Tuesday, August 16, 2016

Myanmar Net ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှု ရန်ကုန်တစ်မြို့လုံးရရှိရန် ဆောင်ရွက်မည်ဟုဆို

လက်ရှိတွင် ရန်ကုန်မြို့တွင်းမြို့နယ်အနည်းငယ်သာ စတင်ဝန်ဆောင်မှုပေးလျက်ရှိသည်(ဓာတ်ပုံ−စိုင်းဇော်)
 ကြိုးမဲ့အင်တာနက် (Wifi) ၀န်ဆောင်မှုပေးနေသော Myanmar Net အင်တာနက်သည် ရန်ကုန်တစ်မြို့လုံးတွင် ကွန်ရက် လွှမ်းခြုံနိုင်ရန် လုပ်ဆောင်မည်ဟု ယင်းကုမ္ပဏီ ဒုဥက္ကဋ္ဌဦးမင်းသိမ်းက ပြောသည်။
Myanmar Net အင်တာနက် ကုမ္ပဏီသည် သြဂုတ် ၁၃ ရက် တွင် ပန်းဘဲတန်းမြို့နယ်အတွက် ကွန်ရက်တိုးချဲ့နိုင်ခဲ့ပြီး လက်ရှိ တွင် လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းနှင့် ရန်ကင်းမြို့နယ်၏ အချို့နေရာများ၌ ၎င်းတို့၏၀န်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
‘‘ကျွန်တော်တို့ဝန်ဆောင်မှု ကို ရန်ကုန်တစ်မြို့လုံး လွှမ်းခြုံနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ Myanma Net  ငွေဖြည့်ကတ်တွေ အလွယ်တကူ ၀ယ်လို့ရအောင် အ ရောင်းကိုယ်စားလှယ်တွေလည်း ခန့်အပ်ထားပါတယ်’’ဟု MyanmarNet ဒုတိယဥက္ကဋ္ဌဦးမင်းသိမ်းက ဆိုသည်။

 အထက်ပါ Myanmar Net အင်တာနက်ဝန်ဆောင်မှုကို မိုဘိုင်းဖုန်းတွင် အကောင့်ပြုလုပ် ၍လည်းကောင်း၊ အိမ်သုံးနှင့် လုပ် ငန်း/ရုံးသုံးများအတွက်လည်း ကောင်း၊ ကွန်ရက်ဖြန့်ကြက်ထား သော မြို့နယ်များ၌ အသုံးပြုနိုင် မည်ဖြစ်သည်။
ပြည်တွင်း၌  Broadband အင်တာနက်စနစ် ကျယ်ပြန့်လာ စေရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက လုပ်ဆောင်နေပြီး Myanma Net ၏ အင်တာနက်ဝန် ဆောင်မှုသည် သုံးစွဲသူများအတွက် အမြန်ဆုံးနှင့် ဈေးနှုန်းသက်သာစွာအသုံးပြုနိုင်ရန် ရည်မှန်းထားကြောင်း ဦးမင်းသိမ်းက ပြောသည်။
Myanmar Net ၀န်ဆောင်မှု ကို ၂၀၁၅ ဒီဇင်ဘာက လမ်းမ တော်နှင့် လသာမြို့နယ်များတွင် စတင်မိတ်ဆက်ခဲ့ပြီး ယင်းကုမ္ပဏီ ၌ နည်းပညာကျွမ်းကျင်ပညာရှင် မြန်မာလူငယ် ၃၀၀ ကျော်ခန့် အပ်ထားကြောင်း သတင်းရရှိသည်။

No comments: