Saturday, December 26, 2015

ချင်းရွှေဟော်မြို့တွင် ချိန်ကိုက်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူသုံးဦးသေဆုံး

ချင်းရွှေဟော်မြို့တွင် ချိန်ကိုက်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူသုံးဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်မြို့တွင် ယနေ့ (ဒီဇင်ဘာလ ၂၆ ရက်) နံနက်၂ နာရီ ၁၅ မိနစ်အချိန်က ချင်းရွှေဟော် ရဲစခန်းနှင့် မီတာ ၅၀၀ ခန့်အကွာ ကားရပ်နားစခန်းတွင် ချိန်ကိုက်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကျား ၂ ဦး မ ၁ ဦး သေဆုံးခဲ့ပြီး ကျား ၃ ဦး ဒဏ်ရာရှိကြောင်း သတင်းရှိသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ၁၂ ဘီးယာဉ်တစ်စီး မီးလောင်ပျက်စီးသွားပြီး ကုန်တင်ယာဉ် ၅ စီး ခေါင်းပိုင်း ကြေမွပျက်စီးခဲ့ကြောင်း သိရှိရသည်။

■ထွန်းနေလှိုင် (နောင်ပိန်)

No comments: