Saturday, August 6, 2016

ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်ပွား၍ ဒေသခံတစ်ထောင်ကျော် ပိတ်မိနေ



 ဖားကန့်မြို့နယ် ရှဒူ ဇွတ်ကျေးရွာအနီးတွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားသည့်အတွက် အနီးတစ်ဝိုက်ရှိ ခေါင်ဆိုင်နှင့် အောင်လျဲန်ကျေးရွာများ၌ ဒေသခံများနှင့် ရွှေ လုပ်ငန်း လာရောက်လုပ်ကိုင်သူ ဦးရေတစ်ထောင်ကျော် ပိတ်မိနေ ကြောင်း သတင်းရရှိသည်။

ထိုဒေသတွင် တပ်မတော် နှင့် ကေအိုင်အေတို့ကြား သြဂုတ်  ၃ ရက်မှစကာ တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်သည်။

ပိတ်မိနေသည့် ပြည်သူများ ကို သွားရောက်ခေါ်ဆောင်နိုင်ရန်ရှဒူဇွတ်ကျေးရွာ လူကြီးများ၊ ဘာသာရေးဆရာများနှင့် ရပ်မိရပ်ဖများက တပ်မတော်နှင့် ကေအိုင်အေကို ညှိနှိုင်းနေကြောင်း သွားရောက်ခေါ်ဆောင်ရန် ဆောင်ရွက်နေသည့် ဒေသခံတစ်ဦးကပြောသည်။

‘‘တိုက်ပွဲဖြစ်တော့ အကုန် လုံး ထွက်ပြေးသွားကြတယ်။ သူ တို့က အခု ဘုရားကျောင်း၊ ဗုဒ္ဓ ဘာသာကျောင်းမှာ နေကြတယ်။ နှစ်ရွာပေါင်းရင် တစ်ထောင်ဝန်း ကျင်လောက်ရှိတယ်။ အစားအ သောက်လည်း အခက်အခဲရှိ တယ်။ သူတို့ကို လုံခြုံတဲ့နေရာကို ခေါ်ဖို့တော့ ပြင်ဆင်နေတယ်။ တပ်မတော်နဲ့ ကေအိုင်အေ နှစ်ဖွဲ့ စလုံးနဲ့ ညှိနှိုင်းနေတယ်’’ဟု ဒေသ ခံတစ်ဦးကပြောသည်။

‘‘တိုက်ပွဲတွေတော့ ဆက် ဖြစ်နေတာပဲ။ တပ်ဘက်ကလည်း အင်အားတိုးနေဆဲပဲ။ ဒုက္ခသည် တွေလည်း ပိတ်မိနေဆဲပဲ’’ဟု ရှဒူဇွတ်ကျေးရွာ ဒီချုပ်ပြန်ကြားရေး တာဝန်ခံ ဦးဇော်မျိုးသိန်းက သြ ဂုတ် ၅ ရက် ညနေပိုင်း၌ ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ မှ အဆင့်မြင့်အရာရှိတစ်ဦးက တပ်မတော်က နယ်မြေရှင်းလင်း ရေးလုပ်သဖြင့် တရားမ၀င် ရွှေတူးဖော်သူများ ထွက်ပြေးတိမ်းရှောင်မှုများရှိသည်ဟု ကြားသိရ ကြောင်း ပြောသည်။

ကချင်ပြည်နယ်ရှိ ဒွန်ဘန်ရှဒူဇွတ်နယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် တရားမ၀င် တူးဖော်လျက်ရှိသည့်  ရွှေဖောင်များ၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားများ သိမ်းဆည်းရမိပြီး  တရားမ၀င် ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံ သား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ ကြောင်း သြဂုတ် ၄ ရက်၌ တပ်မ တော်က သတင်းထုတ်ပြန်သည်။

 ထိုသို့ တပ်မတော်စစ် ကြောင်းများက နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်နေစဉ် သြ ဂုတ် ၃ ရက် နံနက်တွင် ရှဒူဇွတ် ကျေးရွာ၏ အနောက်မြောက် ဘက် ၅ မိုင်ခန့်အကွာ တရားမ၀င် ရွှေတူးဖော်မှုများ ပြုလုပ်နေသည့် အနီးဝန်းကျင်၌ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့မှ အင်အား ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲနှစ် ကြိမ်၊ အင်အား ၅၀ ဦးခန့်နှင့် ထိ တွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ ကြောင်း၊ တပ်မတော်စစ်ကြောင်း များ၏ ပြန်လည်တိုက်ခိုက်မှုများ ကြောင့် ကေအိုင်အေလက်နက် ကိုင်အဖွဲ့ထံမှ လက်ပစ်ဗုံးများနှင့် အမ်-၂၂ကျည်များ သိမ်းဆည်းရ မိပြီး ကေအိုင်အေဘက်က ပြန်လည်ဆုတ်ခွာသွားကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

No comments: