အငြိမ်းစားညွှန်ကြားရေမှူးတစ်ဦးနှင့် ပြန်လည်တွေ့ဆုံခန်း
==============================
ဤနေရာဤဒေသသို့ သူရှိနေမှန်းအစကကြိုသိခဲ့ရင်
ကျနော်သွားဖြစ်မည်မထင်ပါ....
သူနှင့်ကျနော် လုံးဝမမျော်လင့်ဘဲ အမှတ်တမဲ့ပြန်လည်
ဆုံတွေ့လိုက်ရပါသည်.......
တစ်ချိန်ကသူသည် မိမိဌာနကညွှန်မှူးတစ်ဦး
ခုတော့ အချိန်တန်တော့ ၀န်ထမ်းများကို အော်ငေါက်နိုင်သည့်
ပါဝါကုန်ဆုံးသွားပြီး အိမ်မှာခြေကုတ်နေရသည့်ဘ၀.....
သူရှိစဉ်ကာလက သူရုံးမှာအနည်းဆုံးဝန်ထမ်းတစ်ယောက်တော့
နေ့စဉ်ငိုရစမြဲပင်......
အာဏာရှင်စနစ်ဆန်ဆန်အုပ်ချုပ်နေတဲ့သူကတော့ ဒါကို
တရားသဘောဟုမဆင်ခြင်နိုင်ခဲ့ ငါမှငါဟုသူအမြဲတမ်း
ဂုဏ်ယူခဲ့ပုံရသည်......
သူတစ်ပါးကို မျကိရည်ကြီုးငယ်အသွယ်သွယ်ကျဆငိး
အောင်ပြုခဲ့တဲ့ သူသည် သခါင်္ရကိုအစဉ်ထာဝရမှတ်ထင်ခဲ့တဲ့သူ ......
မိမိကိုလည်းအသည်းနှလုံးမှ ဒဏ်ရာအနာတရဖြစ်အောင်
စွမ်းဆောင်ခဲ့သူ ......
ရာထူးအာဏာကိုအလွဲသုံးစားပြုပြီး ဟစ်တလာကဲ့သို့
ငရဲစခန်းတစ်ခုအလား မိမိစိတ်ဓာတ်ပျက်ပြားအောင်
ချိုးနိမ်ခဲ့သူ
ဝန်ထမ်းမျက်လုံး နား တွေကို အတင်းပိတ်ဆို့ခဲ့သူ...
ထိုလုပ်ရပ်ပေါင်းများစွာကို ကျုးလွန်ခဲ့သောသူသည်
ယခု IAအဆင့်နှငိ့လက်ရှိတာဝန်ထမ်းဆောငိနေသော
ကျနော်တို့နှစ်ဦး လမ်းမကြီးနံဘေး စတိုးဆိုင်ကြီးတစ်ခု၌
ပြန်လည်ဆုံတွေ့သောအခါ ......
ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲနှင့်
နွေးနွေးထွေးထွေးကြိုရမည့်သူမဟုတ်....
နေကောင်းပါလား အဘ
တွေ့ရတာဝမ်းသာပါတယ်ညွှန်မှူး
ဤကဲ့သို့ ပျုဌာစွာနှင့်ကြိုဆိုနုတ်ခွန်းဆက်သည့်
အရည်အချင်းနှင့် သူမထိုက်တန်ခဲ့.......
သူ့မျက်နှာကို ကျနော်ခပ်တည်တည်ပဲကြည့်နေလိုက်သည်.....
ကျနေိာမပြုံးပါ....ကျနော်မမဲ့ပါ
လူသားတစ်ဦးပုံစံဖြင့် သူ့ကိုကျနော်မကြည့်
မီးလောင်ထားသည့်သစ်ငုတ်တိုလို သဘောထားပြီး
ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့်သာ
ကျနော်ကြည့်နေမိသည်....
သူ့ကိုကျနော်မမုန်းပါ ...သို့သော်မချစ်...
သူ့ကိုဘာအငြိုးမျှမထားပါ သို့သော် သူပေးတဲ့ရင်ဝကဒဏ်ရာ
မပျောက်သေးပါ....အဲဒီတော့ ခပ်တည်တည်ပေါ့ဗျာ
လှေးစီးရတဲ့မြင်းလိုပဲ ဘာမှဂရုစိုက်စရာမလိုတော့ဘူးလေ
သူ့အပိုင်းကရော.....ကျနေိာ့ကိုတွေ့တော့ ရုတ်တရက်
သူအံ့သြသွားတယ်.......ခုကျနော့်ပုံက သူအောက်မှာ
ရှိစဉ်တုန်းကလို ပေစုတ်စုတ်မဟုတ်တော့
အရင်တုန်းကတော့ ခြေအိတ်စော်နံလို့ သူ့အခန်းထဲကနေ
ခွေးတစ်ကောင်လိုကျနော့်ကိုသူနှင်ထုတ်လိုက်ပုံများ......
ယနေ့တိုင်မမေ့နိုင်သေးပါ
ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့
ရှိစေတော့လေ
သု့အကြောင်းကိုကျနော်ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့ပါသည်
ဆောင်းပါးအမည်က
" စိတ်ဓာတ်အောက်တန်းကျလျှင် ဘ၀အောက်တန်းကျမည် "တဲ့
သူဖတ်ရပါစေ
ခုတော့ ဆင်ဖြူမျက်နှာဆင်မည်းမကြည့်ရဲ တဲ့ဗျာ
ခဏတဖြုတ်တော့ ကျနော်ဆင်ဖြူဖြစ်ခွင့်ရလိုက်တယ်
သမိုင်းကြောင်းမကောင်းခဲ့သူ ညွှန်မှူး
ကိုယ့်သမိုင်းကို ရိုင်းအောင်ကိုယ်တိုင်ရေးခဲ့သူတစ်ယောက်....
တောင်ကြည့် မြောက်ကြည့် ကျီးကန်းတောင်းမှောက်ကြည့်နှင့်
ကားပေါ်ပြေးတက်သွားလိုက်ပါပြီ
သူ့ကိုယ်သူမလုံ သူရင်မဆိုင်ရဲတော့ပါ
ကျနော်ကတော့ ဘာခံစားချက်မှမရှိ
သူ့လိုမျိုးအရာရှိကြီးရဲ့အောက်မှာ
ကျနော်ထပ်နေရအုံးမလား
တော်ပါပြီ ပင်ပန်းဆင်းရဲလွန်းပါတယ်
နောက်ဘ၀ရှိခဲ့ရင်လည်း သူနဲ့ထပ်မဆုံချင်တော့ပါ
ဝဋ်ကြွေးရှိခဲ့ပါမူ ဒီဘ၀ဒီမျှနဲ့သာကျေပါတော့
ဝန်ထမ်းများလည်း ကျနော့်လိုအဖြစ်မျိုး မကြုံပါရစေနဲ့
နှင်းဆမ်းသောပန်းပမာ လန်းဖြာပြီး
အေးချမ်းရွှင်လန်းနို်ကြပါစေ............
သတ္တ၀ါခပ်သိမ်းတရားကိန်း အေးငြိမ်းကြပါစေ
နန်းရွှေလီကြိုင် ၊ မိုင်းပန်
No comments:
Post a Comment