ကျောက်စိမ်းတူးဖော်သည့်လုပ်ငန်းရှင်များဒေသခံတို့၏မြေကို မြေလွတ်မြေရိုင်းဟုအစိုးရထံ လုပ်ကွက်လိမ်လည်လျှောက်ဟုဆို
*********************************************************
ရန်ကုန်၊ ဒီဇင်ဘာ ၇-
ကချင်ပြည် နယ်အတွင်း ကျောက်စိမ်းတူးဖော် သည့်လုပ်ငန်းရှင်များအနေဖြင့် ဒေ သခံများ၏ဥယျာဉ်ခြံမြေများကို မြေလွတ်မြေရိုင်းများဖြစ်သည်ဟု နိုင်ငံ တော်အစိုးရကို လိမ်လည်ပြီး လုပ်ကွက်များလျှောက်ထားကြကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင် မုန်ကွမ်က ပြည်သူ့လွှတ်တော်တွင် ပြောဆိုခဲ့သည်။
ဒီဇင်ဘာ ရ ရက်ကကျင်းပသော ပြည်သူ့လွှတ်တော်တွင်ပြည်သူ့လွှတ် တော်သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော် မတီမှ တင်သွင်းသောအစီရင်ခံစာ နှင့်စပ်လျဉ်း၍ဆွေးနွေးရာတွင် ဆွမ် ဘရာဘွမ်မဲဆန္ဒနယ်မှ ဦးခမိုင်မုန်ကွမ် က အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။
''လုပ်ငန်းရှင်တွေအနေနဲ့ ဒေ သခံပြည်သူတွေရဲ့ ဥယျာဉ်ခြံမြေတွေ ကို မြေလွတ်မြေရိုင်းများဖြစ်တယ်လို့ လိမ်လည်ပြီးအကျိုးတူလုပ်ကွက်တွေ လျှောက်ထားနေကြပါတယ်။ စက် ယန္တရားကြီးတွေနဲ့ တူးဖော်တဲ့ကုမ္ပဏီ တွေကလည်း အနီးအနားမှာ မြေစာ တွေကိုစုပုံတဲ့အတွက် မြင့်မားတဲ့မြေ စာပုံကြီးတွေဖြစ်လာပြီး မြေစာပုံပြို ကျ၍ ဒေသခံပြည်သူတွေရဲ့အသက် ဆုံးရှုံးသလို ရေလမ်းပိတ်ဆို့မှုကြောင့် ဒေသခံပြည်သူတွေရဲ့ ဥယျာဉ်ခြံတွေ ရေနစ်မြုပ်ဆုံးရှုံးရပါတယ်''ဟု ဦးခမိုင် မုန်ကွမ်က ပြောကြားသည်။
ထို့အပြင် ဦးခမိုင်မုန်ကွမ်က ဒေသခံများ၏ကိုယ်စား လွှတ်တော် တွင် အချက်လေးချက်တောင်းဆိုခဲ့ သည်။ယင်းလေးချက်မှာ ကျောက်စိမ်း တူးဖော်သည့် လုပ်ငန်းရှင်များအနေ ဖြင့် နိုင်ငံတော်အစိုးရကိုလိမ်လည် ၍ လျှောက်ထားရယူသည့်အတွက် လုပ်ကွက်များကို နိုင်ငံတော်အစိုးရ အနေဖြင့် ပြန်လည်စိစစ်၍ ဥယျာဉ် ခြံမြေများအတွင်း ကျရောက်သော လုပ်ကွက်များကို ပြန်လည်ရုပ်သိမ်း ပေးရန်၊ ကြီးမားသောစက်ယန္တရား များကို အသုံးပြုသည့်ကုမ္ပဏီများကို မြေစာစွန့်ပစ်နိုင်ရန် ကျောက်စိမ်းထွက် ရှိမှုနည်းပါးသည့် ဒေသခံများအသုံး မပြုသော မြေဧရိယာများတွင်သတ် မှတ်၍ စနစ်တကျမြေစာစွန့်ပစ်နိုင် ရေးစီစဉ်ပေးရန်၊ ဒေသခံတိုင်းရင်းသား ပြည်သူများ အလုပ်အကိုင်ရရှိစေရေး အတွက် ဖော်ထုတ်လုပ်ကွက်များ စတင်လုပ်ကိုင်ခွင့်ရရှိရေး ဆောင်ရွက် ပေးရန်နှင့် မြေစာပုံများကိုဖယ်ရှား နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းညှိနှိုင်း၍ဖြစ်စေ၊ လုပ်ကွက် ချထား၍ အခြားနည်းလမ်းများ ရှာ ဖွေပြီး ရေနစ်မြုပ်မှုမရှိစေရန်တို့ဖြစ် သည်။
HHW
#Democracytoday
No comments:
Post a Comment