Monday, December 7, 2015

အဖော်ကိုသတ်ကာ အမျိုးသမီးအား အကြိမ်ကြိမ်အဓမ္မကျင့်

အဖော်ကိုသတ်ကာ အမျိုးသမီးအား အကြိမ်ကြိမ်အဓမ္မကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် အဖော်ဖြစ်သူအမျိုးသားအားသတ်ကာ အတူလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးအား အကြိမ် ကြိမ် အဓမ္မပြုကျင့်ခဲ့သည့်အတွက် ယခုလ(၄)ရက်နေ့က အမှုဖွင့်တိုင်ကြားထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သောခြောက်ရက်ခန့်က မ…..(၂၇)နှစ် (တမူးမြို့နယ်နေသူ)သည်ညီမ ဖြစ်သူနှင့်အတူ --------ရွာသို့ စပါးရိတ်သွား ရောက်ခဲ့ရာ မရောက်မီ ကံဦးကျေးရွာတွင် တည်းခို ညအိပ်ခဲ့သည်။ နောက်တစ်ရက်တွင် ကံဦးကျေးရွာတွင်းမှာပင် စပါးရိတ်အငှားလိုက် ခဲ့သည်။
၎င်းတည်းခိုရာနေအိမ်သို့ ပြန်အရောက် တွင် အရက်လာသောက်သော လူများအနက် သူငယ်ချင်းဖြစ်သူ ဟောက်ရှင်းပြန်(၂၈)နှစ် နှင့်အတူ ကျေးရွာတောင်ဘက်ရှိ လယ်တောသို့ လိုက်ပါသွားခဲ့ရာ လယ်တောအရောက်တွင် အမည်မသိ အမျိုးသားတစ်ဦးက ဟောက်ရှင်း ပြန်အား ထင်းချောင်းဖြင့် ရိုက်ခဲ့ရာ နေရာမှာ ပင် သေဆုံးခဲ့သည်။
ထို့နောက် အဆိုပါ အမည်မသိ အမျိုး သားက မ…..အား အဓမ္မပြုကျင့်ခဲ့ပြီး၊ ၄င်း နောက်က လိုက်ခဲ့ရန် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့ ကြောင်း၊ လမ်းတစ်လျှောက်တွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း၊ ၄င်းနောက် အမည်မသိလူအလစ်တွင် ထွက်ပြေးလာခဲ့ ရကြောင်း မှုခင်းမှတ်တမ်းများအရ သိရ သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးမြို့ မ ရဲစခန်းတွင် အမှုကြီးအမှတ်စဉ် ၁၇/၂ဝ၁၅ (ပ)၄၄၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၂/၃၇၆/ ၃၆၆ အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://m.facebook.com/mandalayahlindailynewspaper/

No comments: