ ဥက်္ကဋ္ဌ ခွန်ဆုဝစ် ချွေးအုဘွန်း ကလည်း မြန်မာနှစ် ဦးအပေါ် စီရင်ချက်သည် လက်မခံနိုင် စရာဖြစ်နေပြီး ရှေ့ ဆက်၍ရင်ဆိုင်သွား မည်ဟု ဆိုသည်။ မြန်မာနှစ်ဦးအတွက် လူမှုကွန်ရက်များတွင် ပြည်သူများက အစိုးရအားဖိအားပေးတောင်းဆိုနေသော အချက်များ၌ စိတ်ဝင်စားဖွယ်ရာအဖြစ် မြန်မာနှစ်ဦးသည် တရားခံများ မဟုတ် ကြောင်း၊ သေဒဏ်မှ ပယ်ဖျက်ပေးစေလို ကြောင်းနှင့် အမှုကိုမှန်ကန်မျှတစွာ စီရင် ချက်ချပေးစေလိုကြောင်း ထိုင်းအစိုးရထံ မြန်မာအစိုးရက ဖိအားပေးသင့်သည်ဟု တွေ့ ရသည်။
ယင်းသို့ ဖိအားပေးရာတွင် မြန်မာနှစ် ဦးအား ယင်းကဲ့သို့ 
လုပ်ဆောင်မပေးပါက ထိုင်းအစိုးရ၏ အညှာဖြစ်သော ထိုင်း-မြန် မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို မြန်မာဘက်က တစ်ဖက်သတ် ရပ်စဲ၍ ထိုင်း ထုတ်ကုန်များကို ပြည်သူများကမသုံးစွဲဘဲ နေရန်၊ ထိုင်းက အလိုရှိနေသော ထား ၀ယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနှင့်လုံးဝ လက်တွဲမလုပ်ဟု ပြောရန်၊ ထိုင်းသို့ တင် ပို့နေသောသဘာဝဓာတ်ငွေ့ကို မြန်မာဘက်က ရပ်ဆိုင်းပစ်ရန်ဟူသောအချက်များဖြစ်သည့်အပြင် လိုအပ်ပါက မြန်မာနိုင်ငံတွင်း၌ ရောက်နေပြီးသား ထိုင်းလုပ် ငန်းများကို စီးပွားရေးဆိုင်ရာ ဖိအားများ ပေးရန်ဟူသည့် အချက်များဖြင့် ဖိအားပေး သင့်ကြောင်း ဆိုသည်။ ယင်းအပြင် ယခု အမှုမှာ လိပ်ကျွန်းမှ မြန်မာနှစ်ဦး၏ ဂုဏ် သိက်္ခာမဟုတ်တော့ဘဲ တစ်နိုင်ငံလုံး၏ ဂုဏ်သိက်္ခာသာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ ဂုဏ်သိက်္ခာကို နိုင်ငံတကာ အလယ်တွင် ပေါ်တင်နှိမ့်ချနေခြင်းဟု မှတ်ယူနိုင်ကြောင်း လူမှုကွန်ရက်တွင် ရေးသားသူများ ရှိလာသည်။
““ သားပြန်လွတ်မယ်လို့ အားလုံးက ပြောထားတယ်။ သားပြန်လွတ်လာမယ်လို့ သူ့အဖွားကိုတောင် ဖုန်းဆက်ပြီး ပြော ထားတယ်။ သူ့အဖေ သေဆုံးတာလည်း မတွေ့ခဲ့ရဘူး၊ အဖွားသေဆုံးရင်လည်း မတွေ့နိုင်တော့ဘူး၊ ကျွန်မလည်းသေချင် တယ်”” ဟု ၀င်းဇော်ထွန်း၏ မိခင်က အမှုစီရင်ချက်အပြီးတွင် ဃြ ကိုပြော ကြောင်းလည်း သိရသည်။
နိုင်ငံတော်သမ်္မတရုံးညွှန်ကြားရေး မှူး ဦးဇော်ဌေး၏လူမှုကွန်ရက်အောက်၌ မှတ်ချက်ပြုသူတစ်ဦးက အစိုးရအနေဖြင့် ပြစ်မှုလျော့ပေါ့ရေးကိုသာ ဦးတည်နေခြင်း လော၊ အပြစ်မရှိကြောင်းတရားဝင်လုပ် ဆောင်ရန် အစီအစဉ်မရှိလောဟု ဝေဖန် ရာတွင် ဦးဇော် ဌေးက ““ ဏကဘူငခ ကို ဒီလောက်ပဲ ရေးလို့ရမယ်။ လုပ်ငန်းစဉ် အများကြီး ရှိပါသေးတယ်”” ဟု ပြန်လည် ရေးသားထားသည်ကိုတွေ့ ရသည်။ လူမှု ကွန်ရက်များတွင်မူ ထိုင်းအစိုးရကို ဆန့် ကျင်သော လှုပ်ရှားမှုနှင့်ဆက်စပ် သည့် ဖေ့စ်ဘွတ်ခ်ပရိုဖိုင်များ ပြောင်းလဲခြင်းကို မြန်မြန်ဆန်ဆန်လုပ်ဆောင်နေကြပြီး အဆိုပါလှုပ်ရှားမှုဖြင့်အမှန်တရားကို ပြန်လည်ရှာဖွေကြမည်ဟုလည်း လှုံ့ ဆော်နေကြသည်ကိုလည်း တွေ့ ရသည်။
အေ၀ိုင်အီး
(25-12-2015 ရက်ထုတ် ပြည်မြန်မာသတင်းစာမှ)
Source Pyi Myanmar
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, December 26, 2015
လိပ်ကျွန်းအမှု စီရင်ချက်ချသည့် တရားသူကြီးသည် ပြင်ဆင်လာပြီးသားစာကို ဖတ်ပြသလို ဖြစ်နေခဲ့ဟု ဆို _______________________________________________
Subscribe to:
Post Comments (Atom)
No comments:
Post a Comment