Friday, December 25, 2015

မြန်မာနှစ်ဦး သေဒဏ်ချမှတ်ခံရမှု နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်နိုင်ဟု ထိုင်းစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ဆို

မြန်မာနှစ်ဦး သေဒဏ်ချမှတ်ခံရမှု နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်နိုင်ဟု ထိုင်းစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ဆို
---

ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ပရာဝု စုစဝမ်က မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးအပေါ် သေဒဏ်ချမှတ်မှုဟာ တရားရုံး ဆုံးဖြတ်ချက် သာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်စေမှာ မဟုတ်ဘူးလို့  သတင်းမီဒီယာတွေ ကို ပြောပါတယ်။ ဒီကိစ္စအပေါ် ဥပဒေကြောင်းအရ ဆက်လက်အယူခံတင် နိုင် သလို နှစ်နိုင်ငံအာဏာပိုင်တွေအကြား နားလည်မှုအပြည့်ရှိကြောင်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
မြန်မာ သံအမတ် ဦးဝင်းမောင်ကလည်း ဒီဖြစ်ရပ်ကြောင့် ထိုင်းနဲ့မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးက ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောကြောင်း ရိုက်တာ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

Ref - khosod.co.th

The Ladies News Journal

No comments: