အပြုံး ၏ မျှော်လင့်ချက်
*************************
ဆာသော်ဒိုး
တစ်နေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့တော်၏ နံနက်ခင်းတစ်ခုမှာ အိမ်ရှင်မ ချစ်ဇနီး၏ ချစ်မေတ္တာရောစွက် လက်ဖျော်ကော်ဖီ ပူပူခါးခါးစိမ့်စိမ့်မွှေးမွှေးကလေကို
မျှဉ်းကာအရသာခံ၍သောက်နေပြီးသကာလ ဒီကနေ့ထုတ်သတင်းစာများကို ဘေးမှာချကာ အတွေးဖြာချ နေပါလေ၏။
ဘယ်လိုအတွေးတွေများ 'ဖြာ'ချနေသလဲ ဟူမူ ယနေ့ထုတ်ဝေဖြန့်ချိသည့် သတင်းစာအစောင် စောင်ပါသတင်းထူးကြီး၏ မူရင်းဓာတ်ပုံများကို မြင်
တွေ့ရသည့်အတွက်သာဖြစ်ပါလေတော့၏။ အများ ပြည်သူသိတော်မူခဲ့ကြသည့်အတိုင်းပါပဲခင်ဗျာ...မနေ့တုန်းဆီက နေပြည်တော်မှာ အနိုင်ရပါတီနှင့် လူထု၏ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိသမ္မတ ဦးသိန်းစိန်၊ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်
သွားရောက်တွေ့ဆုံခဲ့တယ်မဟုတ်ပါလား။
အဲသည့်သတင်းနှင့်အတူ အဲသည့်တွေ့ဆုံ စဉ်ဓာတ်ပုံများဟာဆိုရင်ဖြင့် ညကတည်းက google မှာရော ကမ္ဘာတစ်ဝန်းမီဒီယာများမှာပါ ပလူပျံအောင်
ဖော်ပြခဲ့ကြပြီး ဒီမနက်မှာတော့ဖြင့် ပုဂ္ဂလိကသတင်း စာများမှာသာမက အစိုးရအာဘော် ဝါဒဖြန့်သတင်း စာများမှာပါ မျက်နှာဖုံးမှာအသားပေး ဖော်ပြလာ တယ်ကိုးခင်ဗျ။ ကျွန်ုပ်ဆာသော်ဒိုးကား ဤထိုယင်း ¤င်းအနှီဓာတ်ပုံများကို သေသေချာချာ စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာ ကြည့်ဖြစ်ပါလေပြီးနောက်မှာ ''အတွေး
ဖြာ'' ခဲ့ကြောင်းပါဟူလို။
''လူဆိုတာ မျှော်လင့်ခြင်းနှင့် အသက်ရှင် နေတာဖြစ်တယ်''ဆိုသည့် စကားရပ်ဒဿနတစ်ခုရှိ လေရာ အနှီဒဿနမှာ ကျွန်ုပ်တို့မြန်မာနိုင်ငံသားများ နှင့်ကား တိုက်ရိုက်ကြီးသက်ဆိုင်နေသလိုသာ ဖြစ်ပါ ပေတော့၏။ ကြည့်ပါခင်ဗျာ...။ ကျွန်ုပ်တို့လူမျိုး သည်ကား နှစ်ပေါင်းများစွာ ''သူ့ကျွန်'' ဘဝမှာနေခဲ့ ကြရပြီးနောက် နောက်ထပ်ဆယ်စုနှစ်ပေါင်းများစွာ ''ကိုယ့်ကျွန်''ဘဝမှာ နင်းပြားအဖြစ်ခံခဲ့ရတာကိုးခင်ဗျ။ လက်ထက်တော်အဆက်ဆက် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ကြတဲ့ အုပ်စိုးသူတွေ အာဏာရှင်တွေ အဆက်ဆက် ကျွန်ုပ်တို့ပြည်သူတွေ 'မျှော်လင့်ချက်'နဲ့အသက်တွေရှင်ခဲ့ကြရတာဖြစ်ပါ၏။
၁၉၆၂ ခုနှစ်မှသည် ယနေ့ယခု ၂ဝ၁၅ခုနှစ် အထိ နှစ်ပေါင်းငါးဆယ်ကျော် ''ကိုယ့်ကျွန်''ဘဝနေ ခဲ့ကြရသည့် နေ့ရက်ထောင်သောင်းများစွာမှာ ဤ
''မျှော်လင့်ချက်''ကလေးတွေသာ ရင်မှာကိုယ်စီပိုက်လို့ အသက်ရှင်ခဲ့ကြရတာ မဟုတ်ပါလားခင်ဗျာ။ ပို၍ပို၍ကောင်းမွန်သော၊ ပို၍ပို၍အဆင်ပြေချောမွေ့သော ဘဝတွေကိုရရှိလာလေမလားဟူသည့် ''မျှော်လင့် ချက်တွေ''ရင်ထဲမှာ ကိုယ်စီကိုယ်ငအပိုင်ရှိခဲ့ကြပါပေရာ ယခုအထိတော့ မပြည့်ရှာကြသေးပါလေ။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက် လာတော့လည်း တောင်သူလယ်သမား အလုပ်သမား များနှင့်တကွ ပြည်သူတွေမှာ ပိုမိုစိုပြည်ကောင်းမွန်
သည့် လူ့ဘောင်သစ်တစ်ခုဆီ ရောက်တော့မည်ဟု ပုံမှားရိုက်သွင်းတာခံရပါလေ၏။ ဤမှနေ၍ ၁၉၇၄ ခုနှစ်မှာ ဆိုရှယ်လစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲအတည်ပြုကာ သာယာဝပြောပြီး အေးချမ်းသာယာသည့် လူ့ဘောင်အသစ်ဆီရောက်တော့မည်ဟု မျှော်လင့်ချက်အနံ့တွေ ဝေဝေစည်ခဲ့ပြန်ပါလေ၏။
သိတဲ့အတိုင်းပါပဲခင်ဗျာ...အဲသည့်က နေ ၁၉၈၈မှာ အဆိုပါ 'မဆလ'အစိုးရသက် ၂၆နှစ် တင်းတင်းပြည့်တဲ့အချိန်မှာ မျှော်လင့်ချက်ရောင်ခြည် တွေပျောက်ဆုံးပျက်သုဉ်းကာ 'နိုင်ငံလုံးချီအထွေထွေ သပိတ်'ကြီးနှင့် မဆလအစိုးရမှာ အသက်ကုန်ခဲ့ရပါ ၏။ 'မဆလ'ကို 'နဝတ'ကဆက်ခံကာ အထွေထွေ ရွေးကောက်ပွဲကြီးကို ဝှဲချီးကျင်းပပေးပြန်ရာ 'မဆလ' နှင့် 'နဝတ'တို့၏ကိုယ်ပွားပါတီ 'တစည'နှင့် ' NLD တို့ဆုံကြလေရာ အားလုံးသိတော်မူခဲ့ကြသည့်အတိုင်း 'တစည'ပြုတ်၍ '' NLD အဟုတ်ကို တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါလေ၏။ အနိုင်ရပါတီဖြစ်သော်ငြား အာဏာကားမရခဲ့။ ရှိတဲ့အမတ်တွေ အကျဉ်းထောင်စခန်း အသီးသီးမှာ ခိုနားရကာ တိုက်ပိတ်ခံအနှိပ်စက်ခံအသက်တွေ အသေခံခဲ့ရပါပေတော့၏။ လူထု၏မျှော်လင့်ချက်ကား ပျောက်ဆုံးတော့မသွားခဲ့ပါလေ။
ဤမှနေ၍ ၁၉၉၃ ခုနှစ်မှာ ''ညောင်နှစ်ပင် လိမ်နေတယ်''ဟူသည့် အမျိုးသားညီလာခံခေါ်ယူကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့တွေစိတ်ကြိုက်ရေး ခဲ့ကြပြန်ပါလေ၏။ ဒီကြားထဲမှာ နေအိမ်အကျယ်ချုပ် ချထားခံရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်ဂေဟာမှာခေါ်တွေ့ကာဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်
ကြီးခင်ညွန့်တို့က ခရီးဦးကြိုပြုထမင်းလက်ဆုံစား ပြကာ ကမ္ဘာသို့ 'သတင်းကောင်း' သဏ္ဌာန်မျက်လှည့် ပြခဲ့ပြန်လေရာ ပြည်သူလူထုမှာ ဝမ်းသာအားရ ''မျှော် လင့်ချက်ကလေးတွေ'' တြ<ွကြ<ွကပြန်ဖြစ်ရပြန်တာပေါ့ ခင်ဗျာ။
ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လိုက်ပို့ကာ နေအိမ်အကျယ်ချုပ်ဘဝ ပြန်ချထား ခဲ့ပြန်ပါလေ၏။ ထိုမှ ၂ဝဝ၈ ခုနှစ်နာဂစ်ကာလကြီး အတွင်းမှာ ''ဖွဲ့စည်းပုံအခြေခံဥပဒေကြီး''ကို တစ်နိုင်ငံလုံး ထောက်ခံမဲ ၉၄ရာခိုင်နှုန်းကျော်ဆိုတာနှင့် 'ကလေးပေါက်' အတည်ပြုလိုက်ပါပေတော့၏။ ကျွန်ုပ်ကိုယ်တွေ့အနေနှင့်မူကား စမ်းချောင်းရပ်ကွက် အိမ်နားကမဲရုံမှာ မဲပေးရလေရာ မဲရုံပိတ်ကာနီးအထိ လာရောက်မဲပေးသူ အတော်နည်းကာ မဲလာပေးသူ တွေမှာလည်း ကျွန်ုပ်အပါအဝင်ကန့်ကွက် ''ကြက်ခြေ ခတ်''တွေချည်းသာပင်။ သို့ပေမယ့်ပေါ့ဗျာသူတို့က ''လုပ်''တတ်ပါတယ်။
ပြည်သူလူထုမှာ ခဏခဏ ''မျှော်လင့် ချက်'' ပျောက်ဆုံးကြရလည်း ''မျှော်လင့်ချက်''တော့ မဲ့မသွားကြဘဲ ''မျှော်လင့်ချက်''တွေရှိနေဆဲပါလေ။ အနှီမျှော်လင့်ချက်တွေကို ယခုပြီးခဲ့သည့် နိုဝင်ဘာ ၈ရက်နေ့ က ''သွန်ချ''လိုက်ကာ ပြည်သူ့ပါတီ NLD ကို ပုံအောပေးလိုက်ကြပါ၏။ မဲတွေရေတွက်မှုပြီးစီးပြီး
ဆုံးခဲ့ပြီးနောက် ၁၉၉ဝပြည့်နှစ်ကလိုပဲ NLD မှာ နောက်ထပ်တစ်ဖန် ''တောင်ပြိုကမ်းပြို'' နိုင်ပြန်လေရာ လူထု၏ ''မျှော်လင့်ချက်''မှာ ပြန်လည်ရှင်သန်လာခဲ့ပါ
လေ၏။ ဒါပေသိ..လက်ရှိအုပ်စိုးသူ အာဏာရှိသူတွေက အနိုင်ရပါတီဥက္ကဋ္ဌ၏ တွေ့ဆုံဖို့ကမ်းလှမ်းချက်ကို ''အင်း ...အဲ''လုပ်နေပြန်ရာ ''မျှော်လင့်ချက်''တွေ ဝေဝါး နေပြန်ပါလေ၏။ ဒီကြားထဲ ဘာမှမဆိုင်ဘဲ ''မြေးတော်''လေးက ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့တယ်ဆိုပြန်သဗျ။ ''ဘုရင်စနစ်''မဟုတ်တော့တဲ့ ကျွန်ုပ်တို့နိုင်ငံမှာ ဤကဲ့သို့ ဘုရင်တွေလို သားတော် သမီးတော်တွေလို မြေးတော်တွေလို မြစ်တော်တွေလို အာဏာတွေပါဝါတွေ ထပ်မံတည်ဆောက်နေတာ ကား နားမလည်နိုင်တော့ပါအဆွေ။
မည်သို့ပင်ဆိုစေကာမူ မနေ့က ''တွေ့''ခဲ့ ကြပြီး ဒီကနေ့သတင်းစာတွေမှာ တွေ့ဆုံပုံသတင်း နှင့် သတင်းဓာတ်ပုံအစုံစုံက နဖူးတွေ့ဒူးတွေ မြင်ကြရ
လေရာ ကျွန်ုပ်တို့ပြည်သူလူထု၏ ''မျှော်လင့်ချက် ရောင်ခြည်''ကား တဖွားဖွားကို အရောင်လက်ခဲ့ပြန် ပါလေပြီ။ ဓာတ်ပုံများကား ''စကား''တွေအများကြီးကို ပြောပါလေ၏ခင်ဗျာ။ သတင်းဓာတ်ပုံတစ်ခုထဲမှာ ပါဝင်သူတို့၏ ပုံစံ၊ မျက်လုံး၊ ကိုယ်ဟန်အနေအထား၊ အမူအရာ၊ နှုတ်ခမ်း၏ပြုံးပုံ၊ အကြည့် စသည့်အနေ အထားတွေကို အသေအချာစေ့စေ့ငုငု ခွဲခြမ်းစိတ်ဖြာ ကြည့်ပါလေလျှင် ပြဿနာတစ်ရပ် ဒါမှမဟုတ်အ ကြောင်းအရာတစ်ခု၏ အကျိုးဆက်'အဖြေ'ကိုခန့်မှန်း
ကာသိနိုင်ပါလေ၏။
ကျေးဇူးတင်ပါတယ်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး အစ်ကိုကြီးမင်းအောင် လှိုင်ခင်ဗျာ။ အစ်ကိုကြီးရဲ့အပြုံးတွေဟာ ရိုးသားသန့် စင်ပြီး လူထုခေါင်းဆောင် အန်တီဒေါ်အောင်ဆန်းစု ကြည်ရဲ့ ရင်ထဲကလာတဲ့အပြုံးနဲ့ ထပ်တူထပ်မျှ ထာဝရရှိနေမယ်လို့ ယုံကြည်ပါတယ်။
(Flower News Journal, 11-47)
No comments:
Post a Comment