မဟုတ်ရင်မခံလေနဲ့..ရာဇ၀င်ရိုင်းသွားမယ်
*********************************************************
သိပ်နေမကောင်းလို့..Fbကိုရပ်တန့်မယ်လုပ်ခဲ့ပေမဲ့လည်း..ယိုးဒယား
တွေရဲ့မတရားတဲ့လုပ်ရပ်ကြီးမြင်တွေ့နေရတော့လည်း..နေမချိထိုင်မ
သာဖြစ်မိတယ်(ဖြစ်နိုင်ရင်အဲဒီ..ယိုးဒယားတရားရုံးကိုတောင်.လေယာဉ်
နဲ့..ဗုံးသွားကြဲပစ်လိုက်ချင်တယ်)
ဘာကြောင့်.မတရားလုပ်တယ်လို့ပြောရသလဲဆိုတာက-ဒါတွေ
ကြောင့်ဘဲဗျ..
ဖြစ်စဉ်အစက..အင်္ဂလိပ်လူမျိုးခရီးသွားဧည့်သည်လူငယ်တွေဖြစ်တဲ့
Mr Miller(၂၄-နှစ်)နဲ့Miss Witheridge (၂၃-နှစ်)ဆိုသူတို့နှစ်ဦးဟာ..
ပြီးခဲ့တဲ့၂၀၁၄-ခုနှစ်စက်တင်ဘာလ ၁၅-ရက်နေ့က.ထိုင်းနိုင်ငံတောင်
ပိုင်းမှာရှိတဲ့ ခိုတောင်ကျွန်း(Koh Tao Island)ပေါ်မှာအသတ်ခံခဲ့ရပါ တယ်(သူတို့တည်းခိုရာဟော်တယ်နဲ့မနီးမဝေးရှိကမ်းခြေမှာ.သံဂေါ်
ပြားနဲ့ရိုက်သတ်ခံခဲ့ရတာ..အမျိုးသမီးကိုလည်း.မသတ်ခင်မုဒိန်းကျင့်
ခဲ့သေးသတဲ့)
ပထမဆုံးမှုခင်းဖြစ်တဲ့နေရာရောက်သွားခဲ့တဲ့ရဲတွေက..ဒေသခံရဲတွေ
သာဖြစ်ပြီး..ရက်အတော်ကြာတဲ့အထိ..သေမှုသေခင်းဖြစ်တဲ့အဲဒီကမ်း
ခြေနေရာကို..အပြင်လူမ၀င်ဘို့ပိတ်ဆို့တားမြစ်ခဲ့ခြင်းမရှိခဲ့တဲ့အတွက်
..စပ်စုတဲ့ခရီးသွားဧည့်သည်တွေ.ဥဒဟိုဝင်ထွက်သွားလာစပ်စုကြ
တာကြောင့်.အရေးပါတဲ့.အဓိကသက်သေခံခြေရာလက်ရာတွေ..
ပျောက်ပျက်စေခဲ့တယ်(တမင်ပျောက်ပျက်အောင်လုပ်ခဲ့ပုံရပါတယ်).
ဒီအမှု ဖြစ်လျှင်ဖြစ်ချင်းမှာဘဲ..DNA စစ်ဆေးတာနဲ့ပါတ်သက်လို့.ထိုင်း
နိုင်ငံမှာအတော်ဆုံးဆရာဝန်ဖြစ်တဲ့..Dr Pornthip Rojanasunand က..ဆောင်ရွက်လိုကြောင်းတင်ပြခဲ့ပေမဲ့..ရဲတွေကသူ့ကို..ဒီအမှုမှာ
ပါဝင်ခွင့်မပြုခဲ့ဘူး..
နောက်ပိုင်းမှာရရှိခဲ့တဲ့..သူ့ရဲ့DNA စစ်ဆေးတွေ့ရှိချက်ကိုတောင်..
တရားရုံးကလက်မခံခဲ့ဘူး..ဒါကြောင့်..သူ့ကတရားရုံးမှာသက်သေ
အနေနဲ့ထွက်ဆိုရာမှာ..ရဲတွေရှာဖွေတင်ပြခဲ့တဲ့..သက်သေခံအချက်
အလက်တွေဟာ..လုံးဝProcedure မကျသလို..ပြည့်စုံမှုလည်းမရှိ ဘူးလို့ထွက်ဆိုခဲ့ပါတယ်..(တိကျတဲ့ DNA Resultကိုရှောင်တာ)
ရဲတွေက.အစဦးပိုင်းမှာ..သေဆုံးသူ Mr Miller ရဲ့အတူသွားအတူ လာအင်္ဂလိပ်မိတ်ဆွေကို..သံသယရှိသူအဖြစ်ကြေငြာခဲ့ပြီးခါမှ..ချက်
ချင်းပါယ်ဖျက်ခဲ့ကြတယ်..
နောက်တခါ-စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့..ပဏာမစစ်ဆေးတွေ့ရှိချက်
တွေ အရ..ဒီလူသတ်မှုကိုကျူးလွန်သူဟာ..ခိုတောင်ကျွန်းပေါ်က သြ
ဇာ အာဏာရှိတဲ့မိသားစုဝင်ထဲက..တစုံတဦးဖြစ်နိုင်ကြောင်း..ခန့်မှန်း
ထုတ်ပြန်ခဲ့ပြန်ပါတယ်..
ဒီလိုပြောပြီးမကြာခင်ဘဲ.အဲသလိုပြောခဲ့တဲ့ရဲအရာရှိနဲ့သူ့စစ်ဆေးရေး
အဖွဲ့တဖွဲ့လုံးကို..အမှုထဲ..မပါဝင်..မပါတ်သက်စေတော့ဘဲ..အဝေး
နယ်ဌာနတခုဆီကို..ချက်ချင်းပြောင်းရွှေ့ပစ်ခဲ့တယ်..သည်လိုနဲ့..
ကျွန်းပေါ်ကသြဇာအာဏာရှိသူမိသားစုဝင်..ပါဝင်ပါတ်သက်တယ်ဆို
တဲ့..စစ်ဆေးတွေ့ရှိချက်ကို..ဖျောက်ဖျက်ပစ်ခဲ့တယ်..
နောက်ဆုံးမှာ..ဒီအမှုနဲ့ပါတ်သက်ပြီး..တိကျတဲ့ဘာစစ်ဆေးမှုမှမစ,
တင်သေးဘဲနဲ့..ရဲတပ်ဖွဲ့ကနေ..အခုလူသတ်မှုမှာ.တရားခံဟာထိုင်း
လူမျိုးမဖြစ်နိုင်ဘူးလို့ကြိုတင်ခန့်မှန်းပြောဆိုခဲ့ပြီးနောက်ပိုင်း…ခို
တောင်ကျွန်းပေါ်မှာရှိတဲ့ ..ရွှေ့ပြောင်းမြန်မာအလုပ်သမားထုပေါ်.. အာရုံပြုရောက်စေတဲ့..ကနဦးစစ်ဆေးမှုတွေလုပ်ခဲ့ကြပြန်တယ်..အ
ထူးသဖြင့်..ဟော်တယ်ဘားကောင်တာက..မြန်မာအလုပ်သမားညီ
အကိုနှစ်ဦးကိုပစ်မှတ်ထားခဲ့ကြတယ်...
တခါ-အမှုစတင်စစ်ဆေးတဲ့..ဒီနှစ်ဇူလိုင်လကစပြီး..သေဆုံးသူ
အမျိုးသမီး Miss Witheridge ရဲ့အ၀တ်အစားအပေါ်..ကနဦးစစ်
ဆေးတွေ့ရှိချက်နဲ့.လူသတ်ပစ္စည်းလို့ယူဆရတဲ့သံဂေါ်ပြားပေါ်က ..တွေ့ရှိရတဲ့သွေးစသွေးနရဲ့DNA စစ်ဆေးချက်တွေမတင်ပြနိုင်
ခဲ့ပါဘူး..
ဒါပေမဲ့..(တနှစ်ကြာပြီးတဲ့နောက်)DNA ကျွမ်းကျင်သူ Dr Pornthip ကိုယ်တိုင်စစ်ဆေးကြည့်လိုက်တဲ့အခါမတော့..သံဂေါ်ပြားလက်ကိုင်
ပေါ်ကနေ..စစ်ဆေးတွေ့ရှိတဲ့DNA က..လူသတ်တရားခံလို့စွတ်စွဲ ခံနေရတဲ့..မြန်မာလူငယ်နှစ်ဦးရဲ့DNAနဲ့လုံးဝမတူကြောင်းတွေ့ရှိခဲ့
ပါတယ်..
တရားရုံးမှာ..ရဲတွေက..သေမှုသေခင်းဖြစ်ပွားရာနေရာတ၀ိုက်နဲ့..
အဲဒီအနီးနားကပ်လျက်မှာရတဲ့..ဆိပ်ခံတံတားမှာတပ်ဆင်ထားတဲ့..
CCTV လုံခြုံရေးကင်မရာတွေအားလုံးပျက်နေပြီး.တခုမှအလုပ်မ လုပ်တဲ့အတွက်..မသင်္ကာဘွယ်/လူသတ်သမား..မော်တော်ဘုတ်
နဲ့ထွက်ခွာသွားခြင်းရှိ/မရှိမသိပါ-ဆိုတဲ့ထွက်ချက်ကိုပေးတာဟာ
လည်း.သဘာဝမကျလှပါဘူး.(တမင်လိမ်နေမှန်းသိသာနေပါတယ်)
ထိုင်းရဲကမြန်မာလူငယ်နှစ်ယောက်ကိုဖမ်းဆီးပြီး..စစ်ဆေးရာမှာ
..သက်သေ/ရှေ့နေတစုံတဦးမှမပါဘဲ..သံသယဖြစ်ဖွယ်ရာ..စကား
ပြန်ကုလားတကောင်ကိုသာ..အသုံးပြုစစ်ဆေးပြီး..အဲသည်တုန်းက
စစ်ဆေးချက်ကို..၀န်ခံချက်အဖြစ်တရားရုံးကိုတင်ပြခဲ့ပါတယ်.
နောက်ပိုင်းမှာ..မြန်မာလူငယ်နှစ်ဦးက..သူတို့ကို..ရဲကနှိပ်စက်ချိန်း
ချောက်လို့ဝန်ခံချက်ပေးခဲ့ရကြောင်းထွက်ဆိုပေမဲ့..တရားရုံးကလက်
မခံပါဘူး..
နောက်တခါ-ထိုင်းရဲတွေတင်ပြတဲ့..DNA စစ်ဆေးချက်က..စက်တင် ဘာလ(၁၇)ရက်နေ့က.ကမန်းကတမ်းပြုလုပ်ခဲ့တဲ့စစ်ဆေးချက်ဖြစ်
နေတယ်..သေဆုံးသူနှစ်ဦးနဲ့အခြားတဦး..ပေါင်း ၃-ဦးရဲ့ရောယှက်
နေတဲ့သုတ်သွေးကနေ..သီးခြားစီDNA Result ၃-ခုထွက်လာဘို့ရာ.. တရက်ထဲနဲ့မဖြစ်နိုင်ကြောင်း..
နောက်ပြီး DNA Result စစ်ဆေးချက်ဆိုတာဟာလည်း..စာမျက်နှာ တမျက်နှာထဲနဲ့ဖော်ပြလို့မရနိုင်ကြောင်း..Australia နိုင်ငံက..ကျော်
ကြားတဲ့မှုခင်းသိပ္ပံဆရာဝန် Jane Taupin ကတင်ပြပေမဲ့.. သူ့ထွက် ချက်ကို..တရားရုံးကလက်မခံခဲ့ပြန်ပါဘူး..
နောက်သင်္ကာစရာတခုက..DNA Result ကိုရပြီဆိုတာက..စက်တင် ဘာလ(၁၇)ရက်နေ့..မြန်မာလူငယ်နှစ်ဦးရဲ့ DNA နဲ့ကိုက်ညီကြောင်း ကြိုတင်ကြေညာတာကအောက်တိုဘာလ (၃)ရက်နေ့ဖြစ်ပြီး..အမှန်
တကယ် တရားရုံးတင်တာက..အောက်တိုဘာလ(၅)ရက်နေ့ဖြစ်နေ
တဲ့အချက်ပါ..
ကြိုတင်ကြေငြာပြီးမှ..ဘောင်သွင်းယူခဲ့ကြောင်းသိသာစေပါတယ်..
ဘာလို့ဆိုတော့..တကယ်တရားရုံးမှာရင်ဆိုင်တဲ့အခါ..တရားခံဘက်
ရှေ့နေတွေကို..DNA စစ်ဆေးခဲ့သူဆိုတဲ့..ထိုင်းရဲဘက်က ပညာရှင် ဆိုသူနှစ်ဦးကို..ပြန်လှန်မေးခွန်းထုတ်ခွင့်မပေးခဲ့ခြင်းကသက်သေခံ
နေပါတယ်.
အဆိုးဆုံးကတော့.တရားခံပြသက်သေတွေထဲက..DNA ကျွမ်းကျင်
သူDR Sunthip နဲ့ Jane Taupinတို့ကိုသက်သေအဖြစ်..လက်မခံ
ခဲ့ခြင်းပါဘဲ..
ဒါလောက်ဆိုရင်..ကျုပ်တို့မြန်မာလူငယ်နှစ်ဦးအပေါ်ဖန်တီးအပြစ်ပုံ
ချပြီး..သေဒါဏ်ပေးခဲ့တာဟာ..တရားလား/မတရားလားသိလောက်
ပြီထင်ပါတယ်..
ဒါကြောင့်..ကျုပ်တို့နိုင်ငံချစ်/မျိုးချစ်လူမျိုးတွေဆက်လက်တိုက်ပွဲဝင်ရ မှာက
..Fair Trial & Justice ပါဘဲ..ဒီအတိုင်းငြိမ်ခံရင်..ရာဇ၀င်ရိုင်းသွားပါလိမ့် မယ်ဆိုတဲ့အကြောင်းပါဗျာ..ဆက်လုပ်ကြပါ..
(ကျနော်တော့..ဆက်နားပါရစေ)
(လေးလွင်)
( Ps - မူရင်းရေးသားသူ လေးလွင်ဟာ ...ဗိုလ်မှူးကြီး ခင်မောင်သိန်း (ငြိမ်း)
ဂျပန်သံအမတ်ကြီးဟောင်း ဖြစ်ပါတယ် )
No comments:
Post a Comment