Tuesday, August 23, 2016

မန်းစည်ပင် ငါးနှစ်ကောင်လက်ရ ဖမ်းဆီးတရားစွဲဆိုမှုနှင့် facebook ပေါ်မှ ရိုက်ခတ်သံ


 


၂၂-၈-၂၀၁၆ ရက်နေ့ စည်ပင်သာယာ ရဲတပ်ဖွဲ့မှ ကျုံးအတွင်း ငါးမျှားသည့် ထိန်လင်း။ ဇော်ဇော်ထွန်း။ သက်နိုင်ထွေး။ ဇင်ကိုကို။ သန်းရွေတို့(၅)ဦးအား စည်ပင်သာယာ ဥပဒေပုဒ်မ ၁၁၆ အရ စည်ပင် အထူးတရားရုံးသို့ တရားစွဲဆို ခဲ့ပါသည်။

အများပြည်သူတို့ အပန်းဖြေရာနေရာတွင် စိတ်နုလုံးမချမ်း မြေ့ဘွယ် ငါးဖမ်းနေသူများအား ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။


အဆိုပါ သတင်းထုတ်ပြန်ချက်ကို သြဂုတ်လ ၂၂ရက်နေ့က  မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏  https://www.facebook.com/MCDCIT/ facebook စာမျက်နှာတွင် ဖော်ပြထားသည်။


ဒီအမှုကို ဓါတ်ပုံနဲ့ တကွ ဖေါ်ပြခဲ့မှု အပေါ် facebook သုံးစွဲသူ မြန်မာနိုင်ငံသားတွေကတော့ အပြင်းအထန် ဝေဖန်နေတာ တွေ့ ရပါတယ်။ 

မန်စည်ပင်ရဲ့ ပို့ စ်ကို မှတ်ချက်ပြုသူတစ်ဦးကတော့---

Mg Zaw Zaw စည်ပင် ဥပဒေအရ ဖမ်းဆီးတယ်.. ဒဏ်ပေးတာ မှန်ပါတယ်...ဒီဘာမဟုတ်တဲ့ ပုဒ်မလေးကို ... ခုလို ဓါတ်ပုံတွေနဲ့ တကွ MCDC page မှာ ပို့စ်တင်တာတော့.... MCDC ဌာနတစ်ခုလုံးမှာ ဒီထက် အရေးပါတဲ့၊ ကြီးမားတဲ့ အလုပ်ကို မလုပ်တာ မရှိတာလား... ဒီလူတွေရဲ့ အပစ်ကရော နံမည်၊ ဓါတ်ပုံနဲ့ တကွတင်ပြီး လူထု ကို အသိပေးရလောက်အောင် ကြီးမားနေလို့လား... စိတ်ထဲဖြစ်တာ တဝက်ပြောရရင်တော့ တော်တော်ကို အသုံးမကျတဲ့ လူတွေမှို့ ဒီလိုသတင်းကို ဒီလိုနေရာမှာ ပို့စ်တင်တယ်... နောင်ပြုပြင်နိုင်ပါစေ...
လို့  အကြံပြုထားပါတယ်။

No comments: