Sunday, December 6, 2015

မငိုပါဘူး.... ငိုမိတဲ့မျက်ရည်လဲ မသုတ်ချင်ဘူး

မငိုပါဘူး....
ငိုမိတဲ့မျက်ရည်လဲ မသုတ်ချင်ဘူး

အဘရယ် ..
ဘယ်သူတွေ ဘယ်ပါတီ
ဘယ်အစိုးရတက်တက်
ကျွန်တော်ရင်ထဲမှာတော့ ထာဝရမေ့ပျောက်သွားမှာမဟုတ်ပါဘူး။

ပြည်သူတွေကလေ...
အပြောသမားကိုကြိုက်ကြတာဗျာ့
အဘလို .. တကယ်အလုပ်လုပ်တဲ့သူဆို မကြိုက်ကြဘူးလေ။

အနှစ်၆၀လုံးလုံး ယိုစိမ့်နေတဲ့
ဖြစ်ရပ်ဆိုးတွေကို  ၅နှစ်က
မဖာပေးနိုင်ခဲ့ပါဘူး...
ဒါကလည်း တစ်ဖက်က
လွန်ခဲ့တဲ့နှစ်တွေကိုဘဲ
ပြောပြစည်းရုံးသွားလို့လေ။

အဘလို တိုင်းပြည်ပေါ်စေတနာ ထားတန်ဖိုးထားတဲ့ သမ္မတမျိုးကို ကျွန်တော့်ရင်ထဲမှာ ထာဝရဦးခိုက်
ကန်တော့ရင်း.. ဒီမိုကရေစီဖခင်ကြီးအဖြစ် ပြည်သူတွေ ရင်ထဲမှာ
ထာဝရကိန်းအောင်နေမှာပါ
ရိုးသားကြိုးစား ဧရာဝတီတိုင်းသား
သမ္မတကြီးကို  ကျွန်တော်တို့လို့
ဧရာဝတီတိုင်းသားများက
ထာဝရဂုဏ် ယူနေမှာပါ။

                                    
Credit....ကိုရဲထွန်းခိုင်

No comments: