Saturday, December 26, 2015

အပြစ်မရှိသောကလေး၂ဦးကို မသတ်မှီ မိမိကိုယ် အရင်သတ်ပါ ဟု ဆရာတော်ဦးဝီရသူမှ ထိုင်းဘုရင်ထံ အသနားခံ တောင်းဆိုမည် ****************************

အပြစ်မရှိသောကလေး၂ဦးကို မသတ်မှီ
မိမိကိုယ် အရင်သတ်ပါ ဟု ဆရာတော်ဦးဝီရသူမှ
ထိုင်းဘုရင်ထံ အသနားခံ တောင်းဆိုမည်

***********************************

ဒီဇင်ဘာ ၂၅

ထိုင်းနိုင်ငံအခြေစိုက် ပြည်ပမီဒီယာတခုဖြစ်သော
ဘန်ကောင်ပိုစ့် သတင်းဌာနကို ဖိတ်ခေါ်ပြီး ယနေ့နံနက်
၁၀နာရီခန့်တွင် မစိုးကျောင်းတိုက်ရှိ အမျိုးသားရေးဦးဆောင်
ဆရာတော်ဦးဝီရသူ မှ ဖိတ်ခေါ်ပြီး အင်တာဗျူးအစီအစဉ်တခုကို
ကျင်းပခဲ့ပါသည်။

အဆိုပါအင်တာဗျူးတွင် ဆရာတော်ဦးဝီရသူ မှ
လိပ်ကျွန်းတွင် လူသတ်တရားခံအဖြစ် မတရားစွပ်စွဲခံရသော
ကလေးငယ်၂ဦး၏ ထိုင်းတရားရုံးမှ သေဒဏ်ပေးသည့်အပေါ်
ယခုလို မိန့်ကြားသွားခဲ့သည်။

" ဒီကလေးငယ်၂ဦးက အပြစ်တကယ်ကျူးလွန်တယ်ဆိုတာ
ဦးဇင်းတို့လဲ အတိအကျမသိဘူး ဒါပေမယ့် တရားခံလို့
အတင်းပြောဆိုပြီး ပထမအကြိမ်မှာ ဖမ်းပါတယ်
ထိုင်းရဲတွေဖမ်းပြီး မကြာခင် DNA စစ်ဆေးကြည့်တော့
မတူဘူးဆိုပြီး ၁၆.၈.၂၀၁၄ရက်နေ့မှာပြန်လွှတ်ပေးတယ်
လွှတ်ပေးပြီးတပတ်မကြာဘူး cctvမှာ ပါလာတယ်ဆိုပြီး
ထပ်ဖမ်းသွားတယ် သေဆုံးတဲ့ အင်္ဂလန်နိုင်ငံသားတွေဖက်က
အမှုတကယ်ကျူးလွန်သူကိုသာ ဖမ်းမိစေလိုတဲ့အတွက်
သူတို့ရှိက မှုခင်းဖော်ထုတ်ရေးအဖွဲ့ကို ထိုင်းနိုင်ငံစေလွှတ်ပြီး
အမှုသွားအမှုလာကို စုံးစမ်းဖော်ထုတ်တော့လဲ
ကလေး၂ယောက် ပြစ်မှုကျူးလွန်ထားခြင်း မရှိဘူးလို့
ပြောဆိုတယ် ။
ဒီလို အနေအထားတွေရှိနေပါရဲ့နဲ့ တရားခံအစစ်ကို
မရှာနိုင်တော့ ဒီကလေး၂ယောက်အပေါ် အပြစ်တွေပုံချခံရတယ်
ဦးဇင်းတို့က တနိုင်ငံနဲ့တနိုင်ငံ အပြန်အလှန်လေးစားစေချင်တယ်
အိမ်နီးချင်းနိုင်ငံတွေအပေါ် ဆက်ဆံတဲ့နေရာမှာ
ထိုင်းအစိုးရအနေနဲ့ သမ္မတကြီး ဦးသိန်းစိန် ကို အတုခိုးသင့်တယ်
ချစ်ကြည်ရေးကို အလေးထားပြီး  ဒီကလေးတွေကို
ပြန်လွှတ်ပေးကြဖို့ ဦးဇင်းတို့မေတ္တာရပ်ခံပါတယ်
ဦးဇင်းတို့ကိုယ်တိုင် ထိုင်းနိုင်ငံကိုကြွပြီး ကလေးတွေလွတ်ဖို့
ကြိုးစားတယ်  သူတို့ဖက်က ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က
ဦးဇင်းတို့ကို ပြည်ဝင်ခွင့်မပေးဘူး ဒါကြောင့် ဦးဇင်းတို့က
သံတမာန်နည်းနဲ့ဆက်သွယ်ဖို့ မီဒီယာတွေကို အကူအညီ
တောင်းရတာပါ သတင်းထောက်တွေကလဲ
ထိုင်းအစိုးရနဲ့ ထိုင်းဘုရင်မင်းမြတ်ကို လျှောက်ထားပေးပါ
အပြစ်မရှိတဲ့ဒီကလေးငယ်တွေကို မသတ်ခင်
ဦးဇင်းတို့ကို အရင်သတ်ပါ ဒီကလေးတွေအသက်ရှင်ဖို့
ဦးဇင်း အသက်ရှိနေသ၍ အစွမ်းကုန်ကြိုးပမ်းသွားမှာပါ
ဦးဇင်းတို့က မေတ္တာရှေ့ထားပြီး ဓမ္မစက်နဲ့ပြောမယ်
အဆင်မပြေရင် ဆန္ဒပြပွဲတွေ တပြည်လုံးကျင်းပပြီး
ထိုင်းသံရုံးတွေ မြန်မာပြည်မှာ မရှိအောင် နိုင်ငံတော်အစိုးရကို
တောင်းဆိုသွားမှာဖြစ်ပါတယ်  မီဒီယာတွေအနေနဲ့သတင်းကို
မှန်မှန်ကန်ကန်ပြောကြားပေးဖို့ သံတမန်နည်းဖြင့်
တောင်းဆိုပြီး မေတ္တာရပ်ခံပါတယ်"  လို့ မိန့်ကြားသွားခဲ့ကြောင်း
သတင်းရရှိပါသည်။

No comments: