Friday, December 25, 2015

~~~ထိုင်းမြန်မာနယ်စပ် မှာလုံခြုံရေးတိုးမြှင့်ပြီးစစ်ဆေးမူတွေ တင်းကျပ်~~~~

~~~ထိုင်းမြန်မာနယ်စပ် မှာလုံခြုံရေးတိုးမြှင့်ပြီးစစ်ဆေးမူတွေ
တင်းကျပ်~~~~
မနေ့က မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီးနောက် ထိုင်း မြန်မာနယ်စပ်ဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်ချထားကာ စစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ သိရပါတယ်။
“တရားစီရင်ရေးကြောင့်နှစ်နိုင်ငံအကြားမလိုလားအပ်တဲ့ ပြဿနာ တွေဖြစ်လာမှာကို ကြိုတင်ကာကွယ် တဲ့အနေနဲ့ဆိုပြီးတော့ ဒီနေ့ မနက်ကတည်းက ဂိတ်မှာ တဦးချင်းစီကို သေချာစစ်နေတာလို့ မဲဆောက်ကို ဈေးသွားရောင်းမယ့် ကိုမင်းအောင်က ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ လ၀ကရဲတွေ ပူးပေါင်းပြီး မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား၊ မြန်မာလူမျိုးအများအပြားနေထိုင်တဲ့ ထိုင်းတောင်ပိုင်း ကော့စမွီခရိုင် ကော်စမွီကျွန်း၊ ထိုင်းတောင်ပိုင်း ရနောင်းမြို့တို့မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်မှုအပါအဝင် အမှု ၇ မှုနဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားနှစ်ဦးသေဒဏ်ပေးခံရပြီးနောက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒပြ မယ် ဆိုပါက ထိုင်းတည်ဆဲဥပဒေအရ ဖမ်းဆီးအရေးယူမယ်ဆိုတာ ထိုင်းရဲတပ်ဖွဲ့က ထိုင်းသတင်းဌာန TV 3ကနေ ကြေညာသွားပါတယ်။
“အရေးယူမယ်လို့တော့ စာထုတ်ထားတယ် မဲဆောက်မြို့တွင်းမှာတော့ လုံခြုံရေးတင်းကြပ်တာမရှိပေမယ့် လက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ တော်တော်လိုက်ဖမ်းနေတယ် တချို့ ထိုင်းဆိုင်တွေပိတ်ထားရ တယ်”လို့ မဲ ဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ကိုမျိုးက ပြောပါတယ်။
မည်သည့်နေရာမှာဖြစ်စေ မြန်မာနိုင်ငံသားတွေ ဆန္ဒပြခဲ့ရင်ရဲကို အကြောင်းကြား ဖို့ ထိုင်း ပြည်သူတွေကို နိုးဆော်ထားတဲ့စာတွေကိုလည်း သတင်းမှာ ထည့်သွင်းကြေညာတယ်လို့ အလုပ်သမား ရေးလှုပ် ရှားသူတွေထံက သိရပါတယ်။
မြန်မာနိုင်ငံက ထိုင်းသံရုံးကတော့ မြန်မာနိုင်ငံတွင်းရောက်နေကြတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ မိမိ တို့ထိုင်းနိုင်ငံသားဖြစ်ကြောင်း မြန်မာပြည်သူများ ကြားမှာ ထုတ်ဖေါ်ပြောဆိုခြင်းမပြုကြဖို့နဲ့သက်ဆိုင်ရာ သံရုံးကို အဆက်သွယ်မပြတ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
Author-မေစုကြည်
ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်-တာချီလိတ် တံတား (ဓာတ်ပုံ - springnews )

No comments: