Thursday, December 3, 2015

ရိုဟင်ဂျာဟု ပြောဆိုနေခြင်းကို တားဆီးနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုမည်

ရိုဟင်ဂျာဟု ပြောဆိုနေခြင်းကို တားဆီးနိုင်ရေး
ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုမည်
Thursday, December 3, 2015

ကုလသမဂ္ဂနှင့် နိုင်ငံတချို့ သည် မြန်မာနိုင်ငံတွင် ဝင်ရောက်နေ ထိုင်လျက်ရှိသော ဘင်္ဂါလီလူမျိုးများ အား ရိုဟင်ဂျာလူမျိုးဟု သုံးစွဲနေသည့် အပေါ် တားဆီးမှု ပြုလုပ်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ဥပဒေ ပြဋ္ဌာန်းပေးနိုင်ရန် တောင်းဆိုမှု ပြု လုပ်မည်ဟု သိရသည်။

''ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး လုံးဝမရှိဘူးဆိုတာကို သမ္မတ ဦးသိန်းစိန်က ၂ဝ၁၂ ခုနှစ်ကတည်း က ကုလသမဂ္ဂကို ပြောဆိုထားပြီး ဖြစ် ပါတယ်။ သို့သော်လဲ ကုလသမဂ္ဂ အ ပါအဝင် တချို့နိုင်ငံတွေက အဖွဲ့အ စည်းတွေနဲ့ သတင်းမီဒီယာတွေက ရို ဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဆက် လက် ပြောဆိုရေးသားနေတာကြောင့် ယခုလို တောင်းဆိုရခြင်းဖြစ်ပါတယ်'' ဟု ရခိုင်သဟာယအသင်းဥက္ကဋ္ဌ ဦးလှ မောင်သိန်းက ပြောသည်။

ယင်းကဲ့သို့ ရိုဟင်ဂျာဆိုသည့် စကားလုံးအား သုံးနှုန်းနေသည့်အ တွက် ရခိုင်တိုင်းရင်းသားများက ကုလ သမဂ္ဂအပါအဝင် နိုင်ငံအချို့အား ကန့် ကွက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော် လည်း ထူးခြားမှုမရှိသောကြောင့် နိုဝင် ဘာ ၃ဝ ရက်တွင် ရန်ကုန်မြို့ရှိ ရခိုင် သဟာယအသင်းတွင် ရခိုင်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ကန့်ကွက် မှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုကန့်ကွက်မှုကို ရခိုင်လူမှု ရေး အသင်းအဖွဲ့ကြီးများ အပါအဝင် အဖွဲ့အစည်းပေါင်း ၆ဝ ၏ သဘောတူ ညီချက်ဖြင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောတင်က ပြောသည်။

အဆိုပါ လူမှုအဖွဲ့အစည်းများ က ရိုဟင်ဂျာဟု သုံးစွဲနေသည်ကို တား မြစ်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ် တော်မှ ဥပဒေကဲ့သို့ အာဏာတည် သော အမိန့်တစ်ရပ်ကို ထုတ်ပြန်ပေး ရန်နှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို လုံးဝပြင်ဆင်ခြင်း ဖြည့် စွက်ခြင်းများ မပြုလုပ်ရန် တောင်းဆို ခဲ့သည်။

ယင်းအဖွဲ့များ၏ ကန့်ကွက်မှုနှင့် တောင်းဆိုမှုများကို လွှတ်တော်များ တွင်ပေးပို့ပြီး အဆိုတင်သွင်းသွားမည် ဟု သိရသည်။

Yangon Times Journal

No comments: