ကျေးရွာများအနီးတွင် KIA အဖွဲ့မှ မိုင်းများထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသားများ စိုးရိမ် ကြောက်ရွံ့
8 December 2015
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်ဘာမှော်နှင့် နမ့်ကွမ်းတိုက်နယ်သို့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် KIAအဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး မိုင်းများထောင်ထားကြောင်း ဒေသခံရွာသားများထံမှ သိရှိရပါသည်။
အဆိုပါအဖွဲ့သည် အောင်ဘာမှော်မှ နမ့်ကွမ်းတိုက်နယ်သို့ သွားရာလမ်းတစ်လျှောက်တွင် နင်းမိုင်းများ ထောင် ထားကြောင်း ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောကြားသည်။
“မှော်ထဲကို သူတို့အဖွဲ့တွေရောက်လာတယ်၊ မနက် ၇ နာရီကနေ ညနေ ၅ နာရီထိဖြစ်မှာပေါ့ ဝင်/ထွက် ခွင့်ပြု တယ်၊ လမ်းတစ်လျှောက်မှာလည်း မိုင်းတွေထောင်ထားတယ်လို့ ပြောတယ်၊ အလုပ်လုပ်ရတာလည်း အဆင် မပြေတော့ဘူး၊ ဟိုမသွားရ ဒီမသွားရဆိုတော့ ထင်းခွေ၊ ရေခပ်၊ အသီးအရွက်ရှာဖို့လည်း အဆင်မပြေတော့ဘူး” ဟု မှော်တွင်းအလုပ်သမားတစ်ဦးက ပြောသည်။
“ထောင်တာကတော့ အစိုးရတပ်တွေလာနိုင်တဲ့လမ်းကြောင်းကို ထောင်တာဖြစ်မှာပေါ့၊ ဒါပေမယ့် ရွာသားတွေ က အနီးအနားမှာ ထင်းရှာ၊ ရေခပ်နဲ့ ငါးဖမ်းတဲ့အခါမှာ သူတို့ထောင်ထားတဲ့ မိုင်းတွေနင်းမိကုန်တာ၊ ကိုယ့်လူမျိုး ကိုယ် ပြန်သတ်သလိုဖြစ်နေတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။
ယခုလို KIA အဖွဲ့အနေဖြင့် ဒေသခံကျေးရွာများ၊ မှော်တွင်းများအနီးတစ်ဝိုက်တွင် မိုင်းများထောင်ထားမှုကြောင့် ဒေသခံရွာသားများမှာ မကြာခဏမိုင်းနင်းမိ၍ အသက်များဆုံးရှုံးလျက်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးမထိုးခဲ့သော KIA အဖွဲ့ကြောင့် ဒေသခံများ၏ လူနေမှုဘ၀ စိုးရိမ်စရာဖြစ်လာကြောင်း မြစ်ကြီးနားမြို့ခံ ကျောင်းဆရာတစ်ဦး က ပြောကြားသွားသည်။
ဆိုင်းနောင်(ဖားကန့်)
No comments:
Post a Comment