Wednesday, December 9, 2015

တပ်မတော်ကို အခြေကုတ်ယူကာ စစ်ထောက်လှမ်းရေးဟောင်း ဒေါက်ပြုတ် ရဲမိုးမှ စည်းလုံးမှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော် နေဟု ဦးသန်းရွှေမြေး ပြောဆို =====================

တပ်မတော်ကို အခြေကုတ်ယူကာ စစ်ထောက်လှမ်းရေးဟောင်း ဒေါက်ပြုတ် ရဲမိုးမှ စည်းလုံးမှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော် နေဟု ဦးသန်းရွှေမြေး ပြောဆို
======================================
၈..၁၂..၁၅
-
စစ်ထောက်လှမ်းရေးဟောင်း ရဲမိုးရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေတို့ကြား တွေ့ဆုံမှုအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ ဆက်တိုက်ပေါ်
ထွက်လာပြီးနောက်မှာတော့ ဒီတွေ့ဆုံမှုကို ပထမဆုံး စတင်ရေးသားခဲ့သူ ကိုနေရွှေသွေးအောင်က "အခြေအမြစ်မရှိတဲ့ အယူအဆနဲ့ တပ်မတော်ကိုပင် ခြေကုတ်ယူကာ သွေးထိုးလှုံ့ဆော်နေမှုများကို ပြည်သူများက ပါးပါးနပ်နပ် သိရှိနားလည်ရန် လိုအပ်"လို့ ဒီကနေ့ညမှာ ရေးသားလိုက်ပါတယ်။
-
"လက်ရှိဖြစ်စဉ်များအားလုံးဟာ ခေါင်းဆောင်များတိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးဆောင်ရွက်ခဲ့လို့သာ ဒီလိုအခြေအနေ
ရောက်လာတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
-
ခေါင်းဆောင်များကတောင် သွေးထိုးမှုများကိုနားမယောင်ဘဲ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ပူးပေါင်းဆောင်ရွက်နေစဉ်မှာ ဘာမဟုတ်တဲ့သွေးထိုးလှုံ့ဆော်မှုကြောင့် အများပြည်သူ
စိတ်ဝမ်းကွဲနိုင်မယ့်ကိစ္စများကို သတိပြုရှောင်ကြဉ်စေပြီး ပြည်သူများ
အားလုံး သံသယကင်းကင်း၊လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်
နိုင်စေရန်ရည်ရွယ်ရေးသားလိုက်ရပါတယ်"လို့ ဖိုးလပြည့် (ခ) ကိုနေရွှေသွေးအောင်က သူ့ရဲ့ Facebook Page မှာ ရေးသားထားပါတယ်။
-
စစ်ထောက်လှမ်းရေးအရာရှိဟောင်းဦးရဲမိုးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်သူအဖြစ် ဆိုရှယ်
မီဒီယာတွေမှာ လူသိများသူဖြစ်ပြီး ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေဝင်းရဲ့မြေးတွေနဲ့လည်း နီးစပ်သူ၊ အညတရသူရဲကောင်းများဗိမ္မာန်
မှာ ၂နှစ်ဆက်တိုက် ဂုဏ်ပြုအလေးပြုတဲ့ပွဲတွေကို ဆက်တိုက်
ဦးဆောင်လုပ်သူအဖြစ်လည်း လူသိများပါတယ်။
-
ကိုနေရွှေသွေးအောင်က နိုင်ငံရဲ့အရေးပါတဲ့ ခေါင်းဆော်ငတွေကြားမှာ ပူးပေါင်းဆောင်ရွက်ရာမှာ အထစ်အငေါ့ရှိရင်တောင်ပြည်သူတွေက ဖေးမကူညီရမှာဖြစ်ပြီး "တချို့ဟာမရှိတဲ့အပြစ်ကိုပုံကြီးချဲ့ပြောဆိုလျက် လူထုဒေါသမထွက်ထွက်အောင်သွေးထိုးလှုံ့ဆော်နေတာကိုတွေ့နိုင်ပါတယ်။
-
သို့သော်ကံကောင်းတာတစ်ခုက ပြည်သူအများစုဟာ အရင်ကလို
မဟုတ်တော့ဘဲ အဖြစ်မှန်ကိုကောင်းစွာ နားလည်သဘောပေါက်
နေတာပါပဲ"လို့ ရေးသားထားပါတယ်။
==========
Kamayut Media

No comments: