ဖားကန့် ဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်မားနေဆဲဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးမှု ၅၅၀ ကျော် ဖမ်းဆီး အရေးယူခဲ့
ဖားကန့် ဒေသတွင် မူးယစ်ဆေးဝါးများ အလွယ်တကူ ရရှိသဖြင့် သုံးစွဲသူ ဦးရေမှာ လွန်ခဲ့သော နှစ်များစွာကဲ့သို့ပင် မြင့်မားနေဆဲဖြစ်ကာ ၂၀၁၅ ခုနှစ်အတွင်း လက်ရှိအချိန်အထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီး အရေးယူထားသည့် အမှုပေါင်း ၅၅၀ ကျော် ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မူးယစ်ဆေးဝါး သုံးစွဲသူများတွင် ကျောင်းသား လူငယ်များလည်း ပါဝင်နေသည့်အပြင် ဖြန့်ဖြူးရာတွင်လည်း အသုံးချခံများ ဖြစ်နေရကြောင်း သိရသည်။
“ကျောင်းသား လူငယ်တွေ အနေနဲ့ ဟိုအရင်ကတည်းက သုံးစွဲခဲ့ကြတာ ရှိတယ်။ ကျောင်းတွင်းပိုင်း ဖြန့်ဖြူးမှုတွေလည်း ရှိတယ်။ နောက်တစ်ခု မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ အနေနဲ့ ဒီလူငယ်လေးတွေကို အသုံးချတယ်။ သူတို့က သယ်ယူခ သိပ်မပေးရဘူး။ သက်သာတယ်လေ။ မူးယစ်ဆေးဝါးကတော့ ဟိုအရင်တုန်းကလိုပါပဲ။ မလျော့ပါး သွားခဲ့ပါဘူး။ အမှုငါးရာလောက် ဖမ်းမိရင် ငါးထောင်လောက်က လွတ်နေပါသေးတယ်။ ပုံစံ အမျိုးမျိုးနဲ့ ဖြန့်ဖြူးနေကြတယ်” ဟု ဖားကန့်မြို့မှ အငြိမ်းစား ကျောင်းအုပ် ဆရာတစ်ဦးက ဆိုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>>>> http://goo.gl/aqnecb
No comments:
Post a Comment