မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ တောင်ပြုံးဆုတောင်း ပြည့်၊ ဆုတောင်းရမြတ်စွာဘုရား ပွဲတော်နှင့် တောင်ပြုံးအရှင် နှစ်ပါးပွဲတော်ကို သြဂုတ် ၁၁ ရက်မှ ၁၈ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပတော့မည် ဖြစ်ကြောင်း သိရသည်။
တောင်ပြုံးပွဲတော်ကြီးကို မြန်မာပြည်အနှံအပြားမှ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် လာရောက်ကြသဖြင့် အထက်မြန်မာပြည်တွင် အစည်ကားဆုံး ပွဲတော်ဖြစ်သည်နှင့်အညီ ဒေသထွက် လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်းများ ရောင်းချကြမည့် ဆိုင်ခန်းများနှင့် အတူ ဖျော်ဖြေရေး ဇာတ်ရုံကြီးများကလည်း အားဖြည့်ဝန်းရံထားသဖြင့် နှစ်စဉ်တိုးမပေါက်အောင် စည်ကားလျက်ရှိသော ပွဲတော်ကြီးဖြစ်သည်။
''တောင်ပြုံးပွဲ တော်ကို မန္တလေးမြို့သစ်ကနေ လာရောက် ဈေးရောင်းတာပါ။ ပွဲတော်မစခင်ကတည်းက စည်ကားနေတာ၊ ပွဲတော်ပြီးသွားတဲ့ ရက်တောင် လူကမပြတ်သေးဘူး။ ဈေးလည်းရောင်း ကောင်းတယ်။ ပျော်လည်းပျော်ပါတယ်''ဟု ဈေးရောင်းချသူ တစ်ဦးကပြောသည်။
အဆိုပါ တောင်ပြုံးပွဲတော်ကြီးအား နှစ်ပေါင်းကြာမြင့်စွာ နှစ်စဉ်ကျင်းပလာခဲ့သော်လည်း ပွဲတော်သို့ သွားလာသည့်လမ်းများမှာ ကောင်းမွန်မှုမ ရှိသောကြောင့် အခက်အခဲများစွာဖြင့် သွားလာနေရကြောင်း သိရသည်။
MOI
The Ladies News
No comments:
Post a Comment