အစိုးရသစ်ဖွဲ့စည်းပြီး ငါးလခွဲအကြာတွင် အထူးစီးပွား ရေးဇုန်များ
စီမံခန့်ခွဲရန် မြန်မာအ ထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့်
ဗဟိုလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သြဂုတ်
၁၅ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဗဟိုအဖွဲ့တွင် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူကဥက္ကဋ္ဌ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးဝန်ကြီးဌာန၀န်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ အခြားပြည်ထောင်စုအဆင့် ၀န်ကြီး ၁၀ ဦး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များဖြင့် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ထုတ်ပြန်ကြေညာခဲ့သည်။
ဗဟိုအဖွဲ့ကို အထောက်အ ကူပြုမည့် ဗဟိုလုပ်ငန်းအဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ၀န်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားပြီး ဒုဝန်ကြီး သုံးဦး၊ ဒုရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် ခုနစ်ဦးနှင့် ညွှန်ကြားရေးမှူးချုပ်သုံးဦးတို့ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
အဆိုပါဗဟိုအဖွဲ့သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ အရ အထူးစီးပွားရေးဇုန်များအ တွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာ ရေးတို့ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ အထူးစီးပွားရေးဇုန်တည်ထောင်ရန် အဆိုပြုချက်၊ နေရာ၊ နယ်မြေဧရိယာအကျယ် အ၀န်းနှင့် နယ်နိမိတ်ပိုင်းခြား သတ်မှတ်ချက်တို့ကို စုစည်းရယူ ပြီး ဗဟိုအစိုးရထံသို့ တင်ပြရမည် ဖြစ်သည်။
ထို့အပြင် အဆိုပါ ဗဟိုအဖွဲ့ သည် ဗဟိုလုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်း ပြီး စီမံကိန်းအစီအစဉ်များ ချ မှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း တို့ ပြုလုပ်ရမည်ဖြစ်သည်။ ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ သတ်မှတ်ခြင်းနှင့် လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုခြင်းတို့ ဆောင် ရွက်ရမည်ဖြစ်သည်။ ယင်းအပြင် အဆိုပါဗဟိုအဖွဲ့သည် အထူးစီး ပွားရေးဇုန်အတွင်း သုံးစွဲရမည့် ငွေကြေးအမျိုးအစားသတ်မှတ် ခြင်း၊ အခွန်အခများ၊ မြေငှားရမ်း ခနှင့် မြေအသုံးပြုခများ ကင်းလွတ် ခွင့်နှင့် သက်သာခွင့်များ ပေးခြင်း တို့ကိုလည်း ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။
ဗဟိုလုပ်ငန်းအဖွဲ့သည် စီမံ ခန့်ခွဲမှုကော်မတီနှင့် ရင်းနှီးမြှုပ်နှံ သူက တင်ပြလာသည့် အထူးစီး ပွားရေးဇုန် တည်ဆောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဆိုပြု ချက်များ၊ အထူးဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများ စိစစ်ခြင်းတို့ ပြု လုပ်ရမည်ဖြစ်သည်။ ထိုစိစစ် ချက်ကို ဗဟိုအဖွဲ့သို့ တင်ပြရမည် ဟု နိုင်ငံတော်သမ္မတက တာဝန် ပေးထားသည်။
ထို့အပြင် အထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဥပဒေဆိုင်ရာများ နှင့် အခြားကိစ္စရပ်များကို စိစစ်၍ အကြံပြုတင်ပြရမည်ဖြစ်သည်။
‘‘ဥပဒေအရ မဖြစ်မနေဖွဲ့ရ မယ့် အဖွဲ့တွေပါ။ ဒီအဖွဲ့တွေမရှိ တော့ ဆက်သွယ်ဖို့ လမ်းကြောင်း တွေ ပျောက်နေတာပါ။ ဒါကြောင့် ကော်မတီဥက္ကဋ္ဌက အရေးကြီးတဲ့ အဖွဲ့တွေ ဖွဲ့ဖို့ အကြံပြုခဲ့တာပါ’’ ဟု ကျောက်ဖြူ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲရေးကော်မတီ အ တွင်းရေးမှူး ဦးအောင်ကျော်သန်း က ပြောသည်။
အဆိုပါအဖွဲ့အစည်းများမ ရှိသဖြင့် လုပ်ငန်းဆက်လက် လုပ် ကိုင်ရန် ကြားကာလအတွင်း အ ခက်အခဲများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိစီမံခန့်ခွဲရေးကော်မ တီသည် လုပ်ကိုင်နိုင်သည်များကို ဆောင်ရွက်နေပြီး အစိုးရသစ်ညွှန်ကြားချက်ကို စောင့်နေသည်ဟု ဦးဟံစိန်က ပြောသည်။
လက်ရှိတွင် အထူးစီးပွား ရေးဇုန်သုံးခု အကောင်အထည် ဖော်နေပြီး ယင်းတို့အနက် သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စီးပွားဖြစ် လည်ပတ်နေပြီး ထားဝယ်အထူး စီးပွားရေးဇုန်မှာ တည်ထောင်မှု လုပ်ငန်း စတင်လုပ်နေသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် မှာ တင်ဒါအောင်မြင်ထားသည့် အဆင့်သာရှိသည်။

No comments:
Post a Comment