စစ်ထောက်လှမ်းရေးဟောင်း ရဲမိုးမှနေရွှေသွေးအောင်အား onlineမှ ဆက်လက် တိုက်ခိုက်လျက်ရှိ
(ရဲမိုး၏ ဖေ့စ်ဘွတ်မှ)
သမ္မတကြီး အနေဖြင့် ...
မည်သည့် ငွေစက္ကူပေါ်တွင်မှ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိကြောင်း ...
သမ္မတရုံး ညွှန်ကြားရေးမှူး တရားဝင် အတည်ပြုပြောကြား ...
====================================
( အသံဖိုင် အမေးအဖြေအား တင်ပေးခြင်းသာဖြစ်ပြီး ....
သတင်းအပြည့်အစုံအား ...
မနက်ဖြန်ထွက်ရှိမည့် မြန်မာရီဗျူး ဂျာနယ်တွင် ...
ဆက်လက်ဖတ်ရူပါရန် )
ရဲမိုး ။ ဟဲလို ... ကိုဇော်ဌေးပါလား ခင်ဗျာ ။
ကိုဇော်ဌေး ။ ဟုတ်ကဲ့  ... ။
ရဲမိုး ။ အကိုကြီး ကျွန်တော် ရဲမိုးပါ ခင်ဗျ ။
မြန်မာရီဗျူးဂျာနယ်က အယ်ဒီတာပါ ခင်ဗျ ။
ကိုဇော်ဌေး ။ အော် ... ပြော ... ညီလေး ... ပြော .... ။
ရဲမိုး ။ အစ်ကိုကြီးခင်ဗျ ...
သတင်းလေးတစ်ချို့  လူမှုကွန်ယက်စာမျက်နှာမှာ
ပြန့် နှံ့ နေတာနဲ့  ပတ်သက်လို့ 
အကိုကြီးတို့ သမ္မတရုံးကို
အတည်ပြုချက်လေး လှမ်းလုပ်တာပါ ခင်ဗျ ။
ကိုဇော်ဌေး ။ ဘယ်ဟာလဲ မသိဘူး ။
ရဲမိုး ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးသန်းရွှေ နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ 
ဦးသန်းရွှေ နေအိမ်မှာတွေ့ တယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ် ။
အဲဒီတော့ သူ့ မြေးရဲ့  ဖိုးလပြည့်ရဲ့  လူမှုကွန်ယက်စာမျက်နှာကလဲ
ဒါကို ဒီတွေ့ ဆုံတယ်ဆိုတဲ့  သတင်းထုတ်ပြန်ချက်ကို
သမ္မတကြီး လက်မှတ်ထိုးထားတဲ့ ငွေစက္ကူနဲ့ ပေါ့နော်
ပူးတွဲပြီးတော့ ဖော်ပြခဲ့တယ် ခင်ဗျ ။
ပြီးခဲ့တဲ့  တစ်ရက်နှစ်ရက်မှာ ဒီတွေ့ ဆုံမှုကို
အစိုးရဘက်က ဒီသမ္မတကြီးတို့ ရော တပ်ဘက်က တပ်ချုပ်တို့ ရော
သူတို့ ကြိုတင်အကြောင်းကြားထားတယ် ....
သူတို့ သိပြီးသားဆိုတဲ့  သတင်းတွေ
ထပ်ပြီးတော့ ထွက်ပေါ်လာပါတယ် ။
အဲဒီတော့ ကျွန်တော်တို့ မြန်မာရီဗျူးဂျာနယ်က
မနက်ကတော့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ ကို
ဆက်သွယ်ပြီးတော့ ဒီသတင်းကို အတည်ပြုတဲ့ အခါမှာ
တပ်ဘက်က သူတို့ မသိဘူး ။
ကြိုသိမထားဘူးလို့ ငြင်းပါတယ် ခင်ဗျ ။
အဲဒီတော့ အစိုးရအဖွဲ့ ရဲ့ သဘောထားလေး
ဒီဟာနဲ့  ပတ်သက်လို့ များ အတည်ပြုချက်လေး
ကျွန်တော်တို့ လှမ်းပြီးတော့ ယူတာပါ ခင်ဗျ အကိုကြီး ။
ကိုဇော်ဌေး ။ အော် ... အဲဒါနဲ့ ပတ်သက်လို့ 
ပြောရမယ်ဆိုရင်တော့ နှစ်ပိုင်းပေါ့နော်
ခုနက ငွေစက္ကူပေါ်မှာ လက်မှတ်ထိုးတယ်ဆိုတဲ့  အပိုင်း ...
ဒါလဲ သတင်းစာတွေမှာပါတယ် ...
ဖေ့စ်ဘုတ်ပေါ်မှာတွေ့ လို့  မေးကြည့်တယ်ပေါ့နော် ...
မေးကြည့်တော့ သူ သမ္မတကြီးပြောတာကတော့
သူတစ်ခါမှ ငွေစက္ကူငါးထောင်တန်ပေါ်မှာ
လက်မှတ်မထိုးဖူးဘူးလို့ ပြောတယ် ။
ဘာကြောင့် လက်မှတ်မထိုးလဲဆိုတော့
ငွေစက္ကူပေါ်မှာ လက်မှတ်ထိုးရင်
လက်မှတ်ထိုးတာတို့ ကျန်တဲ့  အင်းဆွဲတာတို့ ဘာတို့ 
ကျန်တဲ့ ဟာတွေ လုပ်ရင် ဗဟိုဘဏ်ဥပဒေပုဒ်မ ၉၉ထင်တယ် ....
သူနဲ့  အရေးယူလို့ ရတယ် ။
ထောင် နှစ်နှစ်အထိ ချလို့ ရတယ် ။
နောက် ဒုတိယအချက်က
ခုနကပြောတဲ့  တွေ့ ဆုံမှု နဲ့ ပတ်သက်လို့ ပေါ့နော် ....
တွေ့ ဆုံမှုနဲ့ ပတ်သက်လို့ ပြောရရင်တော့
သမ္မတကြီးလဲ ကြို မသိထားဘူးလို့ ပြောတယ် ။
သူ့ ကို ကြိုတင် အသိပေးထားတာ မရှိဘူးလို့ ပြောတယ် ။
နောက် တတိယအပိုင်းအနေနဲ့ ဖြည့်စွက်ပြောချင်တာကတော့
ဒါကတော့ သူတွေ့ တာကတော့
သူရဲ့ ပုဂ္ဂလိက လွှတ်လပ်ခွင့်ပေါ့နော် ...
သူ့ အနေနဲ့  ဒေါ်စု မကလို့ 
ဘယ်သူနဲ့ ပဲ တွေ့ တွေ့  တွေ့ ပိုင်ခွင့်ရှိတယ် ။
အဲဒါကို အစိုးရအနေနဲ့  ပတ်သက်ခြင်း မရှိဘူးပေါ့နော် ။
ရဲမိုး ။ အော် ... ဟုတ်ကဲ့ ခင်ဗျ ...
အဲဒါဆိုရင် အကိုကြီး ဒါ ကျွန်တော့်အနေနဲ့  ရှင်းရှင်းလင်းလင်းပေါ့နော် ...
သေချာအောင် ထပ်မေးတာ သမ္မတကြီးအနေနဲ့ 
ဒီတွေ့ ဆုံဆွေးနွေးမှု ကို သူတို့ လုံးဝကြိုပြီး သိခဲ့ခြင်း မရှိဘူး ။
နောက်တစ်ချက်က ဖိုးလပြည့် ပူးတွဲဖော်ပြခဲ့တဲ့ 
ငါးထောင်တန်ပေါ်က လက်မှတ်ဟာ
သမ္မတကြီးထိုးထားတာ မဟုတ်ဘူးပေါ့နော် ...
ဒါမှန်ပါသလား ခင်ဗျ ။
ကိုဇော်ဌေး ။ မှန်တယ် ... မှန်တယ် ...
နံပါတ် တစ် တွေ့ တာ မသိဘူး ...
နံပါတ် နှစ် ငါးထောင်တန်ပေါ် လက်မှတ်မထိုးဘူး ...
ရဲမိုး ။ အော် ... ဟုတ်ကဲ့ ပါ ခင်ဗျ ...
အကိုကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ ...
သတင်းကို အတည်ပြုပေးတဲ့ အတွက် ... ။
ကိုဇော်ဌေး ။ ဟုတ်ကဲ့ ခင်ဗျ ... ကျေးဇူးပါ ။
https://www.facebook.com/yemoe.nyogroup/videos/841027412676822/

No comments:
Post a Comment