Tuesday, December 8, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုများ ရက်ရှည်ဖြစ်ပွားနေ *********************************************************

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုများ ရက်ရှည်ဖြစ်ပွားနေ
*********************************************************

မူဆယ်၊ ဒီဇင်ဘာ ၇-
ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုလမ်းမ ကြီးဖြစ်သည့် သိန္နီ၊ ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြား တောင်ကြောများ တွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ် နေသည်မှာ ရက်သတ္တပတ်ခန့်ကြာ မြင့်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကြောတွင် ကုန် တင်ယာဉ်များနှင့် ခရီးသွားယာဉ်များသွားလာမှုများပြားလှသည့်အ ပြင် ကားလမ်းကျဉ်းမြောင်းခြင်းတို့ ကြောင့်လည်း မကြာခဏလမ်းပိတ် ဆို့မှုများဖြစ်ပွားရခြင်းဖြစ်သည်။

''ယာဉ်ထိန်းရဲကလည်း ည ပိုင်းမှာ လုံခြုံရေးအခြေအနေအရ သွားလို့မရဖြစ်နေလို့ Original Highway အဖွဲ့က မဖြစ်မနေသွား ပြီး အမြန်ဆုံးလမ်းပွင့်နိုင်အောင် ရှင်းနေတယ်။ ဒါပေမဲ့ လမ်းကပိတ်မြဲ ပိတ်နေသေး''ဟု မူဆယ်မြို့မှ ပြန်လာ သော ခရီးသည်တစ်ဦးကပြောသည်။

လမ်းပိတ်ဆို့သည့်အခါ ခရီး သွားပြည်သူများသည် လမ်းခုလတ် ၌အစားအသောက်အခက်အခဲဖြစ် ၍ ထမင်းကြော်တစ်ပွဲ ငွေကျပ်  ၄၀၀၀၊ ကော်ဖီမစ်တစ်ထုပ်ငွေကျပ် ၁၀၀၀ အထိ ဈေးကြီးပေး၍ ဝယ် ယူစားသောက်ကြရသည့်အပြင် ခရီးသည်အချို့သည် ဆိုင်ကယ်ကယ်ရီများငှားရမ်း၍ ခရီးဆက်ကြသည် များရှိသည်။

အဆိုပါလမ်းပိတ်ဆို့မှုမှာ နိုဝင် ဘာ ၂၉ ရက်ခန့်မှ စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီးကွတ်ခိုင်မြို့မှ မူဆယ်မြို့ သို့ မော်တော်ယာဉ်ဖြင့် သွားရောက် ပါက သုံးနာရီခန့်သာကြာမြင့်သော် လည်း လမ်းပိတ်ဆို့မှု ဖြစ်ပွားပါက လမ်းတွင် ညအိပ်ရပ်နားရသော ကြောင့် နှစ်ရက်ခန့်ကြာမြင့်ကြောင်း သိရသည်။

PS
#Democracytoday

No comments: