Saturday, August 6, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌နိုင်ငံသားအဖြစ် လိမ်လည်လျှောက်ထားမှုများရှိနေပြီး ယင်းတို့ကို နိုင်ငံသားသတ်မှတ်မှုဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တိတိကျကျဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ကိုးကန့်ဒေသတွင်း ဒေသခံများနှင့်ဘာသာစကား၊ ရုပ်သွင်ပြင် တူညီနေသောတစ်ဖက်နိုင်ငံသားများက ကိုးကန့်တိုင်းရင်းသားအဖြစ် မဟုတ်မမှန်ဖော်ပြပြီး နိုင်ငံသားလျှောက်ထားမှုများရှိနေသဖြင့် ယင်းအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း တိတိကျကျဆောင်ရွက်နေပြီး ဖြေလျှော့ဆောင်ရွက်သွားရန် မရှိကြောင်း ၄င်းကပြောသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီက သြဂုတ် ၃ ရက်၌ ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ ကိုးကန့်တိုင်းရင်းသားများ အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်မှုလုပ်ငန်းတွင် ဖြေလျှော့ပေးရန် အစီအစဉ်ရှိ မရှိမေးမြန်းခဲ့ခြင်းအပေါ် ဝန်ကြီးက ယခုလို တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားနည်းတူအခွင့်အရေး ရရှိသင့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ရာ၌ ဖြေလျှော့မှုများ ရှိပါက ကိုးကန့်တိုင်းရင်းသားများကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးနိုင်ရန် မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်နီက ပြောသည်။
ရုံးလက်ခံ အိမ်ထောင်စုစာရင်းများအရအသက် ၁ဝ နှစ်အထက် ကိုးကန့်လူမျိုး
စုစုပေါင်း ၂၈၃,၄၃၁ ဦးရှိကာ ယင်းအနက် ၉၁,၇၃၃ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားပြီး ၁ဝ၄ ဦးကို ဧည့်နို င်ငံသားလက်မှတ်ထုတ်ပေးထားကြောင်း၊ နိုင်ငံသားပြုခွင့် ရသူ ၁၃၅ ဦးရှိကြောင်း၊ ၇၅,၄၆၅ ဦးကို အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြား ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ခံမည့်သူ ၅,၂၄၅ဦးရှိထားကြောင်း ပြောသည်။
The Myanmar Times
No comments:
Post a Comment