အစွန်းရောက် အကြမ်းဖက် အိုင်အက်စ် တို့ကို ထောက်ပံ့ပေးခဲ့သည့်နိုင်ငံများ၊
================================================
( လွန်ခဲ့သော ၁၄-ရက်၊ နိုဝင်ဘာ၊၂၀၁၅ ဂျီ -၂၀ ထိပ်သီးအသည်းအဝေးသို့ တက်ရောက် လာ သော ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က သတင်းထောက်များနှင့်တွေ့ဆုံရာတွင်၊ ဆိုင်းနိုင်းဒေသ ရုရှားခရီးသည်တင်လေယာဉ်ပျက်ကျရခြင်း၊
ပါရီအကြမ်းဖက်မှု့နှင့် ဆက်နွယ် လျှက်ရှိသည့်၊ အရှေ့အလယ်ပိုင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့အစည်းသည်၊ နိုင်ငံပေါင်း- ၄၀ ခန့်၏ငွေကြေးနှင့် ထောက်ပံ့မှု့ရရှိခဲ့ကြောင်း၊ ၄င်းနိုင်ငံများတွင် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများလည်းပါဝင်သည်ဟု ရုရှား ကေဂျီဘီထောက်လှမ်းရေးအရ သိရှိကြောင်းထုတ်ဖော် ပြောကြား ခဲ့သည် )
၁။ ဆော်ဒီအာရေးဗီးယား - ၂၀၀၆-ခုနှစ်တွင် အီရန်နှင့်သင့်မြတ်သွားဖွယ်ရှိသည့် အီရတ်နိုင်ငံအတွင်း ပြည်တွင်း ပြိုကွဲမှု့ ဖြစ်စေမည့် အီရတ်အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်ရန် စတင်ခဲ့သည်၊(ထိုအင်အားစုများတွင် အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ပါဝင်နေ သည်)။ ၂၀၁၁-ခုနှစ် အာဆတ်အစိုးရ ဆန့်ကျင်ပုန်ကန်သူများအား ဆီးရီးယားနိုင်ငံဒါရာမြို့တွင် လက်နက်တပ် ဆင်ပေးခဲ့သည်။ နောက် ပိုင်းတွင် လက်နက် သာမက ငွေကြေးအပါအ၀င် လိုအပ်သမျှအားလုံးထောက်ပံ့ပေးခဲ့ပြီး အာဆတ်အစိုးရအားဆန့်ကျင်ပုန်ကန်သည့် အစ္စလာမ်မစ်အဖွဲ့အသီးသီးအတွက် သီးခြားအပိုင်နယ်မြေများရရှိစေရန်ဖန်တီးပေးခဲ့သည်။
၂။ တူရကီ (ဆီးရီးယားအိမ်နီးချင်း) - အာဆတ်အစိုးရအား ဆန့်ကျင်တိုက်ခိုက်ရန် နိုင်ငံတကာ အစ္စလာမ်မစ်ကမ္ဘာမှ ရောက် ရှိ လာသူများအတွက် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် လုံခြုံအဆင်ပြေစေသောလမ်းကြောင်းကို ဆော်ဒီအာရေးဗီးယားနှင့်အတူလုပ် ဆောင်ပေးခဲ့သည်။ (အယ်ကိုင်ဒါလူဟောင်းများပါဝင်သော) ဂျဘတ် အယ်နူးဆာအဖွဲ့ ကိုဖန်တီးသည်၊၂၀၁၅-ခုနှစ်တွင် “ အောင်မြင် သောတပ်မတော် ( Army of Conquest ) “ အဖြစ် အာဆတ်အစိုးရအား ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ ဦးဆောင်ထိုးစစ်ဆင်သည်။ ISIL တို့ သိမ်းပိုက်/ခိုး ယူ ရရှိသော အာဆတ်အစိုးရ၏ ရေနံများအား ရောင်းချပေးခြင်း ISIL တို့အားဆေးဝါးကုသပေးခြင်းစသည်ဖြင့် အစ္စလာမ်မစ်အုပ်စုများ၏ ( ဆီးရီးယား-အီရတ်မြောက်ပိုင်း ) ညှိနှိုင်းဆောင်ရွက်သူ ဦးစီးပဲ့ကိုင်ဖြစ်သည်။
၃။ ကာတာနိုင်ငံ။ - ၂၀၁၁- မှ ၂၀၁၃ အတွင်း မွတ်စလင် ဘရားသားဟုဒ်နှင့်အဆက်အသွယ်ရှိသော “Farouq “ ( လွတ်လပ်သော ဆီးရီးယားတပ်မတော်) ကဲ့သို့ အစ္စလာမ်မစ် အုပ်စုများအား၊ ဒေါ်လာငွေ ဘီလျှံပေါင်းများစွာ ထောက်ပံ့ခဲ့သည်။ ၂၀၁၃ -နောက်ပိုင်းတွင်၊ “ အောင်မြင်သောတပ်မတော် ( Army of Conquest ) “ ဖက်သို့ လှည့်ပြောင်းသွားပြီး၊တူရကီ-ဆော်ဒီဝင်ရိုးတန်းအုပ် စုနှင့် ညွန့်ပေါင်းအဖွဲ့ဝင်ဖြစ်လာသည်။
၎။ အစ္စရေး။ - ဆီးရီးယားတွင် တိုက်ပွဲဝင်လျှက်ရှိသော “ အယ်နူးဆာ “ နှင့် “ ISIL “ ကဲ့သို့သော အစ္စ လာမ်မစ်အုပ်စုများအား လက်နက်ခဲယမ်း ထောက်ပံ့ခြင်း၊ ဆေးဝါးကုသ/ထောက်ပံ့ပေးခြင်းပြုလုပ်သည်။ ဂိုလန်ကုန်းမြင့်နယ်စပ်ဖက်မှ ( ဆီးရီးယား-အီရတ် အနောက်ပိုင်း ) ညှိနှိုင်းဆောင်ရွက်ပေးသူဖြစ်သည်။
၅။ အင်္ဂလန်နှင့် ပြင်သစ်။ - အာဆတ်အစိုးရအား ဆန့်ကျင်တိုက်ခိုက်လျှက်ရှိသည့် အယ်ကိုင်ဒါလူဟောင်းများပါဝင်သော အစ္စလာမ်မစ်အုပ်စုများသို့ လက်နက်ထောက်ပံ့ရာတွင် အနီးကပ်စံနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးသူများဖြစ်သည်။
၆။ အမေရိကန်။ ။ - အထက်ပါ (၁) မှ (၅) အထိပါဝင်သောနိုင်ငံများအား ဦးစီးညွှန်ကြားသူလည်းဖြစ်၊ ညှိနှိုင်း ဆောင်ရွက်သူလည်းဖြစ်သည်။တူရကီ၊ ဂျော်ဒန်၊ အီရတ်၊ ဆော်ဒီ၊ ကာတာနိုင်ငံတို့မှ အမေရိကန်စစ်အခြေစိုက်စခန်းများကို အသုံးပြု သည်။ ဆီးရီးယားသူပုန်များအား လက်နက်တပ်ဆင်ပေးပြီး၊ သူပုန်တို့နှင့်အလွန်နီးကပ်စွာတစ်ဆက်တည်းရှိနေသည့် ISIL တို့အား ထိုးနှက်တိုက်ခိုက်နေသည်။ အမေရိကန်၏ မဟာမိတ် အီရတ်-တူရကီနယ်ကြား ကာ့ဒ်နယ်မြေမှ ISIL တို့အားမောင်းထုတ်စေပြီး အီရတ်-တူရကီတို့အား ကာ့ဒ်ခွဲထွက်ရေးတိုက်ပွဲဝင်ခဲ့သူ ကာ့ဒ်တို့အား ဆီးရီးယားအစိုးရကို တိုက်ခိုက်စေရန် လမ်းကြောင်း ပြောင်းဖန်တီးပေးသည်။
( အထက်ပါ အချက်အလက်များမှာ Global Research သုတေသနဌာန၊ ပါမောက္ခ တင်မ် အင်ဒါဆမ်၏
“ ညစ်ပတ်စုတ်ပဲ့သော ဆီး ရီးယားစစ်ပွဲ “
( The Dirty War on Syria , by Prof. Tim Anderson, Global Research 2015 ) စတုတ္ထမြောက် အတွဲမှ ရေးသား ထားသည်ကို RT News မှ ဖော်ပြချက်အတိုင်း ကူးယူ၍ ဆီလျှော်စွာတင်ပြထားခြင်းဖြစ်သည် )
-------------------------------------------
၎င်းဖော်ပြချက်တွင် အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်ဒေသ၏ အတိတ်သမိုင်းကိုဖြည့်စွက်ပါလျှင် ပိုမိုပြည့်စုံနိုင်ဖွယ်ရှိပါသဖြင့် ဆက်လက်တင်ပြပါမည်။
-------------------------------------------
အစွန်းရောက် အကြမ်းဖက် အိုင်အက်စ် တို့ကို ထောက်ပံ့ပေးခဲ့သည့်နိုင်ငံများနှင့် ကျားမြီးဆွဲမိကြသူများ
=====================================================
-ဥရောပနိုင်ငံများတွင် စက်မှု့ထွန်းကားလာပြီးနောက် ကုန်ချောအလျှံပယ်ထုတ်လုပ်လာနိုင်သည်။
ထိုကုန်ပစ္စည်း များအားရောင်းဝယ်ဖောက်ကားရန် ဈေးကွက်သစ်ရှာဖွေဖော်ထုတ်ရင်း၊ ဥရောပနှင့် နီးကပ်စွာတည်ရှိနေသည့် အရှေ့အလည် ပိုင်း နိုင်ငံများသို့ အလုံးအရင်း ဖြန့်ကြက်ဝင်ရောက်လာသည်။ ဤတွင် ဒေသခံနိုင်ငံများနှင့် မသင့်မတင့်ဖြစ်လာသည်။
- ဥရောပကိုလိုနီပြုရေးဝါဒီတို့နှင့် စစ်မက်ဖြစ်ပွားတိုင်း၊ လက်နက်ချင်းအဆမတန် ကွာခြားမှု့ကြောင့် မည်သည့် နိုင်ငံမှ ၄င်းတို့နှင့် စစ်မဖြစ်လိုတော့ပါ။
- စစ်ရှုံးနိုင်ငံများသည် အနိုင်ရသူများအား စစ်လျှော်ကြေး မတန်တဆပေးရသည့်အပြင် ၄င်းတို့အချုပ်အခြာအာဏာပိုင်နယ်မြေများကိုပါ လက်လွတ်ဆုံးရှုံးခံလိုက်ရလေ့ရှိပါသည်။ ထိုနည်းလမ်းဖြင့် အရှေ့အလည်ပိုင်း၊ အာဖရိက၊ အိန္ဒိယ၊ မြန်မာ အပါအ၀င် အာရှနိုင်ငံများလည်း ကိုလိုနီပြု ခြင်းခံခဲ့ရသည်။
- အရှေ့အလယ်ပိုင်းဒေသတွင် ၀င်ရောက်စွက်ဖက်လာသောနိုင်ငံများတွင် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်နှင့် ရုရှား စသည့်နိုင်ငံများဖြစ်ကြသည်။
- အင်္ဂလန်၊ ပြင်သစ်၊ ဒတ်ခ်ျတို့သည် အာရှဒေသတွင် ကိုလိုနီနယ်မြေများအခိုင်အမာရရှိပြီးဖြစ်ရာ ဥရောပအတွက် ကြားခံဖြစ်နေသော အရှေ့အလည်ပိုင်းဒေသတွင် နယ်မြေအပိုင်စီးရရှိရန် သူ့ထက်ငါကောင်း မည်ထင်သော နည်းလမ်းပေါင်းစုံဖြင့် အားထုတ် ခဲ့ ကြသည်။
နောင်တွင် မြေထဲပင်လယ်နှင့် ပင်လယ်နီအားဆက်သွယ်သော စူးအက်တူးမြောင်းပေါ်ထွန်းလာသောအခါ ဥရော ပအတွက် အရှေ့အလည်ပိုင်းဒေသမှာ ပိုမိုအရေးပါလာပြီး၊ ၁၉၃၀ နောက်ပိုင်းတွင် ရေနံကြောင့် အရေးပါမှု့ပိုမို ထင်ရှား လာသည်။
- (၆) ရာစုတွင် ဘာသာရေးဖြင့် အာရပ်နိုင်ငံများအဖြစ်တစ်စုတစ်ဝေးတည်းဖြစ်လာသော အရှေ့အလယ်ပိုင်း ဒေသတွင်၊ မတူညီမှု့များ ရေမြေအခံရှိနေသည်။ အရှေ့အလည်ပိုင်း အစ္စလာမ်ကမ္ဘာတွင် အာရပ်မဟုတ်သောနိုင်ငံများမှာ တူရကီနှင့် အီရန် တို့ဖြစ်သည်။ ထိုနိုင်ငံများတွင် အတိတ်က ရွှေထီးဆောင်းခဲ့သော အင်ပါယာကြီးများကိုယ်စီ တည်ရှိခဲ့ဘူးလေသည်။
- မြောက်ပိုင်းဒေသ အီရန်သည် တောင်ပိုင်း အာရေးဗီးယားကျွန်းဆွယ်သား ဆွန်နီတို့နှင့် ဘာသာရေးဂိုဏ်း ကွဲလွဲ သည်။ အီရန်နှင့် အနောက်ဖက်တလွှားရေမြေတစ်လျှောက်တွင် ရှီယာအစ္စလာမ် ဘာသာဝင် ဦးရေပိုမိုများပြားသည်။ သို့သော် အ ရှေ့အလယ်ပိုင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် ရှီယာဦးရေမှာ ဘာသာဝင်စုစုပေါင်း၏ ၁၂ ရာနှုန်းခန့်သာရှိသည်။ မြောက်ပိုင်း ရှီယာ တို့နှင့် တောင်ပိုင်း ဆွန်နီတို့ကြားတွင် တစ်ဦး၏ ဘာသာရေး တစ်ဦးအပေါ်လွှမ်းမိုးသွားမည်ကို အစဉ်စိုးရိမ် သောက ဖြစ်စေခဲ့သည်။
- တူရကီနိုင်ငံ၏ သမိုင်းစဉ်လာရန်သူမှာ ၄င်း၏ အင်ပါယာကို အကြိမ်ကြိမ်ဖဲ့ယူခဲ့သော ရုရှားဖြစ်လေသည်။
ပထမ ကမ္ဘာစစ်တွင် အီတလီ-ဂျာမန်တို့နှင့် မဟာမိတ်ဖြစ်ခဲ့သော တူရကီမှာ ၄င်းပိုင် မက်ဆိုပိုတေးမီးယားဒေသကို အင်္ဂလိပ်တို့ ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခြင်းခံရသည်။ စစ်ကြီးအပြီးတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးအားအသုံးချ၍ ထိုဒေသမှာ အင်္ဂလိပ် ထိန်းသိမ်းစောင့်ရှောက်ခံနယ်မြေဖြစ်သွားပြီး ထိုနောက် အီရတ်နှင့် ကူဝိတ်အဖြစ်သီးခြားနိုင်ငံများဖြစ်လာသည်။
- ထိုနည်းလမ်းအတိုင်းပင် ဒုတိယ ကမ္ဘာစစ်အပြီး အင်္ဂလိပ်ထိန်းသိမ်းစောင့်ရှောက်ခံဖြစ်လာသော ပါလက်စ တိုင်းဒေသမှ အစ္စရေးနိုင်ငံဖြစ်တည်လာသည်။ အီရတ်နိုင်ငံ ကို အီရန်နှင့် တူရကီတို့က နှစ်အတန်ကြာသည်အထိ အသိအမှတ် မပြုခဲ့ပါ။ အစ္စရေးနိုင်ငံကိုလည်း အာရပ်နိုင်ငံအများစုက လုံးဝ အသိအမှတ်မပြုချေ။
- ဒုတိယကမ္ဘာစစ်အပြီး အင်အားကြီးထွားလာသော ရုရှားတို့ကြောင့် တူရကီမှာ အနောက်နိုင်ငံများအပေါ် စစ်ရေး အရ အားထားလာရသည်။ တူရကီနှင့် နယ်မြေချင်းဆက်လျှက်ရှိသော ဆီးရီးယားနိုင်ငံမှာ ရုရှား၏စစ်ရေးအထောက်အပံ့ များစွာရရှိပြီး၊ ရုရှား၏ မြေထဲပင်လယ်ဆိပ်ကမ်းလည်းဖြစ်နေသည်။ နောင်တွင် ဆိုဗီယက်နိုင်ငံပြိုကွဲ၍ ယူကရိန်းအားလက် လွှတ်လိုက်ရသောအခါ၊ ရုရှားအတွက် အာဆတ် အစိုးရဆီးရီးယား နိုင်ငံတည်တံ ရေးမှာ ပိုမိုအရေးပါလာသည်။
- ဒုတိယကမ္ဘာစစ်အပြီး အရှေ့အလည်ပိုင်းဒေသသို့ ဖြန့်ကြက်လာသော အမေရိကန်အစိုးရအဆက်ဆက်တို့၏ နိုင်ငံရေး၊ စစ်ရေး ပေါ်လစီတွင် အမေရီကန်နိုင်ငံသား ဂျူးသူဋ္ဌေးကြီးများ၏ သြဇာလွှမ်းလျှက် ရှိသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကြွေးကြော် ပြကာ မှားသည် မှန်သည်မရွေးဘဲ အစ္စရေးနိုင်ငံဖက်မှ တစ်ဖက်သတ် အမြဲ ရပ်တည်ခြင်းဖြင့် အမေရိကန် နိုင်ငံနှင့် ပြည်သူများမှာ အစ္စလာမ်မစ်ကမ္ဘာအတွက် ရန်သူသဖွယ်ဖြစ်လာခဲ့သည်။
- ( ၁၉ရာစု နှောင်းပိုင်း )- ၁၉၇၉ တွင် အာဖဂန်နစ္စတန်သို့ ဆိုဗီယက်တပ်များကျူးကျော်ဝင်ရောက်ပြီး ဆိုဗီယက်သြဇာခံ ရုပ်သေး အစိုးရ တင်မြှောက်ပေးခဲ့ကြရသည်။
အာရှ-ဥရောပ ပိုးလမ်းမကြီးပေါ်မှ ဆိုဗီယက်အားဖယ်ရှားလိုသော တရုပ်နိုင်ငံနှင့် အမေရိကန်တို့က အာဖဂန်ဒေသမှ ဆိုဗီယက်အားမောင်းထုတ်ရလွယ်စေရန် ကမ္ဘာအရပ်ရပ်မှ အစ္စလာမ်ဘာသာဝင်များ အာဖဂန်တွင် ဂျီဟဒ် စစ်ဆင်နွှဲစေရန် ဖန်တီးပေးခဲ့သည်။
ဤတွင် ဘေးထွက်ဆိုးကျိုးအဖြစ် အယ်ကိုင်ဒါ အစွန်းရောက် အကြမ်းဖက်အဖွဲ့ ပေါ် ပေါက်လာခဲ့တော့သည်။
၁၉၈၈ နောက်ပိုင်း ၁၉၈၉- တွင် အာဖဂန်မှ ဆိုဗီယက်တပ်များဆုတ်ခွာသွားရသည်။
- နိုင်ငံတကာလူမျိုးပေါင်းစုံပါဝင်သော အယ်ကိုင်ဒါ အမှတ် ( ၀၅၅ ) တပ်မဟာတွင် အင်အားတစ်သိန်းရှစ်သောင်း ခန့်ရှိ လာခဲ့သည်။
ထိုစဉ်ကတည်းက အယ်ကိုင်ဒါ၏ ရည်မှန်ူချက်အမှန်မှာ တာလီဘန်ကဲ့သို့ အစိုးရမျိုး နိုင်ငံတကာတွင် ပေါ်ပေါက် လာ စေရန်ဖြစ်ပြီး၊ ထိုရည်မှန်းချက်အားဖော်ဆောင်ရန်
“ အကြမ်းဖက်လမ်းစဉ် “ Terrorism ကိုအသုံးပြု၍ ဂျီဟဒ်စစ်ပွဲများ စတင် ဆင်နွှဲကြရန် ဖြစ်သည်။ အယ်ကိုင်ဒါတို့သည် ကမ္ဘာအရပ်ရပ် ဘာသာဝင်များကြား ထိုးဖောက်စည်းရုံးရန်ကြိုးစားခဲ့ပြီး၊ နိုင်ငံတကာ အကြမ်းဖက်ကွန် ယက် ( Global Network of Terror ) ကို ထူထောင်နိုင်ခဲ့သည်။
၁၉၉၈-တွင် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အယ်ကိုင်ဒါတို့ ကမ္ဘာ့အစ္စလာမ်မစ်တပ်ဦး ( World Islamic Front ) ကို ဖွဲ့စည်းပြီး ကမ္ဘာအရပ်ရပ် နိုင်ငံနှင့် နယ်မြေဒေသ ( ၁၃ ) ခုအား “ ဂျီဟဒ်စစ် “ ကြေငြာသည်။
- အမေရိကန်နှင့် အနောက်အုပ်စု မဟာမိတ်ဖြစ်သော တူရကီ၊ အစ္စရေး၊ ဂျော်ဒန် အီဂျစ်တို့ကိုစောင့်ရှောက် မှု့ပေး ရန်နှင့် မြေ ထဲပင်လယ်ဒေသ၊ အရှေ့အလည်ပိုင်းထွက်ရေနံကို ထိမ်းသိမ်းသောအားဖြင့် ထိုဒေသတွင် ခြေဆန့်လာသည့် ရုရှား တို့ကိုဟန့်တားရန်အတွက် ရုရှားလိုလားသော ရာသက်ပန်သမ္မတ အာဆတ်အစိုးရ ဆီးရီးယားမှ ဖယ်ရှားရန်သာရှိသည်။
ထိုံကြောင့် လည်း ဆီးရီးယား တွင် မငြိမ်သက်မှု့များဖြစ်ပေါ်သည့်အခါ အစိုးရကို တော်လှန်သူများ ၊ ဆန့်ကျင်သူများဖက်မှ အမြဲရပ်တည်ပေးခဲ့ပြီး၊
၂၀၁၁- ဆီးရီးယားပြည်တွင်းစစ်တွင် လက်ရှိအမေရိကန်သမ္မတ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အိုဘားမားက ဆီးရီးယား သူပုန်တို့ အားစစ်ရေးလေ့ကျင့်ပေးခြင်းနှင့် စစ်လက်နက်ထောက်ပံ့ခြင်းတို့ ကိုပင် လူသိရှင်ကြားပြုလုပ်သည်။ အကြေင်းပြချက်က ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အာဏာရှင်ပြုတ်ကျရေး ။
- ဆီးရီးယားပြည်တွင်းစစ်တွင် အာဆတ်အစိုးရဖက်မှ လက်ဘနွန်အခြေစိုက် ရှီယား ဟစ်ဇဘိုလာ ပြောက်ကျား များ ၀င်ရောက် တိုက်ခိုက်သည့်အခါ ဆီးရီးယားပြည်တွင်းစစ်မှ ဒေသတွင်း ဆွန်နီ-ရှီယာစစ်ပွဲအသွင်ပြောင်းလဲသွားသည်။
ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်းတွင် ခြေကုပ်ရလာသော အစိုးရဆန့်ကျင်သူ အယ်ကိုင်ဒါလူဟောင်း သူပုန်များက ၄င်းတို့၏ မူလရည်မှန်းချက် “ အစ္စလာမ်မစ်နိုင်ငံတော် “ ကိုထူထောင်၍ ……
@#$$%
&$#@@
~±×÷÷~
… ကျန်အပိုင်းများမှာ ယနေ့ အများသူငါ သိပြီးဖြစ်ပါလိမ့်မည်၊ စာဖတ်သူများအနေနှင့် လက်ရှိဖြစ်ပွားနေသော အရှေ့အလည်ပိုင်းစစ်ပွဲများသည်
“ ဘာသာရေးစစ်ပွဲ ၊ အမျိုးသားရေးစစ်ပွဲ “ ဟု စဉ်းစားဖြစ်ခဲ့လျှင် ကျွန်တော့် အတွက် ပင်ပန်းရကျိုးနပ်ပါသည်ဟု …….
Credit- Htay Oung Htay
No comments:
Post a Comment